ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးဆိုင္ရာ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာ ၂၀၁၉ တြင္ စတင္အေကာင္အထည္ေဖၚမည္

ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးဆိုင္ရာ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာ ၂၀၁၉ တြင္ စတင္အေကာင္အထည္ေဖၚမည္
အောက်တိုဘာ 3, 2018
By 🌸
၂၀၁၉ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အထိ ငါးႏွစ္တာကာလအတြင္း အေကာင္အထည္ေဖၚမည့္ ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရးဆိုင္ရာ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာကို မဟာဗ်ဴဟာနယ္ပယ္(၅)ရပ္ကို အေျခခံ၍ မူၾကမ္းေရးဆြဲေရးေကာ္မတီက ေရးဆြဲေနေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အထိ ငါးႏွစ္တာကာလအတြင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ အမ်ိဳးသားအဆင့္မဟာဗ်ဴဟာ(မူၾကမ္း)အား မဟာဗ်ဴဟာနယ္ပယ္(၅)ရပ္ကို အေျခခံေရးဆြဲရာတြင္ ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈဆိုင္ရာ အမ်ိဳးသားအဆင့္ ဆုံးရႈံးႏိုင္ေျခ အႏၲရာယ္အကဲျဖတ္ေရးလုပ္ငန္းစဥ္မွ ေဖာ္ထုတ္ေတြ႕ရွိခ်က္မ်ား၊ အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း အျပန္အလွန္အကဲျဖတ္ေရး လုပ္ငန္းစဥ္မွ ေတြ႕ရွိခ်က္မ်ား၊ အျခားသတင္းအခ်က္အလက္မ်ားႏွင့္ ေကာ္မတီဝင္မ်ား၏ ေဆြးေႏြးခ်က္မ်ားအေပၚအေျခခံ၍ ေရးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံမ်ားအလုိက္ေငြေၾကး ခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရး စံႏႈန္းမ်ားအေပၚ လိုက္နာအေကာင္အထည္ေဖာ္ ေဆာင္ရြက္မႈအား အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း အျပန္အလွန္ အကဲျဖတ္သည့္ စနစ္က်င့္သံုးေဆာင္ရြက္သည့္ အာရွ - ပစိဖိတ္ေဒသ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးအဖြဲ႕ (Asia/Pacific Group on Money Laundering-APG)တြင္ ျမန္မာႏိုင္ငံက ၂ဝဝ၆ ခုႏွစ္ မတ္လ (၉) ရက္ေန႔၌ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ခဲ့ရာ အဆိုပါအကဲျဖတ္မႈမ်ားကို မဟာဗ်ဴဟာေရးဆြဲေရးတြင္ ထည့္သြင္းစဥ္းစားမည္ျဖစ္ေၾကာင္း သိရသည္။

မူၾကမ္းေရးဆြဲေရးေကာ္မတီ၏ ပထမအႀကိမ္အစည္းအေဝးကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၆) ရက္ေန႔တြင္ ေနျပည္ေတာ္ရိွ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္၌ က်င္းပခဲ့ၿပီး ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္း ဖက္မႈကို ေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးဆိုင္ရာ အမ်ိဳးသားအဆင့္မဟာဗ်ဴဟာ(မူၾကမ္း) ေရးဆြဲေဆာင္႐ြက္မည့္ အစီအစဥ္အား ေဆြးေႏြးၾကေၾကာင္း သိရသည္။

အဆိုပါအစည္းအေဝးတြင္ ေကာ္မတီဥကၠ႒ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္သူ၊ ေကာ္မတီအတြင္းေရးမႉး ေငြေၾကးဆိုင္ရာမႈခင္း တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ တပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ ေက်ာ္ဝင္းသိန္း၊ ဒုတိယေရွ႕ေနခ်ဳပ္ ဦးဝင္းျမင့္၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးသိန္း၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ အဖြဲ႕ဝင္ ဦးေအာင္လြင္၊ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေမာင္ေမာင္ေက်ာ္၊ ေငြေရးေၾကးေရးႀကီးၾကပ္ စစ္ေဆးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ႏိုင္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဒုတိယရဲခ်ဳပ္ (၂) ရဲဗိုလ္ခ်ဳပ္ ေအာင္ႏိုင္သူ၊ ေကာ္မတီအဖြဲ႕ဝင္မ်ားအပါအဝင္ စုစုေပါင္း (၃၄)ဦး တက္ေရာက္ေဆြးေႏြးၾကေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု - ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ၂၀၁၉ တွင် စတင်အကောင်အထည်ဖေါ်မည်
*************
၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖေါ်မည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို မဟာဗျူဟာနယ်ပယ်(၅)ရပ်ကို အခြေခံ၍ မူကြမ်းရေးဆွဲရေးကော်မတီက ရေးဆွဲနေကြောင်း သိရသည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အမျိုးသားအဆင့်မဟာဗျူဟာ(မူကြမ်း)အား မဟာဗျူဟာနယ်ပယ်(၅)ရပ်ကို အခြေခံရေးဆွဲရာတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ်ရေးလုပ်ငန်းစဉ်မှ ဖော်ထုတ်တွေ့ရှိချက်များ၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး လုပ်ငန်းစဉ်မှ တွေ့ရှိချက်များ၊ အခြားသတင်းအချက်အလက်များနှင့် ကော်မတီဝင်များ၏ ဆွေးနွေးချက်များအပေါ်အခြေခံ၍ ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံများအလိုက်ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး စံနှုန်းများအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှုအား အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်သည့် စနစ်ကျင့်သုံးဆောင်ရွက်သည့် အာရှ - ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia/Pacific Group on Money Laundering-APG)တွင် မြန်မာနိုင်ငံက ၂ဝဝ၆ ခုနှစ် မတ်လ (၉) ရက်နေ့၌ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ရာ အဆိုပါအကဲဖြတ်မှုများကို မဟာဗျူဟာရေးဆွဲရေးတွင် ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

မူကြမ်းရေးဆွဲရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌ ကျင်းပခဲ့ပြီး ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(မူကြမ်း) ရေးဆွဲဆောင်ရွက်မည့် အစီအစဉ်အား ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ၊ ကော်မတီအတွင်းရေးမှူး ငွေကြေးဆိုင်ရာမှုခင်း တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းသိန်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၂) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ကော်မတီအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း (၃၄)ဦး တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ - ပြည်ထဲရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~