က်ိဳင္းတံုၿမိဳ႕တြင္း အေရာင္းဆိုင္မ်ားအား ကြင္းဆင္းစစ္ေဆးၿပီး FDA တားျမစ္ႏွင့္ သက္တမ္းလြန္ စားေသာက္ကုန္မ်ား သိမ္းဆည္း

က်ိဳင္းတံုၿမိဳ႕တြင္း အေရာင္းဆိုင္မ်ားအား ကြင္းဆင္းစစ္ေဆးၿပီး FDA တားျမစ္ႏွင့္ သက္တမ္းလြန္ စားေသာက္ကုန္မ်ား သိမ္းဆည္း
နိုဝင်ဘာ 6, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ စတိုးဆိုင္၊ ကုန္စုံဆိုင္ႏွင့္ အလွကုန္ဆိုင္မ်ားအား ခရို္င္စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ(၆)ရက္ေန႔ ေန႔လယ္ပိုင္းက ကြင္းဆင္းစစ္ေဆးရာ FDA မွ တားျမစ္ထားေသာ စားေသာက္ကုန္မ်ားႏွင့္ သက္တမ္းလြန္စားေသာက္ကုန္မ်ားကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

“ အဓိကကေတာ့ သက္တမ္းလြန္တဲ့ စားေသာက္ကုန္ေတြကို သိမ္းဆည္းရမိတာမ်ားပါတယ္။ ပစၥည္းျဖန္႔တဲ့ ဒိုင္ေတြက ဆိုင္ကို တစ္လတစ္ခါလာၿပီး ပစၥည္းပို႔ရင္းနဲ႔ အဲဒီသက္တမ္းလြန္တဲ့ စားေသာက္ကုန္ေတြကို လဲေပးတယ္လို႔ေတာ့ ေျပာတယ္။ ဒါေပမဲ့ ဒါကိုေတာ့ ကၽြန္ေတာ္တို႔က လက္မခံဘူး”ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မွ အတြင္းေရးမွဴ း ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔   ေျပာသည္။

ယေန႔ သိမ္းဆည္းရမိေသာ စားေသာက္ကုန္ပစၥည္းမ်ားတြင္ စားသုံးရန္မသင့္ေၾကာင္း FDA က ေၾကျငာထားသည့္ ဘုတ္ဆုံမအမွတ္တံဆိပ္ အေရာင္တင္မႈန္႔၊ ေထာက္ခံခ်က္မရိွေသာ တရုတ္ႏိုင္ငံထုတ္ စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ သက္တမ္းလြန္ စားေသာက္ကုန္ပစၥည္းမ်ားကို သိမ္းဆည္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရ သည္။

“ဒီတစ္ေခါက္သိမ္းထားတဲ့ ပစၥည္းေတြ၊  ၿပီးခဲ့တဲ့လက သိမ္းဆည္းထားတဲ့ က်ပ္(၈)သိန္းေက်ာ္တန္ဖိုးရိွတဲ့ စားသုံးရန္မသင့္တဲ့ ပစၥည္းေတြနဲ႕ စားသုံးသူကာကြယ္ေရးဥပေဒအရ ကၽြန္ေတာ္တို႔ဆီတိုင္ၾကားလို႔ သိမ္းထားတဲ့ က်ပ္(၁၅)သိန္းတန္ဖိုးရိွတဲ့ ယိုးဒယားကလာတဲ့ ဝက္ေခါက္ေတြနဲ႔ ခရိုင္FDA က သိမ္းထားတဲ့ ေဆးဝါးေတြကို ေပါင္းၿပီးေတာ့ ဒီလ(၉)ရက္ေန႔မွာ မီးရထားကြင္းထဲမွာ မီးရိႈ႕ဖ်က္ဆီးသြားမွာ ျဖစ္ပါတယ္”ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မွ အတြင္းေရးမွဴ း ဦးသန္းစိုးက ေျပာသည္။

ယင္းကဲ့သို႔စစ္ေဆးမႈကို က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မွ အတြင္းေရးမွဴ း ဦးသန္းစိုးႏွင့္ ခရိုင္FDA မွ ခရိုင္ဦးစီးမွဴး ေဒါက္တာ ေတဇာဝင္း၊ ဒုတိယၿမိဳ႕နယ္ပညာေရးမွဴး ဦးေဇာ္လင္း၊ ခရိုင္က်န္းမာေရး ဝန္ထမ္းမ်ား၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕၊ စည္ပင္ႏွင့္ တိေမြးကုမွ တာဝန္ရိွသူမ်ား ပူးေပါင္းအဖြဲ႕ျဖင့္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇြဲဲျမတ္
ဓါတ္ပံု - စားသံုးေရးရာ

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့တွင်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး FDA တားမြစ်နှင့် သက်တမ်းလွန် စားသောက်ကုန်များ သိမ်းဆည်း
************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်နှင့် အလှကုန်ဆိုင်များအား ခရိုင်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးရာ FDA မှ တားမြစ်ထားသော စားသောက်ကုန်များနှင့် သက်တမ်းလွန်စားသောက်ကုန်များကို သိမ်းဆည်းရမိကြောင်း သိရသည်။

“ အဓိကကတော့ သက်တမ်းလွန်တဲ့ စားသောက်ကုန်တွေကို သိမ်းဆည်းရမိတာများပါတယ်။ ပစ္စည်းဖြန့်တဲ့ ဒိုင်တွေက ဆိုင်ကို တစ်လတစ်ခါလာပြီး ပစ္စည်းပို့ရင်းနဲ့ အဲဒီသက်တမ်းလွန်တဲ့ စားသောက်ကုန်တွေကို လဲပေးတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ဒါကိုတော့ ကျွန်တော်တို့က လက်မခံဘူး”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူ း ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့ သိမ်းဆည်းရမိသော စားသောက်ကုန်ပစ္စည်းများတွင် စားသုံးရန်မသင့်ကြောင်း FDA က ကြေငြာထားသည့် ဘုတ်ဆုံမအမှတ်တံဆိပ် အရောင်တင်မှုန့်၊ ထောက်ခံချက်မရှိသော တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီတစ်ခေါက်သိမ်းထားတဲ့ ပစ္စည်းတွေ၊  ပြီးခဲ့တဲ့လက သိမ်းဆည်းထားတဲ့ ကျပ်(၈)သိန်းကျော်တန်ဖိုးရှိတဲ့ စားသုံးရန်မသင့်တဲ့ ပစ္စည်းတွေနဲ့ စားသုံးသူကာကွယ်ရေးဥပဒေအရ ကျွန်တော်တို့ဆီတိုင်ကြားလို့ သိမ်းထားတဲ့ ကျပ်(၁၅)သိန်းတန်ဖိုးရှိတဲ့ ယိုးဒယားကလာတဲ့ ဝက်ခေါက်တွေနဲ့ ခရိုင်FDA က သိမ်းထားတဲ့ ဆေးဝါးတွေကို ပေါင်းပြီးတော့ ဒီလ(၉)ရက်နေ့မှာ မီးရထားကွင်းထဲမှာ မီးရှို့ဖျက်ဆီးသွားမှာ ဖြစ်ပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူ း ဦးသန်းစိုးက ပြောသည်။

ယင်းကဲ့သို့စစ်ဆေးမှုကို ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူ း ဦးသန်းစိုးနှင့် ခရိုင်FDA မှ ခရိုင်ဦးစီးမှူး ဒေါက်တာ တေဇာဝင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်လင်း၊ ခရိုင်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ စည်ပင်နှင့် တိမွေးကုမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ - စားသုံးရေးရာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~