က်ိဳင္းတံုၿမိဳ႕ရွိ ေနာင္တံုကန္အတြင္း ငါးဖမ္းလုပ္ငန္းအတြက္ လိုင္စင္တင္ဒါ (၃)ႀကိမ္အထိ ေလွ်ာက္ထားသူမရိွ၍ အျခားနည္းျဖင့္ ဒီဇင္ဘာလ(၇)ရက္ေန႔တြင္ ေရာင္းခ်မည္

က်ိဳင္းတံုၿမိဳ႕ရွိ ေနာင္တံုကန္အတြင္း ငါးဖမ္းလုပ္ငန္းအတြက္ လိုင္စင္တင္ဒါ (၃)ႀကိမ္အထိ ေလွ်ာက္ထားသူမရိွ၍ အျခားနည္းျဖင့္ ဒီဇင္ဘာလ(၇)ရက္ေန႔တြင္ ေရာင္းခ်မည္
နိုဝင်ဘာ 24, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ ေနာင္တုံကန္ငါးဖမ္းလုပ္ငန္းလိုင္စင္ကို ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီက တင္ဒါ (၃)ႀကိမ္ေခၚယူၿပီးသည္အထိ ေလွ်ာက္ထားသူ မရိွသျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၇)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အစည္းအေဝးခန္းမ၌ အျခားနည္းစနစ္ျဖင့္ စိစစ္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တုိ႔ တင္ဒါ (၃)ႀကိမ္အထိ ေခၚယူၿပီးတဲ့အထိ ေလွ်ာက္ထားသူ မရိွတဲ့အတြက္ အျခားနည္းနဲ႔ ေရာင္းခ်သြားမွာပါ”ဟု က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ငါးဖမ္းလုပ္ငန္းလုပ္ကိုင္ခြင့္တင္ဒါကို ပထမအႀကိမ္အျဖစ္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉) ရက္ေန႔၊ ဒုတိယအႀကိမ္ႏွင့္ တတိယအႀကိမ္တို႔ကို ႏိုဝင္ဘာလအတြင္း ေခၚယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ၂၀၁၈ - ၂၀၁၉ ဘ႑ာေရးႏွစ္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၁)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၃၀)ရက္ေန႔အထိ အရပ္ရပ္ အခြင့္အေရး လိုင္စင္ကို တင္ဒါေခၚယူခဲ့ျခင္းျဖစ္သည္။

ေနာင္တံုကန္ငါးဖမ္းျခင္း လုပ္ငန္းလုိင္စင္ခ်ထားေပးျခင္းကို ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အထိ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ခြင့္ျပဳေပးေနခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ စည္ပင္သာယာေရး ဌာနသို႔ လႊဲေျပာင္းေပးခဲ့ျဖစ္ေသာ္လည္း ငါးဖမ္းလုပ္ငန္းလုိင္စင္ကို ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္တြင္ စတင္ေခၚယူလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နောင်တုံကန်ငါးဖမ်းလုပ်ငန်းလိုင်စင်ကို မြို့နယ်စည်ပင်သာယာရေး ကော်မတီက တင်ဒါ (၃)ကြိမ်ခေါ်ယူပြီးသည်အထိ လျှောက်ထားသူ မရှိသဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ အခြားနည်းစနစ်ဖြင့် စိစစ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ တင်ဒါ (၃)ကြိမ်အထိ ခေါ်ယူပြီးတဲ့အထိ လျှောက်ထားသူ မရှိတဲ့အတွက် အခြားနည်းနဲ့ ရောင်းချသွားမှာပါ”ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့ကို နိုဝင်ဘာလအတွင်း ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့အထိ အရပ်ရပ် အခွင့်အရေး လိုင်စင်ကို တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

နောင်တုံကန်ငါးဖမ်းခြင်း လုပ်ငန်းလိုင်စင်ချထားပေးခြင်းကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုပေးနေခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေး ဌာနသို့ လွှဲပြောင်းပေးခဲ့ဖြစ်သော်လည်း ငါးဖမ်းလုပ်ငန်းလိုင်စင်ကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~