လြိဳင္ကထံုး မီးေရေမ်ာပြဲတြင္ ေရထဲ လိုက္လံ ဆယ္ယူသူ လူငယ္တစ္ဦး ေရနစ္ေသဆံုး

လြိဳင္ကထံုး မီးေရေမ်ာပြဲတြင္ ေရထဲ လိုက္လံ ဆယ္ယူသူ လူငယ္တစ္ဦး ေရနစ္ေသဆံုး
နိုဝင်ဘာ 23, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံ စမြတ္ဆာခြန္၌ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၂၃)ရက္ေန႔ညက က်င္းပသည့္ တန္ေဆာင္တိုင္ မီးေရေမွ်ာပြဲ(လြိဳင္ကထံုး)တြင္ ေရထဲဆင္း၍ ပိုက္ဆံလုိက္ဆယ္သည့္ အသက္(၂၀)အရြယ္ လူငယ္တစ္ဦး ေရနစ္ေသဆံုးသြားေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံတြင္ တန္ေဆာင္တုိင္မီးေရေမွ်ာရာ၌ ေငြမ်ားထည့္၍ ဆုေတာင္းကာ ေမွ်ာေလ့ရိွရာ ေငြမ်ားကို လိုက္လံဆယ္ယူသူမ်ားလည္း ရိွေနျခင္းျဖစ္သည္။

မီးေမွ်ာေနသည့္ ေရေျမာင္းအတြင္း လူတစ္ေယာက္ေရနစ္ေနေၾကာင္း ကေလး (၄)ဦးက ေအာ္ဟစ္ ခဲ့ၾကေသာ္လည္း အနီးဝန္းက်င္လူမ်ားက ေနာက္ေျပာင္သည္ဟု ထင္ေနခဲ့ၾကသျဖင့္ ခ်က္ခ်င္း ကယ္ဆယ္ႏုိင္ျခင္း မရိွခဲ့ဘဲ တာဝန္ရိွသူမ်ားက သတင္းၾကားသျဖင့္ ကေလးမ်ားအား ေမးျမန္းအတည္ျပဳၿပီး ဆယ္ယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လူတစ္ဦး အမွန္တကယ္ေရနစ္သြားသျဖင့္ ေအာ္ဟစ္ အကူအညီေတာင္းျခင္းျဖစ္ၿပီး သတင္းမွားေပးပါက ၎တို႔အေနျဖင့္ ဖမ္းဆီးခံရမည္ကို သိထားေၾကာင္း ကေလးမ်ားက ေျပာဆို အကူအညီေတာင္းခံခဲ့သျဖင့္ ေရနစ္သူအား နာရီဝက္ခန္႔ေနာက္က်ၿပီးမွ ဆယ္ယူႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရနစ္ေသဆံုးေနသူအနီးတြင္ ေငြအေၾကြေစ့အေျမာက္အမ်ားထည့္ထားသည့္ ပလတ္စတစ္အိတ္ကိုလည္း ဆယ္ယူရရိွခဲ့ေၾကာင္း သိရသည္။

ေရနစ္ေသဆံုးသူ၏ အေလာင္းကို ေဆးရံုတြင္ပို႔ေဆာင္စစ္ေဆးထားၿပီး အရက္ေသာက္သံုးထားသည္ဟု ယူဆထားေၾကာင္း သိရသည္။

Tachileik News Agency
Source: Charity


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ စမွတ်ဆာခွန်၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ညက ကျင်းပသည့် တန်ဆောင်တိုင် မီးရေမျှောပွဲ(လွိုင်ကထုံး)တွင် ရေထဲဆင်း၍ ပိုက်ဆံလိုက်ဆယ်သည့် အသက်(၂၀)အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တန်ဆောင်တိုင်မီးရေမျှောရာ၌ ငွေများထည့်၍ ဆုတောင်းကာ မျှောလေ့ရှိရာ ငွေများကို လိုက်လံဆယ်ယူသူများလည်း ရှိနခြေင်းဖြစ်သည်။

မီးမျှောနေသည့် ရေမြောင်းအတွင်း လူတစ်ယောက်ရေနစ်နေကြောင်း ကလေး (၄)ဦးက အော်ဟစ် ခဲ့ကြသော်လည်း အနီးဝန်းကျင်လူများက နောက်ပြောင်သည်ဟု ထင်နေခဲ့ကြသဖြင့် ချက်ချင်း ကယ်ဆယ်နိုင်ခြင်း မရှိခဲ့ဘဲ တာဝန်ရှိသူများက သတင်းကြားသဖြင့် ကလေးများအား မေးမြန်းအတည်ပြုပြီး ဆယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူတစ်ဦး အမှန်တကယ်ရေနစ်သွားသဖြင့် အော်ဟစ် အကူအညီတောင်းခြင်းဖြစ်ပြီး သတင်းမှားပေးပါက၎င်းတို့အနဖြေင့် ဖမ်းဆီးခံရမည်ကို သိထားကြောင်း ကလေးများက ပြောဆို အကူအညီတောင်းခံခဲ့သဖြင့် ရေနစ်သူအား နာရီဝက်ခန့်နောက်ကျပြီးမှ ဆယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးနေသူအနီးတွင် ငွေအကြွေစေ့အမြောက်အများထည့်ထားသည့် ပလတ်စတစ်အိတ်ကိုလည်း ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသူ၏ အလောင်းကို ဆေးရုံတွင်ပို့ဆောင်စစ်ဆေးထားပြီး အရက်သောက်သုံးထားသည်ဟု ယူဆထားကြောင်း သိရသည်။

Tachileik News Agency
Source: Charity 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~