အလုပ်သင်ရှေ့နေ အမျိုးသမီးကို ခင်ပွန်းဟောင်းမှ သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေ၍ တွေ့ရှိပါက နီးစပ်ရာရဲတပ်ဖွဲ့ထံ အကြောင်းကြားရန် သတင်းထုတ်ပြန်ထား

အလုပ်သင်ရှေ့နေ အမျိုးသမီးကို ခင်ပွန်းဟောင်းမှ သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေ၍ တွေ့ရှိပါက နီးစပ်ရာရဲတပ်ဖွဲ့ထံ အကြောင်းကြားရန် သတင်းထုတ်ပြန်ထား
သွဂုတျ 27, 2018
By Tachileik News Agency




အဆိုပါ အောင်စိုး(ခ)မောင်စိုးသည် ပျော်ဘွယ်မြို့နယ်တရားရုံး၌ ကွာရှင်းပြတ်ဆဲပေးခဲ့ရခြင်းကို မကျေနပ်၍ လူချင်းတွေ့တိုင်း အမြဲရန်ပြု ပြဿနာရှာလေ့ရှိကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

နပြေည်တော်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့က အလုပ်သင် ရှေ့နေအမျိုးသမီးကို သတ်ပြီး ထွက်ပြေးနေသည့် အသက်(၄၅)နှစ်အရွယ် အောင်စိုး(ခ)မောင်စိုးအား တွေ့ရှိပါက နီးစပ်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားရန် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အောင်စိုး(ခ)မောင်စိုး၏ နိုင်ငံသားစိစစ်ရေးနံပါတ်မှာ ၈/မသန(နိုင်)ဝ၁၆၂၈၇ ဖြစ်ပြီး တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာအုပ်စု၊ ဆည်ထိပ်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အလုပ်သင် ရှေ့နေအမျိုးသမီးသည် ဖခင်ဖြစ်သူနှင့်အတူ သြဂုတ်လ(၂၇)ရက်နေ့ နံနက်(၈)နာရီက တပ်ကုန်းမြို့နယ် တရားရုံးသို့ ထွက်လာစဉ် ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင် အမှတ် (၂၇၃/၁) အနီး၌ လွန်ခဲ့သည့် (၁)လခန့်က တရားဝင်ကွာ ရှင်းထားသည့် ခင်ပွန်းဟောင်းကို ရုတ်တရက်တွေ့သဖြင့် ဆိုင်ကယ်အား လမ်းဘေးချရပ်၍ တိမ်းရှောင်နေစဉ် အဆိုပါ အမျိုးသားက အနားကပ်လာပြီး လွယ်အိတ် အတွင်းမှ ဓားမြှောင်ကိုထုတ်ကာ လည်ပင်းအား လှီးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အောင်စိုး(ခ)မောင်စိုးသည် ပျော်ဘွယ်မြို့နယ်တရားရုံး၌ ကွာရှင်းပြတ်စဲပေးခဲ့ရခြင်းကို မကျေနပ်၍ လူချင်းတွေ့တိုင်း အမြဲရန်ပြု ပြဿနာရှာလေ့ရှိကြောင်း သိရသည်။

အောင်စိုး(ခ)မောင်စိုးကို တပ်ကုန်းမြို့မရဲစခန်းတွင် (ပ)၂၁၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~