တာချီလိတ် - မိုင်းဆတ် လမ်းပိုင်း(၇)ပိုင်းကို ၀န်ကြီးဌာန(၂)ခုက မကြာမီ လွှဲပြောင်းလက်ခံမည်

တာချီလိတ် - မိုင်းဆတ် လမ်းပိုင်း(၇)ပိုင်းကို ၀န်ကြီးဌာန(၂)ခုက မကြာမီ လွှဲပြောင်းလက်ခံမည်
သွဂုတျ 24, 2018
By Tachileik News Agency

UWSA “ဝ” အထူးဒေသ(၂)က လွှဲပြောင်းပေးသည့် တာချီလိတ် - မိုင်းဆတ်ခရိုင်ချင်းဆက်လမ်း အပါအဝင် လမ်းပိုင်း(၇)ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့က စက်တင်ဘာလ(၉)ရက်နေ့၌ လွှဲပြောင်းလက်ခံယူမည်ဖြစ်ပြီး လမ်းအသုံးပြုခကောက်ခံနေခြင်းများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းတွင် ဖြတ်သန်းသွားသည့် မော်တော်ယာဉ်အား ကားငယ် တစ်စီးလျှင် ဘတ်(၁၀၀) (ကျပ် လေးထောင်ဝန်းကျင်)၊ ကုန်တင်ယာဉ်တစ်စီးလျှင် ကုန်ပါလျှင် ဘတ်(၁၀၀၀) (ကျပ် ၄၀၀၀၀ ဝန်းကျင်)၊ ကုန်မပါလျှင် ဘတ်(၅၀၀)(ကျပ် ၂၀၀၀၀ ဝန်းကျင်)နှင့် ဆိုင်ကယ် တစ်စီးလျှင် ဘတ်(၂၀)(ကျပ် ၈၀၀ဝန်းကျင်) နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း  သိရသည်။

စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားသည့် တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းကို ၁၉၉၂ ခုနှစ်တွင် "ဝ"အထူး ဒေသ(၂) တောင်ပိုင်းက ဟုန်ပန်းကုမ္ပဏီဖြင့် ဖေါက်လုပ်ခဲ့ကာ ယာဉ်ဖြတ်သန်းခ ကောက်ခံ နေခြင်း ဖြစ်သော်လည်း လမ်းပိုင်း ပျက်စီးမှုကို ပြုပြင်နိုင်ခြင်း မရှိသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် ၂၀၁၈ ခုနှစ်အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

UWSA “ဝ” အထူးဒေသ(၂)က ၂၀၁၈ ခုနှစ် မေလ(၆)ရက်နေ့တွင် မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အဆိုပါလမ်းပိုင်းအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ အပ်နှံခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် လက်ခံပြုပြင်ပေးနိုင်ကြောင်း သဘောထားမှတ်ချက်နှင့်အတူ ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ထံမှ သဘောထားမှတ်ချက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းမှာ အကျယ် ပေ (၂၀)၊ အရှည် မိုင် (၆၀)ရှိပြီး လမ်းပိုင်းရှိ အတက်အဆင်းကြီးမားသည့် လွယ်ဆမ်ဆုန် တောင်ကြီး၏ (၆)မိုင်ခန့်အရှည်ကို ကတ္တရာလမ်းခင်းထားကာ လမ်းပိုင်းအတွင်း သုံးမိုင်ငါးဖာလုံခန့်မှာ မြေသားဖြစ်သဖြင့် ပျက်စီးနေခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ် - မိုင်းဆတ်ကားလမ်း ဆိုးဝါးစွာ ပျက်စီးနေမှုအား ရာသီမရွေးသွားလာနိုင်မည့်လမ်းအဖြစ် ပြုပြင်ပေးရန် ပြည်သူ့လွှတ်တော်တွင် မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က မေးခွန်းမေးမြန်းခွင့် တင်ပြထားခဲ့ပြီးနောက် ခြောက်လကျော်အကြာ မေလတွင် အဆိုပါ မေးခွန်းအား လွှတ်တော်၌ တင်ပြခွင့်ရခဲ့ရာ အဆိုပါ လမ်းပိုင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးတွင်“ဝ”အထူးဒေသမှ တာဝန်ရှိသူများနှင့် ဆွေးနွေးထားကြောင်းနယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

UWSA “ဝ” အထူးဒေသ(၂)က လွှဲပြောင်းပေးသည့် တာချီလိတ် - မိုင်းဆတ်ခရိုင်ချင်းဆက်လမ်း အပါအဝင် လမ်းပိုင်း(၇)ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့က စက်တင်ဘာလ(၉)ရက်နေ့၌ လွှဲပြောင်းလက်ခံယူမည်ဖြစ်ပြီး လမ်းအသုံးပြုခကောက်ခံနခြေင်းများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။

