ပိုမိုရွင္းလင္းလြယ္ကူသည့္ ႏိုင္ငံေရးေဆြးေႏြးမႈပံုစံျဖစ္ေစရန္ အစိုးရ၊တပ္မေတာ္၊ NCA လက္မွတ္ထိုးအဖြဲ႕ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေဆြးေႏြးေန

ပိုမိုရွင္းလင္းလြယ္ကူသည့္ ႏိုင္ငံေရးေဆြးေႏြးမႈပံုစံျဖစ္ေစရန္ အစိုးရ၊တပ္မေတာ္၊ NCA လက္မွတ္ထိုးအဖြဲ႕ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေဆြးေႏြးေန
နိုဝင်ဘာ 2, 2018
By 🌸
ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာမူေဘာင္ႏွင့္ လုပ္ငန္းလမ္းညႊန္မ်ား ျပန္လည္သုံးသပ္ျခင္း အစည္းအေဝးကို ရန္ကုန္ၿမိဳ႕ေ႐ႊလီလမ္းရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန၌ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၁)ရက္ေန႔မွ (၃)ရက္ေန႔အထိ က်င္းပေနေၾကာင္း သိရသည္။

“ဒီၿငိမ္းခ်မ္းေရးျဖစ္စဥ္ ႀကီးမွာ အားလုံးသိတဲ့ အတိုင္း NCA လက္မွတ္မထိုးတဲ့အဖြဲ႕ေတြ ပါဝင္လာဖို႔လည္း အားလုံးက လိုလားၾကပါတယ္။ အခုအခ်ိန္မွာလည္း အစိုးရ၊ တပ္မေတာ္က သူတို႔ေတြ ပါဝင္လာဖို႔ ေဆြးေႏြး မႈေတြလုပ္ေနပါတယ္။ လက္မွတ္မထိုးတဲ့အဖြဲ႕ေတြ ပါဝင္လာႏိုင္ေရး၊ မူေဘာင္ေဆြးေႏြးပြဲမွာ သူတို႔ပါဝင္လာႏိုင္ေရးအတြက္ ဘက္ေပါင္းစုံကေန စဥ္းစားၿပီး လမ္းဖြင့္ေပးထားဖို႔လိုတယ္ဆိုတာကို တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအားလုံးကိုယ္စား အေလးအနက္ ေမတၱာရပ္ခံခ်င္ပါတယ္။ မူေဘာင္ရဲ႕အလုပ္က သုံးခုပါပဲ။ ဒါေၾကာင့္ ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာမူေဘာင္ကို ျပဳလြယ္ ျပင္လြယ္ျဖစ္ေအာင္ ကၽြန္ေတာ္တို႔ လုပ္မယ္” ဟု တိုင္းရင္းသားလက္နက္ကိုင္အစုအဖြဲ႕ကိုယ္စား ေဒါက္တာဆလိုင္း လ်န္မႈန္းဆာေခါင္းက ေျပာသည္။

အဆိုပါအစည္းအေဝးတြင္ အစိုးရႏွင့္တပ္မေတာ္ အစုအဖြဲ႕၊ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္မ်ားအစုအဖြဲ႕ႏွင့္ ႏိုင္ငံေရး ပါတီအစုအဖြဲ႕တို႔ တက္ေရာက္ေဆြးေႏြးေနၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

 “ဒီအစည္းအေဝးမွာ ကၽြန္ေတာ္တို႔ အစိုးရ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ႏိုင္ငံေရးပါတီ အမ်ားစုရဲ႕ ႏိုင္ငံေရးေဆြးေႏြးမႈ ဆိုင္ရာ မူေဘာင္သုံးသပ္ခ်က္ (review) သေဘာထား စုစည္းခ်က္ရွိမယ္။ ဒါကို ဆုံးျဖတ္ႏိုင္တဲ့ UPDJC အစည္းအေဝးတင္ျပသြားမယ္” ဟု UPDJC အတြင္းေရးမႉး အဖြဲ႕ဝင္ ဦးလွေမာင္ေ႐ႊက ေျပာသည္။

ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာမူေဘာင္အား ျပန္လည္သံုးသပ္ရန္၂၀၁၈ ဇူလိုင္ ဒုတိယပတ္က က်င္းပသည့္ UPDJC အစည္းအေဝး ဆုံးျဖတ္ခ်က္ႏွင့္ ေအာက္တိုဘာလ (၁၅)ရက္ႏွင့္ (၁၆)ရက္ေန႔မ်ားက က်င္းပသည့္ ထိပ္သီး အစည္းအေဝးတြင္ ေခါင္းေဆာင္မ်ား၏ လမ္းညႊန္ခ်က္မ်ားကို အေျခခံၿပီး ေဆြးေႏြးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အထူးသျဖင့္ ကၽြန္ေတာ္တို႔ ႏိုင္ငံေရးပါတီအစုအဖြဲ႕အေနနဲ႔ ကၽြန္ေတာ္တို႔ ႏိုင္ငံေရးေဆြးေႏြးမႈေတြကို ေဆာင္႐ြက္တဲ့အခါမွာ ကၽြန္ေတာ္တို႔က အင္အားျဖည့္ၿပီးေတာ့ ေဆာင္႐ြက္တာ ျဖစ္တယ္။ ကၽြန္ေတာ္တို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ေဆာင္႐ြက္တဲ့အပိုင္းေတြရဲ႕ ဆုံးျဖတ္ခ်က္ခ်မႈအပိုင္းေတြမွာဆိုရင္ အခုႏိုင္ငံေရး ေဆြးေႏြးမႈ မူေဘာင္ေရးဆြဲတဲ့အခါမွာ တခ်ိဳ႕ေနရာေတြက အားနည္းခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။ ဒါေတြကိုလည္း ျပန္လည္သုံးသပ္ဖို႔ လိုပါတယ္” ဟု ႏိုင္ငံေရးပါတီအစုအဖြဲ႕မ်ား ကိုယ္စား ဦးျမင့္စိုးက ေျပာသည္။

ေအာက္တိုဘာလက က်င္းပခဲ့သည့္ အစိုးရႏွင့္ NCA-S EAO ေခါင္းေဆာင္မ်ား သီးသန္႔ထိပ္သီး အစည္းအေဝးတြင္ လက္ရွိႏိုင္ငံေရးေဆြးေႏြးမႈပုံစံကို ပိုမို ရွင္းလင္းလြယ္ကူေအာင္ ေဆာင္႐ြက္ရန္ သေဘာတူခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC)မွာပါတဲ့ လုပ္ငန္းလမ္းညႊန္၊ အတြင္းေရးမႉးမ်ားရဲ႕ လုပ္ငန္းလမ္းညႊန္၊ က႑အလိုက္ လုပ္ငန္းေကာ္မတီမ်ားရဲ႕ လုပ္ငန္းလမ္းညႊန္၊ အမ်ိဳးသားအဆင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားရဲ႕ လုပ္ငန္းလမ္းညႊန္ေတြကို ဘယ္လိုက်င္းပၾကမလဲဆိုတာကို ကၽြန္ေတာ္တို႔ အစုအဖြဲ႕ သုံးခုစလုံးက လာမယ့္ စတုတၳအႀကိမ္ ၂၁ ရာစု ပင္လုံညီလာခံမွာ အေကာင္းဆုံးလမ္းညႊန္မႈလုပ္ႏိုင္ဖို႔ ေမၽွာ္လင့္ပါတယ္” ဟု အစိုးရ၊ တပ္မေတာ္ကိုယ္စား ၿငိမ္းခ်မ္းေရးေကာ္မရွင္ အဖြဲ႔ဝင္ ဦးေအာင္စိုးက ေျပာသည္။

