ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ ၿမိဳ႕ေပါင္း (၂၇)ၿမိဳ႕မွ လူထုသေဘာထားရယူသည့္ ၿငိမ္းခ်မ္းေရးသေဘၤာ မေကြးၿမိဳ႕သို႔ ဆုိက္ကပ္

ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ ၿမိဳ႕ေပါင္း (၂၇)ၿမိဳ႕မွ လူထုသေဘာထားရယူသည့္ ၿငိမ္းခ်မ္းေရးသေဘၤာ မေကြးၿမိဳ႕သို႔ ဆုိက္ကပ္
နိုဝင်ဘာ 24, 2018
By 🌸
ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ ၿမိဳ႕ပါင္း (၂၇)ၿမိဳ႕တြင္ဆိုက္ကပ္ၿပီး ၿငိမ္းခ်မ္းေရးနွင့္ပတ္သက္သည့္ လူထုသေဘာထားရယူမည့္ ၿငိမ္းခ်မ္းေရးသေဘၤာသည္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၄)ရက္ေန႔ နံနက္ပိုင္း၌ (၁၀)ခုေျမာက္ၿမိဳ႕အျဖစ္ မေကြးၿမိဳ႕သို႔ ဆိုက္ေရာက္လာေၾကာင္း သိရသည္။

“လက္ရွိျပည္ေထာင္စုမွာ အေရးတႀကီးျဖစ္ေပၚေနတဲ့ ျပည္တြင္းစစ္ပြဲေတြ အျမန္ဆံုးရပ္နားေပးဖုိ႔၊ တန္႔ရပ္ေနတဲ့ ျပည္ေထာင္စုၿငိ္မ္းခ်မ္းေရးႀကီး ဆက္လက္ၿပီး ေရွ႕ကုိေရြ႕ေအာင္ ထာဝရတည္တ့့့့ံခုိင္ၿမဲတဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႀကီး ေပၚေပါက္လာေစေရးအတြက္ ျပည္သူလူထုေတြရဲ႕ဆႏၵနဲ႔အသံရယူၿပီး ၿငိမ္းခ်မ္းေရးညီလာခံမွာ တြန္းအားေပးနုိင္ေရး ေဆာင္ရြက္သြားၾကဖို႔အတြက္ ဒီခရီးစဥ္ကို စတုတၳအႀကိမ္ေျမာက္ခရီးစဥ္အျဖစ္ ေဖာ္ေဆာင္တာပါ”ဟု မီဒီယာ ႏွင့္ျပန္ၾကားေရးတာဝန္ခံ ဥပေဒအၾကံေပး ဦးခင္ေမာင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿငိမ္းခ်မ္းေရးတြဲလက္မ်ား ျမစ္ဧရာမွထပ္ဆင့္ပြားအစီအစဥ္ျဖင့္  မႏၱေလးၿမိဳ႕မွ ရန္ကုန္ၿမိဳ႕အထိ ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ၿမိဳ႕ေပါင္း(၂၇)ၿမိဳ႕တြင္ ဆုိက္ကပ္မည့္ အဆိုပါသေဘၤာခရီးစဥ္သည္ ႏိုဝင္ဘာ(၂၅)ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဇာတိေျမ နတ္ေမာက္ၿမိဳ႕သို႔ ဆုိက္ကပ္ၿပီး  ၿငိမ္းခ်မ္းေရး ဂီတပဲြေတာ္ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သေဘာၤာခရီးစဥ္တေလွ်ာက္ ၿမိဳ႕ေပါင္း (၂၇)ၿမိဳ႕မွ လူထု၏  ၿငိမ္းခ်မ္းေရးဆႏၵျပဳလက္မွတ္မ်ားႏွင့္ ျပည္သူလူထု၏ ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္သည့္ သေဘာထားမ်ားကို အနီးဆံုး ၿငိမ္းခ်မ္းေရးညီလာခံတြင္ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

သေဘၤာခရီးစဥ္ဆုိက္ကပ္သည့္ၿမိဳ႕မ်ားတြင္ ၿငိမ္းခ်မ္းေရးနွင့္ပတ္သက္သည့္ သေဘာထားရယူျခင္း၊ ေဒသခံျပည္သူမ်ား၊ ေက်ာင္းသူ/ ေက်ာင္းသားမ်ားႏွင့္ ၿငိမ္းခ်မ္းေရးစကားဝိုင္းမ်ား ျပဳလုပ္ျခင္း၊ ၿငိမ္းခ်မ္းေရးဂီတပဲြေတာ္မ်ားက်င္းပျခင္းမ်ား လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿငိမ္းခ်မ္းေရးသေဘာၤတြင္ ခဝဲၿခံမ်က္မျမင္ေက်ာင္း၊ ျမစ္ႀကီးနားမ်က္မျမင္ေက်ာင္း၊ သံုးေရာင္ျခယ္လူမႈအက်ိဳးျပဳ ျပည္သူ႔ကြန္ရက္၊ တုိင္းရင္းသားမ်ားထဲမွ ရခို္င္မ်ိဳးႏြယ္စုဝင္ မာရမႀကီးတုိင္းရင္းသားအဖြဲ႔၊ သက္ဆုိင္ရာ ၿမိဳ႕ရြာအသီးသီးမွ လိုက္ပါပူးေပါင္းသည့္ ၈၈ ၿငိမ္းခ်မ္းေရးနွင့္ ပြင့္လင္းလူ႔အဖြဲ႔အစည္း၊ စာေပပညာရွင္မ်ားႏွင့္ ဂီတအနုပညာရွင္မ်ားလိုက္ပါလာေၾကာင္း သိရသည္။

