တာခ်ီလိတ္ခရိုင္ေျမစာရင္းရံုးေရွ႕ရွိ အင္ၾကင္းပင္အား လမ္းႏွင့္မလြတ္၍ စည္ပင္က ခုတ္ထစ္ဖယ္ရွားမည္ဆိုသည့္ ကိစၥႏွင့္ ပတ္သက္၍ ေ၀ဖန္မႈမ်ားထြက္ေပၚလာၿပီးေနာက္ မခုတ္ျဖစ္

တာခ်ီလိတ္ခရိုင္ေျမစာရင္းရံုးေရွ႕ရွိ အင္ၾကင္းပင္အား လမ္းႏွင့္မလြတ္၍ စည္ပင္က ခုတ္ထစ္ဖယ္ရွားမည္ဆိုသည့္ ကိစၥႏွင့္ ပတ္သက္၍ ေ၀ဖန္မႈမ်ားထြက္ေပၚလာၿပီးေနာက္ မခုတ္ျဖစ္
အောက်တိုဘာ 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္းရွိ ခရိုင္ေျမစာရင္းရံုးမွ ေဂါက္ကြင္း သြားလမ္းတြင္ လမ္းခ်ဲ႕ရန္ လမ္းေဘးရိွ အင္ၾကင္းပင္အား စည္ပင္သာယာေရးဌာနမွ ခုတ္ပစ္ရန္ စီစဥ္ထားေသာ္လည္း ရပ္ကြက္ေနလူထုက ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၉)ရက္ေန႔က ေဝဖန္သျဖင့္ အပင္အား မခုတ္ေတာ့ဘဲ ေရႊ႕ေျပာင္းစိုက္ပ်ိဳးသည့္ နည္းလမ္းကို အသံုးျပဳသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“လက္႐ွိ အေနထားမွာ ဒီအပင္က လမ္းနဲ႔ မလြတ္ဘူး။ အဲဒီနားေလး နည္းနည္းက်ဥ္းတာေပါ့ေနာ္။ ေနာက္တစ္ခုက ႏွစ္ေပါင္းႏွစ္ဆယ္ေလာက္ သက္တမ္း႐ွိတဲ့ အင္ၾကင္ပင္ႀကီး ပန္းေတြလည္းပြင့္ေနၿပီ။ အဲဒါေတြကို လက္ရိွမွာေတာ့ စည္ပင္က မခုတ္ေသးဘဲ ဆိုင္းငံ့မယ္ေပါ့။ ဒီအပင္ကို ကြၽန္ေတာ္တို႔ အပင္လိုက္ ေရႊ႕ဖို႔ မယ္ဆိုင္ဖက္က ပညာရွင္ေတြနဲ႔တိုင္ပင္ေနတယ္။ အပင္လိုက္ေရႊ႕ဖို႔ အပင္ရွင္မယ္ဆိုၿပီး အာမခံခ်က္ ရမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ေရႊ႕မယ္။ အာမခံခ်က္မရရင္ေတာ့ ဒီအတိုင္းပဲ ထားမွာပါ၊  အာမခံခ်က္ရလို႔ ေရႊ႕မယ္ဆိုရင္လည္း အမ်ားသေဘာတူတဲ့ေနရာကို ေရႊ႕ၿပီးေဆာင္ရြက္မယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သစ္ပင္အား ေရႊ႕ေျပာင္းစိုက္ပ်ိဳးေပးႏုိင္မည့္ ပညာရွင္ကို ထုိင္းႏုိင္ငံ မယ္ဆိုင္ဘက္မွ ငွားရမ္းေဆာင္ရြက္ရန္ ရွာေဖြေနဆဲကာလတြင္ အဆုိပါ လမ္းပိုင္းခ်ဲ႕ထြင္ျခင္းအား ေနရာကြက္၍ ခ်န္ထားခဲ့မည္ျဖစ္ေၾကာင္း သိရသည္။

