ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးနယ္ေျမအတြင္း လင္းပိုင္တစ္ေကာင္ ေသဆံုးသြား၍ (၇၅)ေကာင္သာ က်န္ရိွေတာ့

ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးနယ္ေျမအတြင္း လင္းပိုင္တစ္ေကာင္ ေသဆံုးသြား၍ (၇၅)ေကာင္သာ က်န္ရိွေတာ့
နိုဝင်ဘာ 7, 2018
By 🌸
ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးနယ္ေျမအတြင္း စစ္ကိုင္းတိုိင္းေဒသႀကီး၊ ၀က္လက္ၿမိဳ႕နယ္ ငတ္ေမွာ္ဦးေက်းရြာအနီး ဧရာ၀တီျမစ္အတြင္း ဧရာ၀တီလင္းပိုင္တစ္ေကာင္ ေသဆံုးေနသည္ကို ၂၀၁၈ ခုႏွစ္ ႏို၀င္ဘာလ (၆)ရက္ေန႔က ေတြ႔ရိွရသျဖင့္ ထိန္းသိမ္းဧရိယာအတြင္း စုစုေပါင္း (၇၅)ေကာင္သာ က်န္ေတာ့ေၾကာင္း သိရသည္။

ေသဆုံးသြားေသာ ဧရာ၀တီလင္းပိုင္မွာ အမျဖစ္ၿပီး အလ်ား (၆) ေပ (၁) လက္မ၊ လုံးပတ္အရြယ္ (၄) ေပရိွကာ ငတ္ေမွာ္ဦးေက်းရြာမွ အင္းသူႀကီးတစ္ဦးက ေရထဲတြင္ ဦးေခါင္းေထာင္လ်က္ အဆိုပါ လင္းပိုင္ကိုေတြ႔ရ၍ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ၿပီး လင္းပိုင္ထိန္းသိမ္းေရးသမားမ်ားက သြားေရာက္ဆယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း WCS က ေဖၚျပခ်က္အရ သိရသည္။

အဆိုပါလင္းပိုင္ကိုဆယ္ယူရာတြင္ အၿမီး၌ခဲဆြဲထားသည္ကို ေတြ႔ရကာ လင္းပိုင္ကို ခ်ည္ထားေသာႀကိဳးမွာ ပိုက္ေခါင္းႀကိဳးျဖစ္၍ တစ္စုံတစ္ေယာက္၏ ငါးဖမ္းပိုက္ျဖင့္ ၿငိ၍ ေသဆုံးသည္ဟု လင္းပိုင္ထိန္းသိမ္းေရး သမားမ်ားက ယူဆထားၿပီး လင္းပိုင္၏အရိုးျငမ္းကိုယူရန္ လက္ရိွတြင္ သဲထဲတြင္ျမဳပ္ထားေၾကာင္း သိရသည္။

ငါးလုပ္ငန္းဦးစီးဌာနႏွင့္ သားငွက္ထိန္းသိမ္းေရးအဖြဲ႕(WCS )၏ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၉) ရက္ေန႔အထိ ေနာက္ဆုံး စစ္တမ္းအရ ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးဧရိယာအတြင္း ဧရာဝတီလင္းပိုင္ (၇၆)ေကာင္   ရိွေၾကာင္းသိရၿပီး သားငွက္ထိန္းသိမ္းေရးအဖြဲ႔(WCS)၏ စစ္တမ္းအရ ဧရာဝတီလင္းပိုင္ အေရအတြက္မွာ ၂ဝ၁၄ ခုႏွစ္တြင္ (၆၃) ေကာင္၊ ၂ဝ၁၅ ခုႏွစ္တြင္ (၅၈) ေကာင္ႏွင့္ ၂ဝ၁၆ ခုႏွစ္တြင္ (၆၅) ေကာင္ရွိသည့္အနက္ (၃)ေကာင္ ေသဆံုးခဲ့ေၾကာင္း သိရသည္။

၂၀၁၆ ခုနွစ္က ေသဆံုးခဲ့သည့္ လင္းပိုင္(၃)ေကာင္အနက္ ေရွာ့တုိက္ငါးဖမ္းျခင္းေၾကာင့္ ေသဆံုးခဲ့ရသည့္ သက္တမ္း (၁၀၀)ရိွ ကိုယ္ဝန္ေဆာင္လင္းပိုင္လည္း ပါဝင္ေၾကာင္း သိရသည္။

မႏၱေလးႏွင့္ ေက်ာက္ေျမာင္းၾကား ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ (၄၆)မုိင္ကို ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရးနယ္ေျမအျဖစ္ ၂၀၀၅ ခုႏွစ္တြင္ စတင္သတ္မွတ္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္တြင္ စစ္ကိုင္းတုိင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္အတြင္း ဧရာဝတီျမစ္ေၾကာင္းတစ္ေလွ်ာက္ (၆၂)မုိင္ကို ထိန္းသိမ္းနယ္ေျမအျဖစ္ ထပ္တိုးသတ္မွတ္လုိက္ျခင္းျဖစ္သည္။

