ေလ့က်င့္ပ်ံသန္းသည့္ MNA ေလယာဥ္ ေမာ္လၿမိဳင္ေလဆိပ္အဆင္းတြင္ ေရွ႕ဘီးက်ိဳးမႈျဖစ္ပြား

ေလ့က်င့္ပ်ံသန္းသည့္ MNA ေလယာဥ္ ေမာ္လၿမိဳင္ေလဆိပ္အဆင္းတြင္ ေရွ႕ဘီးက်ိဳးမႈျဖစ္ပြား
နိုဝင်ဘာ 27, 2018
By 🌸
ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း၏ Cessna Grand Caravan XY-AMB ေလယာဥ္သည္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၇)ရက္ေန႔ နံနက္က ေလ့က်င့္ပ်ံသန္းမႈအတြင္း ေမာ္လၿမိဳင္ေလယာဥ္ကြင္းတြင္ ဆင္းသက္စဥ္ ေရွ႕ဘီးက်ိဳးမႈျဖစ္ပြားေၾကာင္း ေလေၾကာင္းလိုင္းက သတင္းထုတ္ျပန္ထားသည္။

အဆိုပါေလယာဥ္သည္ (၈)နာရီ (၄၆)မိနစ္တြင္ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ခရီးစဥ္ကို ေလ့က်င့္ပ်ံသန္းျခင္းျဖစ္ၿပီး ေမာ္လၿမိဳင္သို႔ နံနက္(၉)နာရီ (၂၈)မိနစ္တြင္ ဆင္းသက္ရာ၌ ေလယာဥ္ေျပးလမ္း ေပ (၁၈၀၀)ခန္႔တြင္ ေရွ႕ဘီးက်ိဳး၍ ရပ္တန္႔သြားျခင္းျဖစ္ေၾကာင္း သိရသည္။

 အဆိုပါေလယာဥ္တြင္ ခရီးသည္မပါဝင္ဘဲ ေလ့က်င့္မည့္ ေလယာဥ္မွဴးမ်ားႏွင့္ ေလယာဥ္ေမာင္/မယ္ (၈) ဦး ပါဝင္ၿပီး ထိခိုက္ဒဏ္ရာရမႈမရိွေၾကာင္း သိရၿပီး ယင္းျဖစ္စဥ္ေၾကာင့္ MNA ၏ ခရီးစဥ္မ်ား ထိခိုက္မႈမရိွေၾကာင္း ထုတ္ျပန္ထားသည္။

ဓါတ္ပံု -MNA

~~~~~~~~⊰❂ unicode ~~~~~~~~
လေ့ကျင့်ပျံသန်းသည့် MNA လေယာဉ် မော်လမြိုင်လေဆိပ်အဆင်းတွင် ရှေ့ဘီးကျိုးမှုဖြစ်ပွား************
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Cessna Grand Caravan XY-AMB လေယာဉ်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်က လေ့ကျင့်ပျံသန်းမှုအတွင်း မော်လမြိုင်လေယာဉ်ကွင်းတွင် ဆင်းသက်စဉ် ရှေ့ဘီးကျိုးမှုဖြစ်ပွားကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါလေယာဉ်သည် (၈)နာရီ (၄၆)မိနစ်တွင် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်ကို လေ့ကျင့်ပျံသန်းခြင်းဖြစ်ပြီး မော်လမြိုင်သို့ နံနက်(၉)နာရီ (၂၈)မိနစ်တွင် ဆင်းသက်ရာ၌ လေယာဉ်ပြေးလမ်း ပေ (၁၈၀၀)ခန့်တွင် ရှေ့ဘီးကျိုး၍ ရပ်တန့်သွားခြင်းဖြစ်ကြောင်း သိရသည်။

 အဆိုပါလေယာဉ်တွင် ခရီးသည်မပါဝင်ဘဲ လေ့ကျင့်မည့် လေယာဉ်မှူးများနှင့် လေယာဉ်မောင်/မယ် (၈) ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရပြီး ယင်းဖြစ်စဉ်ကြောင့် MNA ၏ ခရီးစဉ်များ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ -MNA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~