ယခုခရီးစဥ္္မွာ စတုတၳအႀကိမ္ေျမာက္ မႏၱေလး - ရန္ကုန္ (၂၈)ရက္ခရီးစဥ္ျဖစ္ၿပီး ပထမအႀကိမ္ ျမစ္ႀကီးနား- ေနျပည္ေတာ္ တစ္လခရီး၊ ဒုတိယအႀကိမ္ ရွမ္းျပည္ေျမာက္ပုိင္း- ေနျပည္ေတာ္ တစ္လခရီး၊ တတိယအႀကိမ္ ေကာ့ေသာင္း- ရန္ကုန္ တစ္လခရီး ၿငိမ္းခ်မ္းေရးခရီးစဥ္မ်ားေဖာ္ေဆာင္ခဲ့ကာ မိမိတို႔ေဒသတြင္ ၿငိမ္းခ်မ္းေနေသာ္လည္း မၿငိမ္းခ်မ္းဘဲ စစ္ေဘးဒဏ္ခံစားေနရေသာေနရာေဒသမ်ား ရွိေနသည္ကို အသိေပးနႈိးေဆာ္ျခင္းျဖစ္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ ပူးေပါင္းပါဝင္လာေစရန္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြို့ပေါင်း (၂၇)မြို့မှ လူထုသဘောထားရယူသည့် ငြိမ်းချမ်းရေးသင်္ဘော မကွေးမြို့သို့ ဆိုက်ကပ်

************
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြို့ပါင်း (၂၇)မြို့တွင်ဆိုက်ကပ်ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် လူထုသဘောထားရယူမည့် ငြိမ်းချမ်းရေးသင်္ဘောသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်း၌ (၁၀)ခုမြောက်မြို့အဖြစ် မကွေးမြို့သို့ ဆိုက်ရောက်လာကြောင်း သိရသည်။

“လက်ရှိပြည်ထောင်စုမှာ အရေးတကြီးဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေ အမြန်ဆုံးရပ်နားပေးဖို့၊ တန့်ရပ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကြီး ဆက်လက်ပြီး ရှေ့ကိုရွေ့အောင် ထာဝရတည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ပေါ်ပေါက်လာစေရေးအတွက် ပြည်သူလူထုတွေရဲ့ဆန္ဒနဲ့အသံရယူပြီး ငြိမ်းချမ်းရေးညီလာခံမှာ တွန်းအားပေးနိုင်ရေး ဆောင်ရွက်သွားကြဖို့အတွက် ဒီခရီးစဉ်ကို စတုတ္ထအကြိမ်မြောက်ခရီးစဉ်အဖြစ် ဖော်ဆောင်တာပါ”ဟု မီဒီယာ နှင့်ပြန်ကြားရေးတာဝန်ခံ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှထပ်ဆင့်ပွားအစီအစဉ်ဖြင့်  မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့ပေါင်း(၂၇)မြို့တွင် ဆိုက်ကပ်မည့် အဆိုပါသင်္ဘောခရီးစဉ်သည် နိုဝင်ဘာ(၂၅)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြေ နတ်မောက်မြို့သို့ ဆိုက်ကပ်ပြီး  ငြိမ်းချမ်းရေး ဂီတပွဲတော်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောၤာခရီးစဉ်တလျှောက် မြို့ပေါင်း (၂၇)မြို့မှ လူထု၏  ငြိမ်းချမ်းရေးဆန္ဒပြုလက်မှတ်များနှင့် ပြည်သူလူထု၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် သဘောထားများကို အနီးဆုံး ငြိမ်းချမ်းရေးညီလာခံတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ဘောခရီးစဉ်ဆိုက်ကပ်သည့်မြို့များတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် သဘောထားရယူခြင်း၊ ဒေသခံပြည်သူများ၊ ကျောင်းသူ/ ကျောင်းသားများနှင့် ငြိမ်းချမ်းရေးစကားဝိုင်းများ ပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးဂီတပွဲတော်များကျင်းပခြင်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးသဘောၤတွင် ခဝဲခြံမျက်မမြင်ကျောင်း၊ မြစ်ကြီးနားမျက်မမြင်ကျောင်း၊ သုံးရောင်ခြယ်လူမှုအကျိုးပြု ပြည်သူ့ကွန်ရက်၊ တိုင်းရင်းသားများထဲမှ ရခိုင်မျိုးနွယ်စုဝင် မာရမကြီးတိုင်းရင်းသားအဖွဲ့၊ သက်ဆိုင်ရာ မြို့ရွာအသီးသီးမှ လိုက်ပါပူးပေါင်းသည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ စာပေပညာရှင်များနှင့် ဂီတအနုပညာရှင်များလိုက်ပါလာကြောင်း သိရသည်။

ယခုခရီးစဉ်မှာ စတုတ္ထအကြိမ်မြောက် မန္တလေး - ရန်ကုန် (၂၈)ရက်ခရီးစဉ်ဖြစ်ပြီး ပထမအကြိမ် မြစ်ကြီးနား- နေပြည်တော် တစ်လခရီး၊ ဒုတိယအကြိမ် ရှမ်းပြည်မြောက်ပိုင်း- နေပြည်တော် တစ်လခရီး၊ တတိယအကြိမ် ကော့သောင်း- ရန်ကုန် တစ်လခရီး ငြိမ်းချမ်းရေးခရီးစဉ်များဖော်ဆောင်ခဲ့ကာ မိမိတို့ဒေသတွင် ငြိမ်းချမ်းနေသော်လည်း မငြိမ်းချမ်းဘဲ စစ်ဘေးဒဏ်ခံစားနေရသောနေရာဒေသများ ရှိနေသည်ကို အသိပေးနှိုးဆော်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~