မေကြးတိုင္းအတြင္း တစ္ႏုိင္တစ္ပိုင ္ေရနံခ်က္ဖိုလုပ္ငန္းမ်ား လုပ္ကိုင္ခြင့္ျပဳေရး ဆႏၵထုတ္ေဖၚကာ ေတာင္းဆို

မေကြးတိုင္းအတြင္း တစ္ႏုိင္တစ္ပိုင ္ေရနံခ်က္ဖိုလုပ္ငန္းမ်ား လုပ္ကိုင္ခြင့္ျပဳေရး ဆႏၵထုတ္ေဖၚကာ ေတာင္းဆို
အောက်တိုဘာ 4, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီးတြင္ တစ္ႏိုင္တစ္ပိုင္ ေရနံခ်က္ဖိုလုပ္ငန္းမ်ား လုပ္ကိုင္ခြင့္ျပဳေရးအတြက္ ၿမိဳင္ႏွင့္ ေပါက္ၿမိဳ႕နယ္တို႔မွ ေဒသခံ (၁၅၀)ဦးေက်ာ္က ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၄)ရက္ေန႔ နံနက္ပိုင္းတြင္ ေပါက္ၿမိဳ႕နယ္ သေျပညိဳေရနံေမွာ္၌ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ဆႏၵေဖာ္ထုတ္ၾကေၾကာင္း သိရသည္။

“တိုင္းေဒသႀကီးအစိုးရက ေရနံခ်က္စက္ရံုဇုန္ တည္ေဆာက္ဖို႔ စီစဥ္ေနတာပါ။ အဲဒီစက္ရံုတစ္ရံု တည္ႏိုင္ဖို႔က သိန္းေပါင္း ေထာင္ေသာင္းခ်ီ ရင္းႏွီးျမႇဳပ္ႏွံရမွာျဖစ္လို႔ ပိုက္ဆံခ်မ္းသာတဲ့သူေတြသာ လုပ္ ကိုင္ခြင့္ရၾကမွာျဖစ္ၿပီး လက္ရိွ ေရနံတြင္းတိမ္လုပ္ငန္းလုပ္ကိုင္ေနသူေတြအတြက္ လုပ္ကိုင္ခြင့္ ဆံုးရံွဴးၾကရ မွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ မံုရြာ၊မႏၱေလးတို႔မွာရိွတဲ့ ခ်က္ဖိုေတြကထြက္တဲ့ ဆီအရည္အေသြးထက္ မေလ်ာ့ေစရဘူး။ သဘာဝပတ္ဝန္းက်င္ကိုလည္း မထိခိုက္ေစရဘူး။ ႏိုင္ငံေတာ္နဲ႔ တိုင္းအစိုးရက ေကာက္ ခံမယ့္ အခြန္အခေတြကိုလည္း တာဝန္ေက်ေအာင္ ေပးေဆာင္မယ္။ ကၽြန္ေတာ္တို႔ခ်က္လုပ္တဲ့ဆီကို သံုးစဲြ ႏိုင္တဲ့စက္ပစၥည္းအမ်ိဳးအစားေတြကလည္းရိွေနၿပီးသားမို႔ တစ္ႏိုင္တစ္ပိုင္ ေရနံခ်က္ဖိုလုပ္ငန္းကို လုပ္ ကိုင္ခြင့္ျပဳႏိုင္ေအာင္ အခုလို ဆႏၵေဖာ္ထုတ္ၾကရတာပါ”ဟု ဆႏၵေဖာ္ထုတ္ပဲြတြင္ ပါဝင္သူတစ္ဦးျဖစ္သည့္ ေရနံေမွာ္ လုပ္ငန္းရွင္ ဦးသန္႔ဇင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆႏၵထုတ္ေဖၚသူမ်ားက ေရနံခ်က္ဖိုမ်ား တည္ေထာင္လုပ္ကိုင္ခြင့္ရ႐ွိေရး၊ ေဒသအတြင္း အလုပ္အကိုင္ ရ႐ွိေရး၊ ေရနံလုပ္ငန္း ဖြံၿဖိဳးတိုးတက္ေရးအတြက္ ေဒသဆိုင္ရာ အာဏာပိုင္မ်ားမွ ပံ့ပိုးကူညီေရး၊ ေရနံတြင္းတိမ္လုပ္ငန္းမ်ားႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရးတို႔အတြက္ ေတာင္းဆိုခဲ့ၾကၿပီး  သေျပညိဳေမွာ္ ေရႊလယ္အိုလမ္းေပါက္မွ သရက္ကန္ဇရပ္အထိ ေဒသခံဦးေရ (၁၅၀)ေက်ာ္က (၄) မိုင္ေက်ာ္ခန္႔ လမ္းေလွ်ာက္ ဆႏၵျပခဲ့ၾကျခင္းျဖစ္သည္။

