မိုင်းဆတ်မြို့နယ် ကုန်းကုလားတွင် မူးယစ်ဆေး ဖမ်းဆီးရမိ

မိုင်းဆတ်မြို့နယ် ကုန်းကုလားတွင် မူးယစ်ဆေး ဖမ်းဆီးရမိ
သြဂုတ် 26, 2018
By Tachileik News Agency




ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ဝိန်းနေ(ကုန်းကုလား)ရပ်ကွက်အတွင်း မူးယစ်သတင်းရ နေအိမ်အား ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁၈၅)ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ဒုရဲမှူး မျိုးခိုင်ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီ (၄၅)မိနစ်တွင် မူးယစ်သတင်းရသည့် ဝေဟင်ကျော်(ခ) ဆားမူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် အိပ်ခန်း ကုတင်အောက်တွင် ပုလင်းဖြင့် ထည့်ထားသည့် စိတ်ကြွဆေးပြား (၁၈၅)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ဝေဟင်ကျော်(ခ)ဆားမူအား မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ)၂၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~