ဂူတွင်းမှထွက်တော်မူလာသည့် မိုင်းဖုန်းဆရာတော် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့က ရပ်နီးရပ်ဝေးမှ တပည့် ဒါယကာ ဒါယိကာမများအား တရားတော် ဟောကြား

ဂူတွင်းမှထွက်တော်မူလာသည့် မိုင်းဖုန်းဆရာတော် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့က ရပ်နီးရပ်ဝေးမှ တပည့် ဒါယကာ ဒါယိကာမများအား တရားတော် ဟောကြား
အောက်တိုဘာ 26, 2018
By Tachileik News Agency

သီတင်းကျွတ်လပြည့်နေ့က ဂူထွက်လာသည့် မိုင်းဖုန်း ဆရာတော်သည် ရပ်နီးရပ်ဝေးမှ ရောက်ရှိလာသော တပည့် ဒါယကာ ဒါယိကာမများအား သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ဖြစ်သည့် ၂၀၁၈ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့က မေတ္တာပွားများ တရားတော်ဟောကြားတော်မူကြောင်း သိရသည်။

ဝါတွင်း(၃)လ ဂူအတွင်း တရားအားထုတ်နေသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် ထမ်ဖာလျမ် လှိုဏ်ဂူထွက်ပြီးနောက် အောက်တိုဘာလ(၂၅)ရက်နေ့က မုန်းကျက်ချောင်း အနီးရှိ လှိုဏ်ဂူသို့ ကြွရောက်ပြီး ရပ်နီးရပ်ေဝးမှ ရောက်ရှိလာသော တပည့် ဒါယကာ ဒါယိကာမများအား တရားတော်ဟောကြားတော်မူခြင်းဖြစ်သည်။

ဆရာတော်သည် အဆိုပါနေရာမှ တာချီလိတ်သို့ ပြန်လည်ကြွမည်ဟု သိရသော်လည်း သတ်မှတ်ရက် ကိုတော့ မသိရသေးကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့ကြား၊ မုန်းကျက်ကျေးရွာရှိ ဂူတွင် ဝါတွင်းကာလ တရားအားထုတ်ရန် အတွက် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့ နံနက်က စတင်၍ တာချီလိတ်မှ တဆင့် ကြွရောက်တော်မူသွားပြီးနောက် ဂူအတွင်းတရားအားထုတ်ကာ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ(၂၄)က ဂူထွက်တော်မူခြင်း ဖြစ်သည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၁၈ ခုနှစ်၊ ဇန်ဝါရီလတွင် သက်တော်(၅၅)နှစ်ရှိခဲ့ပြီဖြစ်ပြီး နှစ်စဉ် ဝါတွင်း ကာလများ၌ ဂူအတွင်း တစ်ပါးတည်း ဝစီပိတ်တရားအားထုတ်လေ့ရှိကြောင်း နှင့် မိုင်ဖုန်းဆရာတော်အား နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။

Tachileik News Agency
ဓာတ်ပုံ - Tiger Wan



~~~~~~~~⊰❂ unicode ~~~~~~~~






Tachileik News Agency
ဓာတပြုံ - Tiger Wan

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~