“အဲဒီလမ္းက ကိုယ့္အားကိုယ္ကိုး အစီအစဥ္နဲ႔ လမ္းခ်ဲ႕လုိက္တာမွာ လမ္းက ေပ(၃၀)ေက်ာ္ေက်ာ္ ခ်ဲ႕တယ္။ အဲဒီလို ခ်ဲ႕တာမွာ ေတာက္ေလွ်ာက္တုိင္းလာေတာ့ ခရိုင္ေျမစာရင္းရံုးေရွ႕နားမွာက လမ္းက ေတာ္ေတာ္ က်ဥ္းေနတယ္။ (၂၇)ေပ၊ (၂၈)ေပေလာက္ပဲရိွမယ္။ ဒီဟာကို ခ်ဲ႕မယ္ဆိုရင္ သစ္ပင္လည္း ဖယ္ရမယ္။ ေျမစာရင္းရံုးဘက္ကလည္း နည္းနည္းဖယ္ရမယ္။ အဲဒီလိုျဖစ္ေနေတာ့ ဒီနားကို လမ္းခ်ဲ႕ဖို႔ကို ကၽြန္ေတာ္တုိ႔က စဥ္းစားေနတုန္းပါ။ အပင္ခုတ္မယ္ဆိုရင္ ဒီဘက္ တေလွ်ာက္လံုး မလြတ္တာေတြ ခုတ္လာတာေတာင္ အဲဒီနားမွာေတာ့ အင္ၾကင္းပင္က အပြင့္လည္းပြင့္ေနတာရယ္၊ ရွားရွားပါးပါးလည္း ျဖစ္ေနတာေၾကာင့္ အပင္ကို မခုတ္ေသးဘဲ ခ်န္ထားေပးတာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန မွ အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

“နက္ျဖန္ဆို ဆိုင္ေရွ႕က အသက္ဆယ္ႏွစ္ေက်ာ္ရိွတဲ့ အင္ၾကင္းပင္ႀကီးကို ႏႈတ္ပစ္ေတာ့မွာတဲ့”ဟု အဆိုပါရပ္ကြက္မွ အမ်ိဳးသမီးတစ္ဦးက လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးတင္လိုက္ၿပီးေနာက္ သစ္ပင္ခုတ္ခံရမည္ကို ဝမ္းနည္း စိတ္မေကာင္းျဖစ္ရေၾကာင္း ေဝဖန္မႈမ်ားရိွလာျခင္းျဖစ္ၿပီး အလားတူ တည္ေဆာက္ေနဆဲ တာခ်ီလိတ္ခရိုင္စုေပါင္းရံုးအေဆာက္အဦတြင္ အေဆာက္အဦေပၚလြင္ေစရန္ အနီးရိွ သစ္ပင္မ်ားအား ခုတ္ပစ္ခဲ့သည္ကိုလည္း ေဝဖန္ေနသည္ကို ေတြ႔ရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ခရိုင်မြေစာရင်းရုံးမှ ဂေါက်ကွင်း သွားလမ်းတွင် လမ်းချဲ့ရန် လမ်းဘေးရှိ အင်ကြင်းပင်အား စည်ပင်သာယာရေးဌာနမှ ခုတ်ပစ်ရန် စီစဉ်ထားသော်လည်း ရပ်ကွက်နေလူထုက ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့က ဝေဖန်သဖြင့် အပင်အား မခုတ်တော့ဘဲ ရွှေ့ပြောင်းစိုက်ပျိုးသည့် နည်းလမ်းကို အသုံးပြုသွားတော့မည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ အနေထားမှာ ဒီအပင်က လမ်းနဲ့ မလွတ်ဘူး။ အဲဒီနားလေး နည်းနည်းကျဉ်းတာပေါ့နော်။ နောက်တစ်ခုက နှစ်ပေါင်းနှစ်ဆယ်လောက် သက်တမ်းရှိတဲ့ အင်ကြင်ပင်ကြီး ပန်းတွေလည်းပွင့်နပြေီ။ အဲဒါတွေကို လက်ရှိမှာတော့ စည်ပင်က မခုတ်သေးဘဲ ဆိုင်းငံ့မယ်ပေါ့။ ဒီအပင်ကို ကျွန်တော်တို့ အပင်လိုက် ရွှေ့ဖို့ မယ်ဆိုင်ဖက်က ပညာရှင်တွေနဲ့တိုင်ပင်နေတယ်။ အပင်လိုက်ရွှေ့ဖို့ အပင်ရှင်မယ်ဆိုပြီး အာမခံချက် ရမယ်ဆိုရင်တော့ ကျွန်တော်တို့ရွှေ့မယ်။ အာမခံချက်မရရင်တော့ ဒီအတိုင်းပဲ ထားမှာပါ၊ အာမခံချက်ရလို့ ရွှေ့မယ်ဆိုရင်လည်း အများသဘောတူတဲ့နေရာကို ရွှေ့ပြီးဆောင်ရွက်မယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သစ်ပင်အား ရွှေ့ပြောင်းစိုက်ပျိုးပေးနိုင်မည့် ပညာရှင်ကို ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ ငှါးရမ်းဆောင်ရွက်ရန် ရှာဖွေနေဆဲကာလတွင် အဆိုပါ လမ်းပိုင်းချဲ့ထွင်ခြင်းအား နေရာကွက်၍ ချန်ထားခဲ့မည်ဖြစ်ကြောင်း သိရသည်။

