ေက်ာက္မီးေသြးတြင္း ေပါက္ကဲြမႈ ျဖစ္ပြား၍ (၃)ဦးေသ၊ (၁)ဦးဒဏ္ရာရၿပီး (၅)ဦး ပိတ္မိေန

ေက်ာက္မီးေသြးတြင္း ေပါက္ကဲြမႈ ျဖစ္ပြား၍ (၃)ဦးေသ၊ (၁)ဦးဒဏ္ရာရၿပီး (၅)ဦး ပိတ္မိေန
စက်တင်ဘာ 6, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ဂန႔္ေဂါခ႐ိုင္၊ ေဆာၿမိဳ႕နယ္၊ ေက်ာက္ေျမာင္းေက်း႐ြာႏွင့္ (၂)မိုင္ခန႔္အကြာရိွ ထြန္းရာဇ သတၱဳတြင္း တူးေဖာ္ေရးကုမၸဏီလီမီတက္မွ လုပ္ကိုင္လွ်က္ရိွေသာ ေက်ာက္မီးေသြးတြင္း၌ ၂၀၁၈ခုႏွစ္ စက္တင္ဘာလ (၆) ရက္ နံနက္ပိုင္းက ေပါက္ကြဲမႈျဖစ္၍ (၃)ဦးေသဆုံးၿပီး (၁)ဦးဒဏ္ရာရရိွကာ (၅)ဦးပိတ္မိေနေၾကာင္း သိရသည္။

စက္တင္ဘာ(၆)ရက္ နံနက္ (၁၀)နာရီ (၁၅)မိနစ္အခ်ိန္ခန္႔တြင္ ထြန္းရာဇ သတၱဳတြင္း တူးေဖာ္ေရး ကုမၸဏီလီမီတက္မွ အလုပ္သမားေခါင္းေဆာင္ ကိုႏိုင္ဦး ဦးေဆာင္သည့္(၁၃)ဦးအဖြဲ႕သည္ ေက်ာက္မီး ေသြးတြင္းအတြင္း ဆင္းသြားစဥ္ ေပ(၃၀၀)ေက်ာ္သို႔အေရာက္၌ ေပါက္ကဲြမႈျဖစ္ပြားျခင္း ျဖစ္ေၾကာင္း ကိုႏိုင္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

ေက်ာက္မီးေသြးအတြင္း ဆင္းသြားသူ(၁၃)ဦးအနက္ (၇)ဦးမွာ ျပန္ထြက္ႏိုင္ခဲ့သည့္ အနက္ (၂)ဦးမွာ တစ္ကိုယ္လံုး စုတ္ျပတ္ဒဏ္ရာမ်ားရရိွၿပီး (၁)ဦးမွာ ဦးေခါင္းမီးေလာင္ဒဏ္ရာရရိွထား၍ ေဆာၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ရာ တစ္ကိုယ္လံုး စုတ္ျပတ္ဒဏ္ရာ ရရိွထားသူ(၂)ဦးမွာ လမ္းတြင္ ေသဆံုးသြားေၾကာင္း ေဆာၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုးမွ သိရသည္။

"သဘာဝဓာတ္ေငြ႔နဲ႔ ေအာက္ဆီဂ်င္ ထိေတြ႔မႈျဖစ္ၿပီး ေပါက္ကဲြမႈျဖစ္တာလို႔ သံုးသပ္ေတြ႔ရိွရပါတယ္။ ေလာေလာဆယ္ (၃) ေယာက္ေသ၊ (၁) ေယာက္ ဒဏ္ရာရၿပီး တြင္းထဲမွာ (၅) ေယာက္ က်န္ေနပါ ေသးတယ္။ ေပါက္ကဲြမႈေၾကာင့္ အထဲမွာ ေအာက္ဆီဂ်င္ျပတ္ေနလို႔ ကယ္ဆယ္ေရး အဖဲြ႔ေတြ အေနနဲ႔ ဆင္းဆယ္ဖို႔ အ ခက္အခဲနဲ႔ ႀကံဳေတြ႔ေနပါတယ္"ဟု ေဆာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးရံုးမွ ရဲအရာရိွတစ္ဦးက ေျပာသည္။

