
စက်တင်ဘာ 16, 2018
By 🌸


သတင်း #ကြည်စိုးလင်း

~~~~~~~~⊰❂ unicode ~~~~~~~~
(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို  ကျိုင်းတုံမြို့ သာသနာ့ပါလပရိယတ္တိစာသင်တိုက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
*****************
(၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်ရှိ သာသနာ့ပါလပရိယတ္တိစာသင်တိုက်(ဝါးကျောင်း)တွင် ရဲတပ်ဖွဲ့ဝင် (၇၅)ဦးက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြကြောင်း သိရသည်။

ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး၊  ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ အမှတ်(၁၆) ယာဉ်ထိန်းတပ်ဖွဲ့စု(ကျိုင်းတုံ)တို့မှ တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ကြည်စိုးလင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~