သတ္တုတူးဖော်ရေး လုပ်ကွက်အတွင်း သတ္တုဝင်ရှာသည့် ဒေသခံလူငယ် (၂)ဦး မြေပြိုကျ၍ သေဆုံး

သတ္တုတူးဖော်ရေး လုပ်ကွက်အတွင်း သတ္တုဝင်ရှာသည့် ဒေသခံလူငယ် (၂)ဦး မြေပြိုကျ၍ သေဆုံး
နိုဝင်ဘာ 7, 2018
By Tachileik News Agency

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် အကျိုးတူ လုပ်ဆောင်နေသည့် DELCO ခဲမဖြူ/အဖြိုက်နက် သတ္တုတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်း ရေမရှိသော ချောင်းကမ်းပါး၌ သတ္တုဝင်ရှာသည့် ဒေသခံ လူငယ်(၂)ဦး မြေပိသေဆုံးသွားကြောင်း သိရသည်။



အဆိုပါ ကုမ္ပဏီလုပ်ကွက်၌ သတ္တုရှာဖွေခွင့်ပေးထားပြီး ရရှိသည့်သတ္တုများကို ကုမ္ပဏီက ပြန်လည်ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - MOHA


~~~~~~~~⊰❂ unicode ~~~~~~~~

တနင်္သာရီတိုင်းဒေသကြီး၊ ရဖြေူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် သတ္တုတွင်းဝန်ကြီးဌာနနှင့် အကျိုးတူ လုပ်ဆောင်နေသည့် DELCO ခဲမဖြူ/အဖြိုက်နက် သတ္တုတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်း ရေမရှိသော ချောင်းကမ်းပါး၌ သတ္တုဝင်ရှာသည့် ဒေသခံ လူငယ်(၂)ဦး မြေပိသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီလုပ်ကွက်၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ နံနက် (၇)နာရီ (၄၀)မိနစ်က ဒေသခံ (၄၈)ဦး သတ္တုဝင်ရှာရာ ညနေ (၅)နာရီ ပြန်ထွက်ချိန်၌ (၂)ဦးပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ လုပ်ကွက် အတွင်း တားမြစ်နယ်မြေတွင် မြေပိသေဆုံးနေသည်ကို ညနေ (၆)နာရီ (၁၀)မိနစ်က တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

သတ္တုဝင်ရောက်ရှာဖွေသည့် အသက်(၂၁)နှစ်အရွယ် ဟိန်းဇင်ဦးနှင့် အသက် (၂၃)နှစ်အရွယ် စိုးမိုးအောင်တို့ကို မြေအနက် (၈)ပေခန့်မှ တူးဖော်ထုတ်ခဲ့ရပြီး ကလိန်အောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ကံပေါက်နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၈) ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီလုပ်ကွက်၌ သတ္တုရှာဖွေခွင့်ပေးထားပြီး ရရှိသည့်သတ္တုများကို ကုမ္ပဏီက ပြန်လည်ဝယ်ယူနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MOHA 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~