MLM လုပ္ကိုင္ေဆာင္ရြက္ေနသည္ကို စံုစမ္းေတြ႕ရွိပါက အေရးႀကီး ကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒျဖင့္ အေရးယူမည္

MLM လုပ္ကိုင္ေဆာင္ရြက္ေနသည္ကို စံုစမ္းေတြ႕ရွိပါက အေရးႀကီး ကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒျဖင့္ အေရးယူမည္
စက်တင်ဘာ 18, 2018
By Tachileik News Agency

MLM လုပ္ကိုင္ေဆာင္ရြက္ေနသည္ကို စံုစမ္းေတြ႕ရွိပါက အေရးႀကီး ကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒ ပုဒ္မ ၅ အရ အေရးယူခံရမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၁၈)ရက္ေန႔တြင္ အမိန္႔ေၾကာ္ျငာစာထုတ္ျပန္ တားျမစ္လုိက္သည္။

ႏုိင္ငံေတာ္အစိုးရအဖြဲ႕၏ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာအမွတ္ ၉၄/၂၀၁၈ အရ အပ္ႏွင္းထားသည့္ လုပ္ပိုင္ခြင့္ကို က်င့္သံုး၍ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနသည္ ဆင့္ပြား ေစ်းကြက္ျဖန္႔ခ်ိေရး လုပ္ငန္း (Multi Level Marketing –MLM)ကို တားျမစ္သည့္ အမိန္႔ေၾကာ္ျငာစာ အမွတ္ (၄၆/၂၀၁၈)ကို ထုတ္ျပန္လုိက္သည္ကို ေတြ႔ရသည္။

၂၀၁၂ ခုႏွစ္တြင္ အတည္ျပဳခဲ့သည့္ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈမ်ားဥပေဒအရ ကုန္စည္ တစ္မ်ိဳးမ်ိဳးကို အေရးႀကီးကုန္စည္အျဖစ္ သတ္မွတ္ေၾကညာၿပီး ယင္းကုန္စည္ႏွင့္စပ္လ်ဥ္း၍ တင္သြင္းမႈ၊ တင္ပို႔မႈ၊ ေရာင္းဝယ္မႈ၊ လက္ဝယ္ထားမႈ၊ သိုေလွာင္မႈ၊ သယ္ေဆာင္မႈ၊ ျဖန္႔ျဖဴးမႈ၊ အသုံးျပဳမႈ၊ စားသုံးမႈတို႔ႏွင့္ သက္ဆိုင္သည့္ကိစၥရပ္မ်ား၊ ဝန္ေဆာင္မႈတစ္မ်ိဳးမ်ိဳးကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ ေၾကညာၿပီး ယင္းဝန္ေဆာင္မႈႏွင့္ သက္ဆိုင္သည့္ ကိစၥရပ္မ်ားကို ျပည္ေထာင္စုအစိုးရအဖြဲ႔သည္ တားျမစ္မိန္႔၊ စည္းမ်ဥ္း သတ္မွတ္မိန္႔၊ ႀကီးၾကပ္မိန္႔၊ ကာကြယ္မိန္႔ႏွင့္ လိုအပ္သလို ေဆာင္ရြက္ေစသည့္ အမိန္႔ထုတ္ျပန္နိုင္ခြင့္ကို သက္ဆိုင္ရာဝန္ႀကီးဌာန တစ္ခုခုအား အပ္ႏွင္းနိုင္သည္ဟု ျပဌာန္းထားျခင္းျဖစ္သည္။

ယင္းကဲ့သို႔ ထုတ္ျပန္ထားသည့္ အမိန္႔ကို ေဖာက္ဖ်က္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရပါက အနည္းဆုံး ေထာင္ဒဏ္ (၆)လမွ အမ်ားဆုံး ေထာင္ဒဏ္ (၃)ႏွစ္အထိ ခ်မွတ္ရမည့္ျပင္ က်ပ္(၅)သိန္းထက္ မပိုေသာ ေငြဒဏ္လည္း ခ်မွတ္ျခင္း၊ ျပစ္မႈႏွင့္ သက္ဆိုင္သည့္ သက္ေသခံပစၥည္းမ်ားကို ဖ်က္ဆီးေစရန္ျဖစ္ေစ၊ နိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္းေစရန္ျဖစ္ေစ၊ အျခားနည္း စီမံခန္႔ခြဲရန္ျဖစ္ေစ တရားရံုးက အမိန္႔ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။

အဆုိပါ ဥပေဒပါ ျပစ္မႈမ်ားကို ရဲအေရးယူပိုင္ခြင့္ရွိေသာ ျပစ္မႈမ်ားအျဖစ္ သတ္မွတ္ထားျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

MLM လုပ်ကိုင်ဆောင်ရွက်နေသည်ကို စုံစမ်းတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန် တားမြစ်လိုက်သည်။

နိုင်ငံတော်အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် သြဂုတ်လ(၃၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၄/၂၀၁၈ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆင့်ပွား ဈေးကွက်ဖြန့်ချိရေး လုပ်ငန်း (Multi Level Marketing –MLM)ကို တားမြစ်သည့် အမိန့်ကြော်ငြာစာ အမှတ် (၄၆/၂၀၁၈)ကို ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။

၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့သည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများဥပဒေအရ ကုန်စည် တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာပြီး ယင်းကုန်စည်နှင့်စပ်လျဉ်း၍ တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ ဝန်ဆောင်မှုတစ်မျိုးမျိုးကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ် ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့သည် တားမြစ်မိန့်၊ စည်းမျဉ်း သတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလို ဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုခုအား အပ်နှင်းနိုင်သည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်ထားသည့် အမိန့်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံး ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်ရမည့်ပြင် ကျပ်(၅)သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်း၊ ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးစေရန်ဖြစ်စေ၊ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန်ဖြစ်စေ၊ အခြားနည်း စီမံခန့်ခွဲရန်ဖြစ်စေ တရားရုံးက အမိန့်ချမှတ်နိုင်ကြောင်း သိရသည်။

အဆိုပါ ဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~