မိုင္းဖုန္းဆရာေတာ္မွ ၀ါကြ်တ္နယ္လွည့္သာသနာျပဳ ခရီးစဥ္အျဖစ္ ရွမ္းေတာင္ ႏွင့္ ရွမ္းေျမာက္ေဒသသို႔ ၾကြေရာက္ရန္ အစီအစဥ္ရွိ

မိုင္းဖုန္းဆရာေတာ္မွ ၀ါကြ်တ္နယ္လွည့္သာသနာျပဳ ခရီးစဥ္အျဖစ္ ရွမ္းေတာင္ ႏွင့္ ရွမ္းေျမာက္ေဒသသို႔ ၾကြေရာက္ရန္ အစီအစဥ္ရွိ
အောက်တိုဘာ 27, 2018
By Tachileik News Agency

မိုင္းဖုန္းဆရာေတာ္ ဘဒၵနၲဉာဏသံဝရသည္  မိုင္းဆတ္ၿမိဳ႕နယ္ မံုးက်က္ အထက္ဂူတြင္ ဝါတြင္းကာလ သီတင္းသံုးရာမွ သီတင္းကၽြတ္လျပည့္ေန႔ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၂၄)ရက္ေန႔တြင္ ဂူမွထြက္လာၿပီးေနာက္ ဝါကြ်တ္ခရီးစဥ္ ၾကြမည္ျဖစ္ေၾကာင္း သိရသည္။

သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိယ မိုင္းဖုန္း ဆရာေတာ္ ဘဒၵနၲဉာဏသံဝရသည္ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ (၂၅)ရက္ေန႔ ညေန (၄)နာရီေက်ာ္တြင္ မံုးက်က္ေအာက္ဂူ၌ တရားေဟာၾကားခဲ့ကာ မံုးက်က္၊ မိုင္းပ်ဥ္းတြင္ (၅) ရက္ခန္႔ သီတင္းသံုးၿပီးေနာက္ ဝါကၽြတ္ခရီးစဥ္ အျဖစ္ မိုင္းပ်ဥ္းမွ ကာလိ ထီးတင္ပြဲ၊ မိုင္းရွဴး ဟိုက္ပါေရတံခြန္၊ တန္႔ယန္း လြယ္လိန္း ေတာင္ႏွင့္ လားရိႈး သိႏၷီ လြယ္ဆမ္ဆစ္ေတာင္တို႔သို႔ ၾကြေရာက္မည္ျဖစ္ေၾကာင္း ေတာင္တန္းသာသနာျပဳဆရာေတာ္ အရွင္သုခမိႏၵ(စဝ္သုခမ္း)က အသိေပးထားျခင္း ျဖစ္သည္။

အဆိုပါ ေဒသမ်ားသို႔ ဆရာေတာ္ၾကြေရာက္မည့္ ေန႔ရက္၊ အခ်ိန္တို႔ကို အေသးစိတ္ အသိေပးထားျခင္း မရိွေသးေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕နယ္၊ မံုးက်က္ရြာအနီးရွိ ထမ္ဖါလ်မ္လွဳိဏ္ဂူတြင္ ဝါတြင္းကာလသီတင္းသံုးေနသည့္ မိုင္းဖုန္းဆရာေတာ္ ဘဒၵနၲဉာဏသံဝရသည္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၄)ရက္ေန႔ နံနက္ (၉)နာရီ၌ ဂူတြင္းမွ ထြက္လာၿပီး ဆံခ်ျခင္း၊ လွဴဒါန္းမႈမ်ားအား ေရစက္သြန္းခ်ျခင္းမ်ား ျပဳလုပ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Sao Su Kham


~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် မိုင်းဆတ်မြို့နယ် မုံးကျက် အထက်ဂူတွင် ဝါတွင်းကာလ သီတင်းသုံးရာမှ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့တွင် ဂူမှထွက်လာပြီးနောက် ဝါကျွတ်ခရီးစဉ် ကြွမည်ဖြစ်ကြောင်း သိရသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ၂၀၁၈ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ ညနေ (၄)နာရီကျော်တွင် မုံးကျက်အောက်ဂူ၌ တရားဟောကြားခဲ့ကာ မုံးကျက်၊ မိုင်းပျဉ်းတွင် (၅) ရက်ခန့် သီတင်းသုံးပြီးနောက် ဝါကျွတ်ခရီးစဉ် အဖြစ် မိုင်းပျဉ်းမှ ကာလိ ထီးတင်ပွဲ၊ မိုင်းရှူး ဟိုက်ပါရေတံခွန်၊ တန့်ယန်း လွယ်လိန်း တောင်နှင့် လားရှိုး သိန္နီ လွယ်ဆမ်ဆစ်တောင်တို့သို့ ကြွရောက်မည်ဖြစ်ကြောင်း တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ(စဝ်သုခမ်း)က အသိပေးထားခြင်း ဖြစ်သည်။

အဆိုပါ ဒေသများသို့ ဆရာတော်ကြွရောက်မည့် နေ့ရက်၊ အချိန်တို့ကို အသေးစိတ် အသိပေးထားခြင်း မရှိသေးကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်၊ မုံးကျက်ရွာအနီးရှိ ထမ်ဖာလျမ်လှိုဏ်ဂူတွင် ဝါတွင်းကာလသီတင်းသုံးနေသည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ နံနက် (၉)နာရီ၌ ဂူတွင်းမှ ထွက်လာပြီး ဆံချခြင်း၊ လှူဒါန်းမှုများအား ရေစက်သွန်းချခြင်းများ ပြုလုပ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Sao Su Kham

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~