တြင္းထဲ၌ က်န္ရိွေနသူ(၆)ဦးအား ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးျမဝင္း၊ ေဆာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴး ေဇာ္လင္း ဦးေဆာင္ေသာ တပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ အဆိုပါ ေက်ာက္မီးေသြးတြင္းမွ အလုပ္သမားမ်ားက ျပင္ပသို႔ ကယ္ထုတ္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိရာ ညေန (၃) နာရီ (၄၅) မိနစ္အခ်ိန္ခန္႔တြင္ အသက္ (၁၇) ႏွစ္ရွိ ေမာင္ေအာင္ဇင္ထြန္း၏ အေလာင္းအား ထုတ္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဆာၿမိဳ႕မရဲစခန္းမွ ထြန္းရာဇ သတၳဳတူးေဖာ္ေရးကုမၸဏီမန္ေနဂ်ာ မင္းမင္းဦးအား (ပ)၁၁၀/၂၀၁၈၊ ရာဇဝတ္မႈပုဒ္မ ၃၀၄(က)/၃၃၈ ျဖင့္ အမႈဖြင့္ အေရးယူ စစ္ေဆးေဆာင္ ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ေအာင္စိုးလင္း



~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်မြောင်းကျေးရွာနှင့် (၂)မိုင်ခန့်အကွာရှိ ထွန်းရာဇ သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီလီမီတက်မှ လုပ်ကိုင်လျှက်ရှိသော ကျောက်မီးသွေးတွင်း၌ ၂၀၁၈ခုနှစ် စက်တင်ဘာလ (၆) ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်၍ (၃)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိကာ (၅)ဦးပိတ်မိနေကြောင်း သိရသည်။

စက်တင်ဘာ(၆)ရက် နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် ထွန်းရာဇ သတ္တုတွင်း တူးဖော်ရေး ကုမ္ပဏီလီမီတက်မှ အလုပ်သမားခေါင်းဆောင် ကိုနိုင်ဦး ဦးဆောင်သည့်(၁၃)ဦးအဖွဲ့သည် ကျောက်မီး သွေးတွင်းအတွင်း ဆင်းသွားစဉ် ပေ(၃၀၀)ကျော်သို့အရောက်၌ ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်ကြောင်း ကိုနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ကျောက်မီးသွေးအတွင်း ဆင်းသွားသူ(၁၃)ဦးအနက် (၇)ဦးမှာ ပြန်ထွက်နိုင်ခဲ့သည့် အနက် (၂)ဦးမှာ တစ်ကိုယ်လုံး စုတ်ပြတ်ဒဏ်ရာများရရှိပြီး (၁)ဦးမှာ ဦးခေါင်းမီးလောင်ဒဏ်ရာရရှိထား၍ ဆောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာ တစ်ကိုယ်လုံး စုတ်ပြတ်ဒဏ်ရာ ရရှိထားသူ(၂)ဦးမှာ လမ်းတွင် သေဆုံးသွားကြောင်း ဆောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"သဘာဝဓာတ်ငွေ့နဲ့ အောက်ဆီဂျင် ထိတွေ့မှုဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တာလို့ သုံးသပ်တွေ့ရှိရပါတယ်။ လောလောဆယ် (၃) ယောက်သေ၊ (၁) ယောက် ဒဏ်ရာရပြီး တွင်းထဲမှာ (၅) ယောက် ကျန်နေပါ သေးတယ်။ ပေါက်ကွဲမှုကြောင့် အထဲမှာ အောက်ဆီဂျင်ပြတ်နေလို့ ကယ်ဆယ်ရေး အဖွဲ့တွေ အနေနဲ့ ဆင်းဆယ်ဖို့ အ ခက်အခဲနဲ့ ကြုံတွေ့နေပါတယ်"ဟု ဆောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

တွင်းထဲ၌ ကျန်ရှိနေသူ(၆)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ ဆောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အဆိုပါ ကျောက်မီးသွေးတွင်းမှ အလုပ်သမားများက ပြင်ပသို့ ကယ်ထုတ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ညနေ (၃) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် အသက် (၁၇) နှစ်ရှိ မောင်အောင်ဇင်ထွန်း၏ အလောင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆောမြို့မရဲစခန်းမှ ထွန်းရာဇ သတ္ထုတူးဖော်ရေးကုမ္ပဏီမန်နေဂျာ မင်းမင်းဦးအား (ပ)၁၁၀/၂၀၁၈၊ ရာဇဝတ်မှုပုဒ်မ ၃၀၄(က)/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - အောင်စိုးလင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~