ခ်က္ဖိုမ်ားက ထြက္ရိွသည့္ဆီမွာ အရည္အေသြးမမီသျဖင့္ ယင္းဆီမ်ားအား အသံုးျပဳသည့္ အင္ဂ်င္မ်ားမွာ သတ္မွတ္ထားေသာ သက္တမ္းကာလကုန္ဆံုးသည္အထိ သံုးႏိုင္ျခင္းမရိွေတာ့ဘဲ ျပည္သူ႔ေငြဆံုးရံႈးမႈႏွင့္ ၾကံဳေတြ႔ရမည္ျဖစ္၍  အဆင့္မီဆီထြက္ရိွႏိုင္မည့္ ေရနံခ်က္စက္ရံုဇံုတည္ေထာင္ရန္ ျပည္ေထာင္စုအစိုးရ အဖဲြ႔ႏွင့္ ညိႇႏိွဳင္းဆံုးျဖတ္ျခင္းျဖစ္ၿပီး ေဒသခံမ်ားေတာင္းဆိုေနသည့္ ေရနံခ်က္ဖိုမ်ားက အဆင့္မီဆီ ထုတ္လုပ္ႏိုင္မည္ ဆိုပါက  လုပ္ကိုင္ခြင့္ျပဳသြားမည္ဟု  မေကြးတိုင္း ေဒသႀကီး အစိုးရအဖဲြ႔ သယံဇာတ၊ သဘာဝပတ္ဝန္းက်င္၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဦးျမင့္ေဇာ္က ေျပာၾကားသည္။

မေကြးတိုင္းေဒသႀကီးအတြင္းရိွ ေရနံေမွာ္မ်ားမွ တစ္လလွ်င္ ေရနံစိမ္းေပပါ (၁)သိန္းခြဲခန္႔ ထြက္႐ွိလွ်က္ရိွေၾကာင္းသိရသည္။

အဆိုပါ ဆႏၵေဖာ္ထုတ္ပဲြအား ေပါက္ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးသို႔ အသိေပးတင္ျပ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်းဒေသကြီးတွင် တစ်နိုင်တစ်ပိုင် ရေနံချက်ဖိုလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရေးအတွက် မြိုင်နှင့် ပေါက်မြို့နယ်တို့မှ ဒေသခံ (၁၅၀)ဦးကျော်က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ် သပြေညိုရေနံမှော်၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။

“တိုင်းဒေသကြီးအစိုးရက ရေနံချက်စက်ရုံဇုန် တည်ဆောက်ဖို့ စီစဉ်နေတာပါ။ အဲဒီစက်ရုံတစ်ရုံ တည်နိုင်ဖို့က သိန်းပေါင်း ထောင်သောင်းချီ ရင်းနှီးမြှုပ်နှံရမှာဖြစ်လို့ ပိုက်ဆံချမ်းသာတဲ့သူတွေသာ လုပ် ကိုင်ခွင့်ရကြမှာဖြစ်ပြီး လက်ရှိ ရေနံတွင်းတိမ်လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် လုပ်ကိုင်ခွင့် ဆုံးရှူံးကြရ မှာဖြစ်ပါတယ်။ ကျွန်တော်တို့ မုံရွာ၊မန္တလေးတို့မှာရှိတဲ့ ချက်ဖိုတွေကထွက်တဲ့ ဆီအရည်အသွေးထက် မလျော့စေရဘူး။ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေရဘူး။ နိုင်ငံတော်နဲ့ တိုင်းအစိုးရက ကောက် ခံမယ့် အခွန်အခတွေကိုလည်း တာဝန်ကျေအောင် ပေးဆောင်မယ်။ ကျွန်တော်တို့ချက်လုပ်တဲ့ဆီကို သုံးစွဲ နိုင်တဲ့စက်ပစ္စည်းအမျိုးအစားတွေကလည်းရှိနပြေီးသားမို့ တစ်နိုင်တစ်ပိုင် ရေနံချက်ဖိုလုပ်ငန်းကို လုပ် ကိုင်ခွင့်ပြုနိုင်အောင် အခုလို ဆန္ဒဖော်ထုတ်ကြရတာပါ”ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ရေနံမှော် လုပ်ငန်းရှင် ဦးသန့်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန္ဒထုတ်ဖော်သူများက ရေနံချက်ဖိုများ တည်ထောင်လုပ်ကိုင်ခွင့်ရရှိရေး၊ ဒေသအတွင်း အလုပ်အကိုင် ရရှိရေး၊ ရေနံလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်များမှ ပံ့ပိုးကူညီရေး၊ ရေနံတွင်းတိမ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တောင်းဆိုခဲ့ကြပြီး သပြေညိုမှော် ရွှေလယ်အိုလမ်းပေါက်မှ သရက်ကန်ဇရပ်အထိ ဒေသခံဦးရေ (၁၅၀)ကျော်က (၄) မိုင်ကျော်ခန့် လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ချက်ဖိုများက ထွက်ရှိသည့်ဆီမှာ အရည်အသွေးမမီသဖြင့် ယင်းဆီများအား အသုံးပြုသည့် အင်ဂျင်များမှာ သတ်မှတ်ထားသော သက်တမ်းကာလကုန်ဆုံးသည်အထိ သုံးနိုင်ခြင်းမရှိတော့ဘဲ ပြည်သူ့ငွေဆုံးရှုံးမှုနှင့် ကြုံတွေ့ရမည်ဖြစ်၍ အဆင့်မီဆီထွက်ရှိနိုင်မည့် ရေနံချက်စက်ရုံဇုံတည်ထောင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ညှိနှိုင်းဆုံးဖြတ်ခြင်းဖြစ်ပြီး ဒေသခံများတောင်းဆိုနေသည့် ရေနံချက်ဖိုများက အဆင့်မီဆီ ထုတ်လုပ်နိုင်မည် ဆိုပါက လုပ်ကိုင်ခွင့်ပြုသွားမည်ဟု မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံမှော်များမှ တစ်လလျှင် ရေနံစိမ်းပေပါ (၁)သိန်းခွဲခန့် ထွက်ရှိလျှက်ရှိကြောင်းသိရသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား ပေါက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ အသိပေးတင်ပြ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~