“နောက်လ(၉)ရက်နေ့မှ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီလမ်းပိုင်းကို လွှဲပြောင်းလက်ခံယူမယ်။ လက်ခံပြီးတာနဲ့ ငွေကောက်တာတွေ တစ်ခါတည်း ရပ်ဆိုင်းမယ်ပေါ့။ “ဝ”က ပြန်လွှဲတဲ့လမ်းပိုင်း (၇)ပိုင်းရှိတယ်။ ဒီလမ်းပိုင်းတွေထဲမှာ ဆောက်လုပ်ရေး လက်ခံရမယ့် အပိုင်းကို လာလက်ခံမှာ။ နတလ(နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)က လက်ခံရမယ့်အပိုင်းတွေက မိုင်းဆတ်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာချင်းဆက်လမ်းတွေကို လက်ခံရမှာ။ နတလကလည်း သူတို့ လက်ခံရမယ့် လမ်းပိုင်းတွေ သွားစစ်ဆေး ကြည့်ရှုနေပါတယ်။ မြို့နယ်ချင်းဆက်၊ ခရိုင်ချင်းဆက် လမ်းတွေကိုကျတော့ ဆောက်လုပ်ရေးက လက်ခံရမှာပါ” ဟု မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းတွင် ဖြတ်သန်းသွားသည့် မော်တော်ယာဉ်အား ကားငယ် တစ်စီးလျှင် ဘတ်(၁၀၀) (ကျပ် လေးထောင်ဝန်းကျင်)၊ ကုန်တင်ယာဉ်တစ်စီးလျှင် ကုန်ပါလျှင် ဘတ်(၁၀၀၀) (ကျပ် ၄၀၀၀၀ ဝန်းကျင်)၊ ကုန်မပါလျှင် ဘတ်(၅၀၀)(ကျပ် ၂၀၀၀၀ ဝန်းကျင်)နှင့် ဆိုင်ကယ် တစ်စီးလျှင် ဘတ်(၂၀)(ကျပ် ၈၀၀ဝန်းကျင်) နှုန်းဖြင့် ကောက်ခံနခြေင်းဖြစ်ကြောင်း သိရသည်။

စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားသည့် တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းကို ၁၉၉၂ ခုနှစ်တွင် "ဝ"အထူး ဒေသ(၂) တောင်ပိုင်းက ဟုန်ပန်းကုမ္ပဏီဖြင့် ဖောက်လုပ်ခဲ့ကာ ယာဉ်ဖြတ်သန်းခ ကောက်ခံ နခြေင်း ဖြစ်သော်လည်း လမ်းပိုင်း ပျက်စီးမှုကို ပြုပြင်နိုင်ခြင်း မရှိသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် ၂၀၁၈ ခုနှစ်အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

UWSA “ဝ” အထူးဒေသ(၂)က ၂၀၁၈ ခုနှစ် မေလ(၆)ရက်နေ့တွင် မိုင်းဆတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အဆိုပါလမ်းပိုင်းအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ အပ်နှံခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနအနဖြေင့် လက်ခံပြုပြင်ပေးနိုင်ကြောင်း သဘောထားမှတ်ချက်နှင့်အတူ ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ထံမှ သဘောထားမှတ်ချက်ပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းမှာ အကျယ် ပေ (၂၀)၊ အရှည် မိုင် (၆၀)ရှိပြီး လမ်းပိုင်းရှိ အတက်အဆင်းကြီးမားသည့် လွယ်ဆမ်ဆုန် တောင်ကြီး၏ (၆)မိုင်ခန့်အရှည်ကို ကတ္တရာလမ်းခင်းထားကာ လမ်းပိုင်းအတွင်း သုံးမိုင်ငါးဖာလုံခန့်မှာ မြေသားဖြစ်သဖြင့် ပျက်စီးနခြေင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ် - မိုင်းဆတ်ကားလမ်း ဆိုးဝါးစွာ ပျက်စီးနေမှုအား ရာသီမရွေးသွားလာနိုင်မည့်လမ်းအဖြစ် ပြုပြင်ပေးရန် ပြည်သူ့လွှတ်တော်တွင် မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့က မေးခွန်းမေးမြန်းခွင့် တင်ပြထားခဲ့ပြီးနောက် ခြောက်လကျော်အကြာ မေလတွင် အဆိုပါ မေးခွန်းအား လွှတ်တော်၌ တင်ပြခွင့်ရခဲ့ရာ အဆိုပါ လမ်းပိုင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် မေလ (၂၇)ရက်နေ့တွင် ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးတွင်“ဝ”အထူးဒေသမှ တာဝန်ရှိသူများနှင့် ဆွေးနွေးထားကြောင်းနယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွှတ်တော်တွင် ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~