မိုင္းဆတ္ၿမိဳ႕တြင္ ေစ်းႏွင့္ ကုန္စံုဆုိင္မ်ား၌ စားသံုးရန္မသင့္ အစားအေသာက္မ်ား ေရာင္းခ်မႈ မရိွေစေရး ကြင္းဆင္းစစ္ေဆး

မိုင္းဆတ္ၿမိဳ႕တြင္ ေစ်းႏွင့္ ကုန္စံုဆုိင္မ်ား၌ စားသံုးရန္မသင့္ အစားအေသာက္မ်ား ေရာင္းခ်မႈ မရိွေစေရး ကြင္းဆင္းစစ္ေဆး
အောက်တိုဘာ 30, 2018
By Tachileik News Agency

႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း)  မိုင္းဆတ္ၿမိဳ႕ ၿမိဳ႕မေစ်းႏွင့္ ၿမိဳ႕ေပၚရွိ ကုန္စုံဆိုင္မ်ားတြင္ စားသံုးရန္မသင့္ အစားအေသာက္မ်ား ေရာင္းခ်မႈရွိ မရိွ လိုက္လံစစ္ေဆးျခင္းႏွင့္ အသိပညာေပးျခင္းကို သက္ဆုိင္ရာ ဌာနမ်ား ပူးေပါင္းပါဝင္သည့္ အဖြဲ႕ျဖင့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀) ရက္ေန႔က ကြင္းဆင္း ေဆာင္ရြက္ေၾကာင္း သိရသည္။

"ဒီေန႔ စားသုံးသူေဘးကင္းလုံၿခဳံေရးအတြက္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ၾသဂုတ္ (၂၁) ရက္ေန႔က ျမန္မာ့အလင္းသတင္းစာမွာ စားသုံးရန္မသင့္လို႔ ထုတ္ျပန္ထားတဲ့ World War Craft အခ်ဳိေခ်ာင္း၊ ျမသရဖူ လိေမၼာ္ေဖ်ာ္ရည္၊ ပေလာင္ၾကည္ လက္ဖက္ခ်ဥ္စပ္၊ ပအို႔ဝ္မယ္လက္ဖက္၊ ဦးရွမ္းႀကီး လက္ဖက္ (႐ိုး႐ိုးခ်ဥ္စပ္)၊ ေရႊနန္းေတာ္လက္ဖက္(႐ိုး႐ိုးခ်ဥ္စပ္)န႔ဲ လက္ဖက္(အၫႊန႔္)  အဲဒီ(၇)မ်ဳိး ေရာင္းခ်မႈရွိ မရိွကို အဓိက ကြင္းဆင္းစစ္ေဆး တာပါ။ တစ္ဆိုင္မွ ေရာင္းခ်တာ မေတြ႔ရပါဘူး။ မေရာင္းခ် ဖို႔လည္း အသိပညာေပး ေဆြးေႏြးခဲ့ပါတယ္။ ေနာက္ထပ္ လည္း ကြင္းဆင္းစစ္ေဆးဦးမွာပါ"ဟု မိုင္းဆတ္ၿမိဳ႕နယ္စည္ပင္သာယာေရး အမႈေဆာင္အရာရိွ ဦးေက်ာ္ႏိုင္က ေျပာသည္။

အဆိုပါ ကြင္းဆင္းစစ္ေဆးျခင္းႏွင့္အသိပညာေပးျခင္းလုပ္ငန္းကို ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖဲြ႔တို႔ ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္(မိုင္းဆတ္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ မြို့မဈေးနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့် အစားအသောက်များ ရောင်းချမှုရှိ မရှိ လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို သက်ဆိုင်ရာ ဌာနများ ပူးပေါင်းပါဝင်သည့် အဖွဲ့ဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့က ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။

"ဒီနေ့ စားသုံးသူဘေးကင်းလုံခြုံရေးအတွက် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သြဂုတ် (၂၁) ရက်နေ့က မြန်မာ့အလင်းသတင်းစာမှာ စားသုံးရန်မသင့်လို့ ထုတ်ပြန်ထားတဲ့ World War Craft အချိုချောင်း၊ မြသရဖူ လိမ္မော်ဖျော်ရည်၊ ပလောင်ကြည် လက်ဖက်ချဉ်စပ်၊ ပအို့ဝ်မယ်လက်ဖက်၊ ဦးရှမ်းကြီး လက်ဖက် (ရိုးရိုးချဉ်စပ်)၊ ရွှေနန်းတော်လက်ဖက်(ရိုးရိုးချဉ်စပ်)နဲ့ လက်ဖက်(အညွှန့်) အဲဒီ(၇)မျိုး ရောင်းချမှုရှိ မရှိကို အဓိက ကွင်းဆင်းစစ်ဆေး တာပါ။ တစ်ဆိုင်မှ ရောင်းချတာ မတွေ့ရပါဘူး။ မရောင်းချ ဖို့လည်း အသိပညာပေး ဆွေးနွေးခဲ့ပါတယ်။ နောက်ထပ် လည်း ကွင်းဆင်းစစ်ဆေးဦးမှာပါ"ဟု မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်နိုင်က ပြောသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~