အဆိုပါ ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးနယ္ေျမသတ္မွတ္ထားသည့္ ျမစ္ေၾကာင္းတစ္ေလွ်ာက္တြင္ ေက်းရြာေပါင္း (၅၀) ေက်ာ္ရိွေနၿပီး ထိန္းသိမ္းဧရိယာအတြင္း ငါးဖမ္းသူမ်ား အသံုးျပဳရမည့္ ငါးဖမ္းပိုက္ အရြယ္အစား သတ္မွတ္ေပးျခင္း၊ လွ်ပ္စစ္ေရွာ့တိုက္ငါးဖမ္းျခင္းကို တားျမစ္ျခင္းမ်ားအျပင္ ဧရာဝတီလင္းပိုင္မ်ားကို ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္းကို တားျမစ္ထားၿပီး မေတာ္တဆဖမ္းမိပါက အရွင္ျပန္လႊတ္ေပးရန္ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ဧရာဝတီလင္းပိုင္ကို တစ္ေကာင္လံုးျဖစ္ေစ၊ အစိတ္အပိုင္းမ်ားျဖစ္ေစ ေရာင္းဝယ္ျခင္းမ်ားကိုလည္း တားျမစ္ထားျခင္းျဖစ္ၿပီး ထုတ္ျပန္တားျမစ္ခ်က္မ်ားကို ခ်ိဳးေဖါက္သူမ်ားအေနျဖင့္ ေရခ်ိဳငါးလုပ္ငန္းဥပေဒအရ အေရးယူခံရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း#ဇာႏွင္း
ဓါတ္ပံု - WCS

~~~~~~~~⊰❂ unicode ~~~~~~~~
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအတွင်း လင်းပိုင်တစ်ကောင် သေဆုံးသွား၍ (၇၅)ကောင်သာ ကျန်ရှိတော့
****************
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ငတ်မှော်ဦးကျေးရွာအနီး ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးနေသည်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့က တွေ့ရှိရသဖြင့် ထိန်းသိမ်းဧရိယာအတွင်း စုစုပေါင်း (၇၅)ကောင်သာ ကျန်တော့ကြောင်း သိရသည်။

သေဆုံးသွားသော ဧရာဝတီလင်းပိုင်မှာ အမဖြစ်ပြီး အလျား (၆) ပေ (၁) လက်မ၊ လုံးပတ်အရွယ် (၄) ပေရှိကာ ငတ်မှော်ဦးကျေးရွာမှ အင်းသူကြီးတစ်ဦးက ရေထဲတွင် ဦးခေါင်းထောင်လျက် အဆိုပါ လင်းပိုင်ကိုတွေ့ရ၍ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး လင်းပိုင်ထိန်းသိမ်းရေးသမားများက သွားရောက်ဆယ်ယူခဲ့ခြင်းဖြစ်ကြောင်း WCS က ဖေါ်ပြချက်အရ သိရသည်။

အဆိုပါလင်းပိုင်ကိုဆယ်ယူရာတွင် အမြီး၌ခဲဆွဲထားသည်ကို တွေ့ရကာ လင်းပိုင်ကို ချည်ထားသောကြိုးမှာ ပိုက်ခေါင်းကြိုးဖြစ်၍ တစ်စုံတစ်ယောက်၏ ငါးဖမ်းပိုက်ဖြင့် ငြိ၍ သေဆုံးသည်ဟု လင်းပိုင်ထိန်းသိမ်းရေး သမားများက ယူဆထားပြီး လင်းပိုင်၏အရိုးငြမ်းကိုယူရန် လက်ရှိတွင် သဲထဲတွင်မြုပ်ထားကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS )၏ ၂၀၁၈ ခုနှစ် ဇွန်လ (၂၉) ရက်နေ့အထိ နောက်ဆုံး စစ်တမ်းအရ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း ဧရာဝတီလင်းပိုင် (၇၆)ကောင် ရှိကြောင်း သိရပြီး သားငှက်ထိန်းသိမ်းရေးအဖွဲ(WCS)၏ စစ်တမ်းအရ ဧရာဝတီလင်းပိုင် အရေအတွက်မှာ ၂ဝ၁၄ ခုနှစ်တွင် (၆၃) ကောင်၊ ၂ဝ၁၅ ခုနှစ်တွင် (၅၈) ကောင်နှင့် ၂ဝ၁၆ ခုနှစ်တွင် (၆၅) ကောင်ရှိသည့်အနက် (၃)ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က သေဆုံးခဲ့သည့် လင်းပိုင်(၃)ကောင်အနက် ရှော့တိုက်ငါးဖမ်းခြင်းကြောင့် သေဆုံးခဲ့ရသည့် သက်တမ်း (၁၀၀)ရှိ ကိုယ်ဝန်ဆောင်လင်းပိုင်လည်း ပါဝင်ကြောင်း သိရသည်။

မန္တလေးနှင့် ကျောက်မြောင်းကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက် (၄၆)မိုင်ကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၀၅ ခုနှစ်တွင် စတင်သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် (၆၂)မိုင်ကို ထိန်းသိမ်းနယ်မြေအဖြစ် ထပ်တိုးသတ်မှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေသတ်မှတ်ထားသည့် မြစ်ကြောင်းတစ်လျှောက်တွင် ကျေးရွာပေါင်း (၅၀) ကျော်ရှိနေပြီး ထိန်းသိမ်းဧရိယာအတွင်း ငါးဖမ်းသူများ အသုံးပြုရမည့် ငါးဖမ်းပိုက် အရွယ်အစား သတ်မှတ်ပေးခြင်း၊ လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းကို တားမြစ်ခြင်းများအပြင် ဧရာဝတီလင်းပိုင်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းကို တားမြစ်ထားပြီး မတော်တဆဖမ်းမိပါက အရှင်ပြန်လွှတ်ပေးရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဧရာဝတီလင်းပိုင်ကို တစ်ကောင်လုံးဖြစ်စေ၊ အစိတ်အပိုင်းများဖြစ်စေ ရောင်းဝယ်ခြင်းများကိုလည်း တားမြစ်ထားခြင်းဖြစ်ပြီး ထုတ်ပြန်တားမြစ်ချက်များကို ချိုးဖေါက်သူများအနေဖြင့် ရေချိုငါးလုပ်ငန်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

သတင်း#ဇာနှင်း
ဓါတ်ပုံ - WCS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~