“အဲဒီလမ်းက ကိုယ့်အားကိုယ်ကိုး အစီအစဉ်နဲ့ လမ်းချဲ့လိုက်တာမှာ လမ်းက ပေ(၃၀)ကျော်ကျော် ချဲ့တယ်။ အဲဒီလို ချဲ့တာမှာ တောက်လျှောက်တိုင်းလာတော့ ခရိုင်မြေစာရင်းရုံးရှေ့နားမှာက လမ်းက တော်တော် ကျဉ်းနေတယ်။ (၂၇)ပေ၊ (၂၈)ပေလောက်ပဲရှိမယ်။ ဒီဟာကို ချဲ့မယ်ဆိုရင် သစ်ပင်လည်း ဖယ်ရမယ်။ မြေစာရင်းရုံးဘက်ကလည်း နည်းနည်းဖယ်ရမယ်။ အဲဒီလိုဖြစ်နေတော့ ဒီနားကို လမ်းချဲ့ဖို့ကို ကျွန်တော်တို့က စဉ်းစားနေတုန်းပါ။ အပင်ခုတ်မယ်ဆိုရင် ဒီဘက် တလျှောက်လုံး မလွတ်တာတွေ ခုတ်လာတာတောင် အဲဒီနားမှာတော့ အင်ကြင်းပင်က အပွင့်လည်းပွင့်နေတာရယ်၊ ရှားရှားပါးပါးလည်း ဖြစ်နေတာကြောင့် အပင်ကို မခုတ်သေးဘဲ ချန်ထားပေးတာပါ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

“နက်ဖြန်ဆို ဆိုင်ရှေ့က အသက်ဆယ်နှစ်ကျော်ရှိတဲ့ အင်ကြင်းပင်ကြီးကို နှုတ်ပစ်တော့မှာတဲ့”ဟု အဆိုပါရပ်ကွက်မှ အမျိုးသမီးတစ်ဦးက လူမှုကွန်ယက်စာမျက်နှာတွင် ရေးတင်လိုက်ပြီးနောက် သစ်ပင်ခုတ်ခံရမည်ကို ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ဝေဖန်မှုများရှိလာခြင်းဖြစ်ပြီး အလားတူ တည်ဆောက်နေဆဲ တာချီလိတ်ခရိုင်စုပေါင်းရုံးအဆောက်အဦတွင် အဆောက်အဦပေါ်လွင်စေရန် အနီးရှိ သစ်ပင်များအား ခုတ်ပစ်ခဲ့သည်ကိုလည်း ဝေဖန်နေသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~