ေရနံေျမလုပ္သားမ်ားအခြင့္အေရးဆုိင္ရာ အလုပ္ရံုေဆြးေႏြးပြဲကို ေရနံေျမ(၁၃)ခုမွ လုပ္သားမ်ား ပါဝင္ေဆြးေႏြးေန

ေရနံေျမလုပ္သားမ်ားအခြင့္အေရးဆုိင္ရာ အလုပ္ရံုေဆြးေႏြးပြဲကို ေရနံေျမ(၁၃)ခုမွ လုပ္သားမ်ား ပါဝင္ေဆြးေႏြးေန
အောက်တိုဘာ 27, 2018
By 🌸
ေရနံေျမ (၁၃)ခုမွ အလုပ္သမားမ်ား၊ ျမန္မာႏုိင္ငံလံုးဆုိင္ရာ အလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္ႏွင့္ ဂ်ာမနီအေျခစိုက္ ေဖာင္ေဒးရွင္း FES တို႔က ေရနံေျမလုပ္သားမ်ားအခြင့္အေရးဆုိင္ရာ အလုပ္ရံုေဆြးေႏြးပဲြကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာ(၂၇)ရက္မွ (၂၈)ရက္ေန႔အထိ မေကြးၿမိဳ႕ ထိန္ထိန္သာဟိုတယ္တြင္ က်င္းပေနေၾကာင္း သိရသည္။

“ေရနံေျမအလုပ္သမားတို႔ရဲ႕ အနာဂတ္ဘဝအတြက္ ႀကိဳတင္ျပင္ဆင္ရမယ့္အခ်က္မ်ားဆိုၿပီး အလုပ္ရံုေဆြးေႏြးပဲြေလး လုပ္တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢအဖဲြ႔ခ်ဳပ္နဲ႔ FES လို႔ေခၚတဲ့ ဂ်ာမနီအေျခစိုက္ေဖာင္ေဒးရွင္းတစ္ခုကေန ကူညီပံ့ပိုးေပးမႈနဲ႔ ျပဳလုပ္ႏိုင္တာျဖစ္ၿပီး ေရနံေျမ အလုပ္သမားထုနဲ႔ သက္ဆိုင္တဲ့ အဓိကအခ်က္ႀကီး (၅) ခ်က္အေပၚ ေဆြးေႏြးသြားၾကမွာျဖစ္ပါတယ္”ဟု ေထာက္ရွာပင္ကမ္းနီေရနံေျမ အလုပ္သမားကိုယ္စားလွယ္ ရတနာကမ္းနီသမဂၢ အလုပ္အမႈေဆာင္အဖဲြ႔ ဝင္ ဦးျမင့္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရနံေျမအလုပ္သမားမ်ားႏွင့္ပတ္သက္သည့္  လုပ္ခလစာ၊ အလုပ္ခ်ိန္ႏွင့္ခြင့္ခံစားခြင့္၊ လုပ္ငန္းခြင္အခက္အခဲ၊  ေရနံေျမလုပ္သားတုိ႔၏ အနာဂတ္ဘဝအေျခအေန၊ ေရနံေျမဥပေဒျပင္ဆင္ေရးတို႔ႏွင့္ပတ္သက္၍ ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏အေရးပါလွသည့္ စြမ္းအင္က႑မွ ေရနံေျမအလုပ္သမားမ်ား၏ အလုပ္သမားအခြင့္အေရး ရရိွၾကရန္မွာ အေရးႀကီးသကဲ့သို႔ အလုပ္သမားမ်ားကလည္း မိမိႏိုင္ငံေတာ္အတြက္ ေစတနာထား၍ ႀကိဳးစားလုပ္ေဆာင္သြားၾကရန္ အလုပ္ရံုေဆြးေႏြးပဲြတက္ေရာက္လာသည့္ မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳက အမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသြားသည္။

အလုပ္ရံုေဆြးေႏြးပဲြသို႔ ျပည္၊ ေထာက္ရွာပင္၊ ေခ်ာက္၊ ေညာင္တုန္း အစရိွသည့္ ေရနံေျမ(၁၃)ခုမွ အလုပ္သမားေခါင္းေဆာင္မ်ား၊ အလုပ္သမားသမဂၢအသီးသီးမွ ေခါင္းေဆာင္မ်ား စုစု ေပါင္း အင္အား(၁၀၀)ဦးခန္႔ တက္ေရာက္ေဆြးေႏြးၾကေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရေနံမြေလုပ်သားများအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရေနံမြေ(၁၃)ခုမှ လုပ်သားများ ပါဝင်ဆွေးနွေးနေ
************
ရေနံမြေ (၁၃)ခုမှ အလုပ်သမားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နှင့် ဂျာမနီအခြေစိုက် ဖောင်ဒေးရှင်း FES တို့က ရေနံမြေလုပ်သားများအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ(၂၇)ရက်မှ (၂၈)ရက်နေ့အထိ မကွေးမြို့ ထိန်ထိန်သာဟိုတယ်တွင် ကျင်းပနေကြောင်း သိရသည်။
“ရေနံမြေအလုပ်သမားတို့ရဲ့ အနာဂတ်ဘဝအတွက် ကြိုတင်ပြင်ဆင်ရမယ့်အချက်များဆိုပြီး အလုပ်ရုံဆွေးနွေးပွဲလေး လုပ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နဲ့ FES လို့ခေါ်တဲ့ ဂျာမနီအခြေစိုက်ဖောင်ဒေးရှင်းတစ်ခုကနေ ကူညီပံ့ပိုးပေးမှုနဲ့ ပြုလုပ်နိုင်တာဖြစ်ပြီး ရေနံမြေ အလုပ်သမားထုနဲ့ သက်ဆိုင်တဲ့ အဓိကအချက်ကြီး (၅) ချက်အပေါ် ဆွေးနွေးသွားကြမှာဖြစ်ပါတယ်”ဟု ထောက်ရှာပင်ကမ်းနီရေနံမြေ အလုပ်သမားကိုယ်စားလှယ် ရတနာကမ်းနီသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ဝင် ဦးမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေနံမြေအလုပ်သမားများနှင့်ပတ်သက်သည့်  လုပ်ခလစာ၊ အလုပ်ချိန်နှင့်ခွင့်ခံစားခွင့်၊ လုပ်ငန်းခွင်အခက်အခဲ၊  ရေနံမြေလုပ်သားတို့၏ အနာဂတ်ဘဝအခြေအနေ၊ ရေနံမြေဥပဒေပြင်ဆင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အရေးပါလှသည့် စွမ်းအင်ကဏ္ဍမှ ရေနံမြေအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ရရှိကြရန်မှာ အရေးကြီးသကဲ့သို့ အလုပ်သမားများကလည်း မိမိနိုင်ငံတော်အတွက် စေတနာထား၍ ကြိုးစားလုပ်ဆောင်သွားကြရန် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်၊ ထောက်ရှာပင်၊ ချောက်၊ ညောင်တုန်း အစရှိသည့် ရေနံမြေ(၁၃)ခုမှ အလုပ်သမားခေါင်းဆောင်များ၊ အလုပ်သမားသမဂ္ဂအသီးသီးမှ ခေါင်းဆောင်များ စုစု ပေါင်း အင်အား(၁၀၀)ဦးခန့် တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~