တာခ်ီလိတ္ၿမိဳ႕အထြက္ မယ္ယန္းပူးေပါင္း စစ္ေဆးေရးဂိတ္တြင္ ခြင့္ျပဳခ်က္မဲ့ ၀ိုင္ပုလင္း (၄၃၀၀) သိမ္းဆည္းရမိ

တာခ်ီလိတ္ၿမိဳ႕အထြက္ မယ္ယန္းပူးေပါင္း စစ္ေဆးေရးဂိတ္တြင္ ခြင့္ျပဳခ်က္မဲ့ ၀ိုင္ပုလင္း (၄၃၀၀) သိမ္းဆည္းရမိ
စက်တင်ဘာ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕အဝင္ မယ္ယန္းပူးေပါင္း စစ္ေဆးေရးဂိတ္တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၄)ရက္ေန႔ နံနက္ပိုင္းက ဝိုင္ပုလင္းမ်ား သယ္ေဆာင္လာသည့္ ယာဥ္ကို ပူးေပါင္းအဖြဲ႕က စစ္ေဆးရာမွ ခြင့္ျပဳခ်က္ မရိွဘဲ ထုတ္လုပ္ျဖန္႔ျဖဴးေနသည့္ တာခ်ီလိတ္ၿမိဳ႕မွ ဝိုင္လုပ္ငန္းတစ္ခုကို စစ္ေဆးေတြ႔ ရိွရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕အထြက္ မယ္ယန္းကုန္သြယ္ေရးစခန္းတြင္ စက္တင္ဘာလ(၄)ရက္ေန႔ ညေန(၃)နာရီ (၄၅)မိနစ္ဝန္းက်င္က တာခ်ီလိတ္ၿမိဳ႕မွ က်ိဳင္းတံုၿမိဳ႕ဘက္သို႔ က်င္းရွန္းရႈံေမာင္းႏွင္ၿပီး က်န္ယူေဆ လုိက္ပါ လာသည့္ လုိက္ထရပ္ ေမာ္ေတာ္ယာဥ္တြင္ ဝုိင္ပုလင္းေပါင္း (၄,၃၀၀)ကို ေတြ႔ရသျဖင့္ လိုအပ္သည့္ အေထာက္အထားမ်ားအား စစ္ေဆးရာ ျဖန္႔ျဖဴးေရာင္းခ်ခြင့္ မရိွဘဲ သယ္ေဆာင္လာသည္ကို စစ္ေဆး ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ La Chill အမွတ္တံဆိပ္ဝိုင္ကို ထုတ္လုပ္ခြင့္ မရိွဘဲ တာခ်ီလိတ္ၿမိဳ႕၊ ပါလွ်ံရပ္ကြက္တြင္ ထုတ္လုပ္ၿပီး က်ိဳင္းတံုႏွင့္ လားရိႈးၿမိဳ႕မ်ားသို႔ တင္ပို႔ျဖန္႔ျဖဴးေနျခင္းျဖစ္ေၾကာင္း သိရသည္။

က်င္းရွန္းရႈံ ႏွင့္ က်န္ယူေဆတို႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၉၄/၂၀၁၈၊ ၁၉၂၅ ခုႏွစ္၊ ရွမ္းျပည္နယ္ယစ္မ်ိဳး အမိန္႔ အပိုဒ္ ၃ အရ အမႈဖြင့္ကာ စစ္ေဆးမႈမ်ားထားေၾကာင္း သိရသည္။

ျပည္တြင္း၊ ျပည္ပမွ ထုတ္လုပ္သည့္ အရက္၊ ဘီယာ၊ ဝိုင္စသည္ တို႔ကို ျဖန္႔ျဖဴးေရာင္းခ် လိုပါက အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ ယစ္မ်ိဳးလုိင္စင္ ေလွ်ာက္ထားရန္ လိုအပ္သကဲ့သို႔ ထုတ္လုပ္ခြင့္အတြက္ကိုလည္း FDA ခြင့္ျပဳခ်က္ အပါအဝင္ ထုတ္လုပ္ခြင့္ ေလွ်ာက္ထားရယူရန္ လိုအပ္ျခင္းျဖစ္ကာ ထုတ္လုပ္၊ ျဖန္႔ျဖဴး ေရာင္းခ်မည့္ အရက္၊ဘီယာ၊ဝုိင္တုိ႔ကို သက္ဆုိင္ရာက ဓါတ္ခြဲစမ္းသပ္စစ္ေဆးၿပီးမွ ခြင့္ျပဳခ်က္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အဝင် မယ်ယန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက ဝိုင်ပုလင်းများ သယ်ဆောင်လာသည့် ယာဉ်ကို ပူးပေါင်းအဖွဲ့က စစ်ဆေးရာမှ ခွင့်ပြုချက် မရှိဘဲ ထုတ်လုပ်ဖြန့်ဖြူးနေသည့် တာချီလိတ်မြို့မှ ဝိုင်လုပ်ငန်းတစ်ခုကို စစ်ဆေးတွေ့ ရှိရကြောင်း သိရသည်။

တာချီလိတ်မြို့အထွက် မယ်ယန်းကုန်သွယ်ရေးစခန်းတွင် စက်တင်ဘာလ(၄)ရက်နေ့ ညနေ(၃)နာရီ (၄၅)မိနစ်ဝန်းကျင်က တာချီလိတ်မြို့မှ ကျိုင်းတုံမြို့ဘက်သို့ ကျင်းရှန်းရှုံမောင်းနှင်ပြီး ကျန်ယူဆေ လိုက်ပါ လာသည့် လိုက်ထရပ် မော်တော်ယာဉ်တွင် ဝိုင်ပုလင်းပေါင်း (၄,၃၀၀)ကို တွေ့ရသဖြင့် လိုအပ်သည့် အထောက်အထားများအား စစ်ဆေးရာ ဖြန့်ဖြူးရောင်းချခွင့် မရှိဘဲ သယ်ဆောင်လာသည်ကို စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ La Chill အမှတ်တံဆိပ်ဝိုင်ကို ထုတ်လုပ်ခွင့် မရှိဘဲ တာချီလိတ်မြို့၊ ပါလျှံရပ်ကွက်တွင် ထုတ်လုပ်ပြီး ကျိုင်းတုံနှင့် လားရှိုးမြို့များသို့ တင်ပို့ဖြန့်ဖြူးနခြေင်းဖြစ်ကြောင်း သိရသည်။

ကျင်းရှန်းရှုံ နှင့် ကျန်ယူဆေတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၉၄/၂၀၁၈၊ ၁၉၂၅ ခုနှစ်၊ ရှမ်းပြည်နယ်ယစ်မျိုး အမိန့် အပိုဒ် ၃ အရ အမှုဖွင့်ကာ စစ်ဆေးမှုများထားကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သည့် အရက်၊ ဘီယာ၊ ဝိုင်စသည် တို့ကို ဖြန့်ဖြူးရောင်းချ လိုပါက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ယစ်မျိုးလိုင်စင် လျှောက်ထားရန် လိုအပ်သကဲ့သို့ ထုတ်လုပ်ခွင့်အတွက်ကိုလည်း FDA ခွင့်ပြုချက် အပါအဝင် ထုတ်လုပ်ခွင့် လျှောက်ထားရယူရန် လိုအပ်ခြင်းဖြစ်ကာ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချမည့် အရက်၊ဘီယာ၊ဝိုင်တို့ကို သက်ဆိုင်ရာက ဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီးမှ ခွင့်ပြုချက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~