မုိင္းဖုန္းဆရာေတာ္၏ သက္ေတာ္ (၅၆)ႏွစ္ျပည့္ ဝိဇာတေမြးေန႔တရားအလွဴပြဲအတြက္ ျပင္ဆင္မႈမ်ားေဆာင္ရြက္

မုိင္းဖုန္းဆရာေတာ္၏ သက္ေတာ္ (၅၆)ႏွစ္ျပည့္ ဝိဇာတေမြးေန႔တရားအလွဴပြဲအတြက္ ျပင္ဆင္မႈမ်ားေဆာင္ရြက္
နိုဝင်ဘာ 26, 2018
By 🌸
မိုင္းဖုန္းဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱဥာဏသံ၀ရ၏ သက္ေတာ္(၅၆)ႏွစ္ျပည့္ ၀ိဇာတေမြးေန႔ တရားအလွဴပြဲတြင္ တရားနာၾကြေရာက္ၾကမည့္ ဧည့္ပရိတ္သတ္မ်ား အခက္အခဲမရိွေစရန္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ပါဆာေက်း႐ြာရွိ လြမ္းလိန္းေက်ာင္းတိုက္ (မိုင္းဖုန္းဆရာေတာ္ေက်ာင္းတိုက္)တြင္ တပည့္ဒါယိကာမ်ားက ျပင္ဆင္မႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရ သည္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ(၅)ရက္ေန႔တြင္က်ေရာက္မည့္ မုိင္းဖုန္းဆရာေတာ္၏ သက္ေတာ္ (၅၆)ႏွစ္ျပည့္ ဝိဇာတေမြးေန႔က်ေရာက္မည္ျဖစ္ရာ အနယ္နယ္အရပ္ရပ္မွ လာေရာက္ဖူးေျမာက္ၾကမည့္ ဧည့္ပရိတ္သတ္မ်ားအတြက္ ေသာက္သံုးေရလံုေလာက္ေစေရးႏွင့္ သန္႔စင္ခန္းမ်ား လံုေလာက္ေရးအတြက္ ထပ္တိုးတည္ေဆာက္ႏိုင္ေရးအတြက္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၆)ရက္ေန႔တြင္ တပည့္ဒါယကာမ်ားက ကြင္းဆင္းေဆာင္ရြက္ေနၾကေၾကာင္း သိရသည္။

အဆိုပါေက်ာင္းတုိက္အတြင္း ေရပိုက္လိုင္းမ်ား၊ ေရကန္မ်ားစစ္ေဆးျခင္း၊ လက္ရိွ သန္႔စင္ခန္းအလံုး (၁၀၀)ေက်ာ္ရိွေနေသာ္လည္း ဧည့္ပရိတ္သတ္မ်ားလာႏိုင္သည္ဟု ခန္႔မွန္းထားသျဖင့္ ေနာက္ထပ္ သန္႔စင္ခန္း အလံုးေရ (၆၀)တို႔ကို ထပ္တိုးတည္ေဆာက္ေရးတို႔အတြက္ တာခ်ီလိတ္ၿမိဳ႕မွ တပင္ေရႊထီးကုမၸဏီက လွဴဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္က မိုင္းဖုန္းဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱဥာဏသံ၀ရ၏ သက္ေတာ္ (၅၅)ႏွစ္ျပည့္ ၀ိဇာတေမြးေန႔ အစီအစဥ္ကို ဇန္န၀ါရီလ (၁)ရက္ေန႔မွ (၅)ရက္ေန႔အထိ က်င္းပခဲ့ရာ အနယ္နယ္အရပ္ရပ္မွ လာေရာက္ဖူးေျမာက္ၾကည္ညိဳၾကသည္။

Tachileik News Agency
ဓါတ္ပံု -Tachileik News Agency၊ U San Thein

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖုန်းဆရာတော်၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့တရားအလှူပွဲအတွက် ပြင်ဆင်မှုများဆောင်ရွက်
********
မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော်(၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ တရားအလှူပွဲတွင် တရားနာကြွရောက်ကြမည့် ဧည့်ပရိတ်သတ်များ အခက်အခဲမရှိစေရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ လွမ်းလိန်းကျောင်းတိုက် (မိုင်းဖုန်းဆရာတော်ကျောင်းတိုက်)တွင် တပည့်ဒါယိကာများက ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင်ကျရောက်မည့် မိုင်းဖုန်းဆရာတော်၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ကျရောက်မည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြောက်ကြမည့် ဧည့်ပရိတ်သတ်များအတွက် သောက်သုံးရေလုံလောက်စေရေးနှင့် သန့်စင်ခန်းများ လုံလောက်ရေးအတွက် ထပ်တိုးတည်ဆောက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်နေ့တွင် တပည့်ဒါယကာများက ကွင်းဆင်းဆောင်ရွက်နေကြကြောင်း သိရသည်။

အဆိုပါကျောင်းတိုက်အတွင်း ရေပိုက်လိုင်းများ၊ ရေကန်များစစ်ဆေးခြင်း၊ လက်ရှိ သန့်စင်ခန်းအလုံး (၁၀၀)ကျော်ရှိနေသော်လည်း ဧည့်ပရိတ်သတ်များလာနိုင်သည်ဟု ခန့်မှန်းထားသဖြင့် နောက်ထပ် သန့်စင်ခန်း အလုံးရေ (၆၀)တို့ကို ထပ်တိုးတည်ဆောက်ရေးတို့အတွက် တာချီလိတ်မြို့မှ တပင်ရွှေထီးကုမ္ပဏီက လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၅)နှစ်ပြည့် ဝိဇာတမွေးနေ့ အစီအစဉ်ကို ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြောက်ကြည်ညိုကြသည်။

Tachileik News Agency
ဓါတ်ပုံ -Tachileik News Agency၊ U San Thein

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~