တာခ်ီလိတ္ၿမိဳ႕တြင္ သံလ်င္သဘာဝတရားရိပ္သာ ဆရာေတာ္၏ တရားပြဲက်င္းပၿပီး ဆြမ္းဆန္စိမ္းအလွဴခံ ၾကြမည္

တာခ်ီလိတ္ၿမိဳ႕တြင္ သံလ်င္သဘာဝတရားရိပ္သာ ဆရာေတာ္၏ တရားပြဲက်င္းပၿပီး ဆြမ္းဆန္စိမ္းအလွဴခံ ၾကြမည္
နိုဝင်ဘာ 27, 2018
By 🌸
တာခ်ီလိတ္ၿမိဳ႕တြင္ သံလ်င္သဘာဝတရားရိပ္သာ ဆရာေတာ္၏ တရားပြဲက်င္းပၿပီး ဆြမ္းဆန္စိမ္းအလွဴခံ ၾကြမည္
**********
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရိပ္သာ၌ ႏိုဝင္ဘာလ (၂၈)ရက္ေန႔  ည (၈) နာရီတြင္ သံလ်င္သဘာဝတရားရိပ္သာ ဆရာေတာ္ ဦးဥတၱမသာရက တရားေဟာၾကားေတာ္မူမည္ျဖစ္ၿပီး ႏိုဝင္ဘာလ(၂၉)ရက္ေန႔ နံနက္(၇)နာရီတြင္ သံဃာေတာ္၊ သီလရွင္စုစုေပါင္း အပါး(၅၀)ျဖင့္ ဗိုလ္ခ်ဳပ္လမ္းမတေလွ်ာက္ ဆြမ္းဆန္စိမ္းအလွဴ ၾကြေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္ႏွင့္ သံဃာ၊ သီလရွင္မ်ားသည္ ၂၀၁၈ ခုနွစ္၊ ႏိုဝင္ဘာလ (၂၉)ရက္ေန႔ နံနက္(၇)နာရီတြင္ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၂)မွစတင္၍ ဗိုလ္ခ်ဳပ္လမ္းမႀကီးတေလွ်ာက္ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)အထိ  ဆြမ္းဆန္စိမ္းအလွဴခံၾကြေရာက္မည္ျဖစ္ေၾကာင္းသိရသည္။

ဆရာေတာ္သည္ တရားရိပ္သာမ်ား၊ တရားေဆး႐ုံမ်ား၊ကုသိုလ္ဘဏ္မ်ား၊ သဘာဝေဘးမဲ့ေတာမ်ား၊ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား၊ မိဘမဲ့ကေလးေစာင့္ေ႐ွာက္ျခင္းလုပ္ငန္းမ်ားကို ဦးစီးတည္ေထာင္ေသာ ျပည္တြင္း ျပည္ပ သဘာဝတရားရိပ္သာမ်ား၏ ဦးစီးပဓာန နာယကဆရာေတာ္တစ္ပါးျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -သဘာဝတရားရိပ္သာ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် သံလျင်သဘာဝတရားရိပ်သာ ဆရာတော်၏ တရားပွဲကျင်းပပြီး ဆွမ်းဆန်စိမ်းအလှူခံ ကြွမည်
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရိပ်သာ၌ နိုဝင်ဘာလ (၂၈)ရက်နေ့  ည (၈) နာရီတွင် သံလျင်သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရက တရားဟောကြားတော်မူမည်ဖြစ်ပြီး နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်(၇)နာရီတွင် သံဃာတော်၊ သီလရှင်စုစုပေါင်း အပါး(၅၀)ဖြင့် ဗိုလ်ချုပ်လမ်းမတလျှောက် ဆွမ်းဆန်စိမ်းအလှူ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်နှင့် သံဃာ၊ သီလရှင်များသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်(၇)နာရီတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှစတင်၍ ဗိုလ်ချုပ်လမ်းမကြီးတလျှောက် ချစ်ကြည်ရေးတံတားအမှတ်(၁)အထိ  ဆွမ်းဆန်စိမ်းအလှူခံကြွရောက်မည်ဖြစ်ကြောင်းသိရသည်။

ဆရာတော်သည် တရားရိပ်သာများ၊ တရားဆေးရုံများ၊ကုသိုလ်ဘဏ်များ၊ သဘာဝဘေးမဲ့တောများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ကလေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဦးစီးတည်ထောင်သော ပြည်တွင်း ပြည်ပ သဘာဝတရားရိပ်သာများ၏ ဦးစီးပဓာန နာယကဆရာတော်တစ်ပါးဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -သဘာဝတရားရိပ်သာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~