ႏိုဝင္ဘာ ၁ ရက္မွ ၃ ရက္အထိ က်င္းပမည့္ ႏိုင္ငံေရးေဆြးေႏြးမႈ ဆိုင္ရာ မူေဘာင္ႏွင့္ လုပ္ငန္း လမ္းညႊန္မ်ား ျပန္လည္သုံးသပ္ျခင္း အစည္းအေဝးတြင္ ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာ မူေဘာင္၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ(UPDJC) ၏ လုပ္ငန္းလမ္းညႊန္၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ အတြင္းေရးမႉးမ်ား (UPDJC-S) ၏ လုပ္ငန္းလမ္း ညႊန္၊ ႏိုင္ငံေရး ေဆြးေႏြးမႈဆိုင္ရာ က႑အလိုက္ လုပ္ငန္းေကာ္မ တီမ်ား လုပ္ငန္းလမ္းညႊန္၊ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲ ႀကီးၾကပ္ေကာ္မတီ လုပ္ငန္းလမ္းညႊန္၊ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲ လုပ္ငန္းလမ္းညႊန္ႏွင့္ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲ က်င္းပျခင္းဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ားကို ေဆြးေႏြးေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - NRPC

~~~~~~~~⊰❂ unicode ~~~~~~~~
ပိုမိုရှင်းလင်းလွယ်ကူသည့် နိုင်ငံရေးဆွေးနွေးမှုပုံစံဖြစ်စေရန် အစိုးရ၊တပ်မတော်၊ NCA လက်မှတ်ထိုးအဖွဲ့နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးနေ
*********
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပနေကြောင်း သိရသည်။

“ဒီငြိမ်းချမ်းရေးဖြစ်စဉ် ကြီးမှာ အားလုံးသိတဲ့ အတိုင်း NCA လက်မှတ်မထိုးတဲ့အဖွဲ့တွေ ပါဝင်လာဖို့လည်း အားလုံးက လိုလားကြပါတယ်။ အခုအချိန်မှာလည်း အစိုးရ၊ တပ်မတော်က သူတို့တွေ ပါဝင်လာဖို့ ဆွေးနွေး မှုတွေလုပ်နေပါတယ်။ လက်မှတ်မထိုးတဲ့အဖွဲ့တွေ ပါဝင်လာနိုင်ရေး၊ မူဘောင်ဆွေးနွေးပွဲမှာ သူတို့ပါဝင်လာနိုင်ရေးအတွက် ဘက်ပေါင်းစုံကနေ စဉ်းစားပြီး လမ်းဖွင့်ပေးထားဖို့လိုတယ်ဆိုတာကို တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကိုယ်စား အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်။ မူဘောင်ရဲ့အလုပ်က သုံးခုပါပဲ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြုလွယ် ပြင်လွယ်ဖြစ်အောင် ကျွန်တော်တို့ လုပ်မယ်” ဟု တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ကိုယ်စား ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက ပြောသည်။

အဆိုပါအစည်းအဝေးတွင် အစိုးရနှင့်တပ်မတော် အစုအဖွဲ့၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နှင့် နိုင်ငံရေး ပါတီအစုအဖွဲ့တို့ တက်ရောက်ဆွေးနွေးနေကြခြင်း ဖြစ်ကြောင်း သိရသည်။

 “ဒီအစည်းအဝေးမှာ ကျွန်တော်တို့ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီ အများစုရဲ့ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်သုံးသပ်ချက် (review) သဘောထား စုစည်းချက်ရှိမယ်။ ဒါကို ဆုံးဖြတ်နိုင်တဲ့ UPDJC အစည်းအဝေးတင်ပြသွားမယ်” ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား ပြန်လည်သုံးသပ်ရန်၂၀၁၈ ဇူလိုင် ဒုတိယပတ်က ကျင်းပသည့် UPDJC အစည်းအဝေး ဆုံးဖြတ်ချက်နှင့် အောက်တိုဘာလ (၁၅)ရက်နှင့် (၁၆)ရက်နေ့များက ကျင်းပသည့် ထိပ်သီး အစည်းအဝေးတွင် ခေါင်းဆောင်များ၏ လမ်းညွှန်ချက်များကို အခြေခံပြီး ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

“အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံရေးပါတီအစုအဖွဲ့အနေနဲ့ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးမှုတွေကို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့က အင်အားဖြည့်ပြီးတော့ ဆောင်ရွက်တာ ဖြစ်တယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဆောင်ရွက်တဲ့အပိုင်းတွေရဲ့ ဆုံးဖြတ်ချက်ချမှုအပိုင်းတွေမှာဆိုရင် အခုနိုင်ငံရေး ဆွေးနွေးမှု မူဘောင်ရေးဆွဲတဲ့အခါမှာ တချို့နေရာတွေက အားနည်းချက်တွေ အများကြီး ရှိပါတယ်။ ဒါတွေကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုပါတယ်” ဟု နိုင်ငံရေးပါတီအစုအဖွဲ့များ ကိုယ်စား ဦးမြင့်စိုးက ပြောသည်။

အောက်တိုဘာလက ကျင်းပခဲ့သည့် အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်ထိပ်သီး အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမို ရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရန် သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)မှာပါတဲ့ လုပ်ငန်းလမ်းညွှန်၊ အတွင်းရေးမှူးများရဲ့ လုပ်ငန်းလမ်းညွှန်၊ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများရဲ့ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများရဲ့ လုပ်ငန်းလမ်းညွှန်တွေကို ဘယ်လိုကျင်းပကြမလဲဆိုတာကို ကျွန်တော်တို့ အစုအဖွဲ့ သုံးခုစလုံးက လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အကောင်းဆုံးလမ်းညွှန်မှုလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု အစိုးရ၊ တပ်မတော်ကိုယ်စား ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောသည်။

နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်နှင့် လုပ်ငန်း လမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ၏ လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးများ (UPDJC-S) ၏ လုပ်ငန်းလမ်း ညွှန်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မ တီများ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ကော်မတီ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - NRPC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~