တာေလၿမိဳ႕ တာၾကန္႔ရြာမွ ေတာင္သူမ်ားကို စိုက္ခင္းမ်ားတြင္ ၾကြက္ႏွင့္ ပိုးမႊားက်ေရာက္မႈ ကာကြယ္ေရး သရုပ္ျပရွင္းလင္း

တာေလၿမိဳ႕ တာၾကန္႔ရြာမွ ေတာင္သူမ်ားကို စိုက္ခင္းမ်ားတြင္ ၾကြက္ႏွင့္ ပိုးမႊားက်ေရာက္မႈ ကာကြယ္ေရး သရုပ္ျပရွင္းလင္း
သြဂုတ် 29, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕၊ တာၾကန္႔ေက်းရြာတြင္ စိုက္ခင္းမ်ားအတြင္း ၾကြက္ႏွင့္ ပိုးမႊားေရာဂါက်ေရာက္မႈ ကာကြယ္ေရးႏွင့္ ပိုးမႊားေရာဂါခြဲျခားနည္းတို႔ကို ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာနက ေတာင္သူမ်ားအား ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၉)ရက္ေန႔ နံနက္ပိုင္းက လက္ေတြ႔သရုပ္ျပရွင္းလင္းေၾကာင္း သိရသည္။
တာၾကန္႔ရြာမွ ေတာင္သူ(၂၈)ဦးကို ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာန၊ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးလွဝင္း၊ ဒုတိယဦးစီးမွဴး ဦးလႊမ္းမိုးသူ၊ ၿမိဳ႕ဦးစီးမွဴး ဦးေနလင္းတို႔က ပိုးမႊားေရာဂါစနစ္တက်ခြဲျခားနည္း၊ စပါးသီးႏွံတြင္ က်ေရာက္တတ္ေသာ ေရာဂါမ်ားႏွင့္ ကာကြယ္ႏွိမ္ႏွင္းနည္း၊ ငေျမႇာင္ေတာင္ပိုးကာကြယ္ႏွိမ္ႏွင္းနည္းႏွင့္ ပိုးသတ္ေဆး စနစ္တက်အသံုးျပဳနည္းတုိ႔ကို လက္ေတြ႔သရုပ္ျပရွင္းလင္းၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္သူမ်ားက ပိုးမႊားက်ေရာက္ေနသည့္ စပါးပင္မ်ားကို လက္ေတြ႔ခြဲျခားေလ့လာၾကၿပီး ေတာင္သူမ်ားအတြက္ အသိပညာေပးလက္ကမ္းစာေစာင္မ်ားကို ျဖန္႔ေဝေပးေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာလေမြို့ တာကြန့်ရွာမှ တောင်သူများကို စိုက်ခင်းများတွင် ကြွက်နှင့် ပိုးမွှားကျရောက်မှု ကာကွယ်ရေး သရုပ်ပြရှင်းလင်း
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာကြန့်ကျေးရွာတွင် စိုက်ခင်းများအတွင်း ကြွက်နှင့် ပိုးမွှားရောဂါကျရောက်မှု ကာကွယ်ရေးနှင့် ပိုးမွှားရောဂါခွဲခြားနည်းတို့ကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက လက်တွေ့သရုပ်ပြရှင်းလင်းကြောင်း သိရသည်။
တာကြန့်ရွာမှ တောင်သူ(၂၈)ဦးကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ ဒုတိယဦးစီးမှူး ဦးလွှမ်းမိုးသူ၊ မြို့ဦးစီးမှူး ဦးနေလင်းတို့က ပိုးမွှားရောဂါစနစ်တကျခွဲခြားနည်း၊ စပါးသီးနှံတွင် ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ်နှိမ်နှင်းနည်း၊ ငမြှောင်တောင်ပိုးကာကွယ်နှိမ်နှင်းနည်းနှင့် ပိုးသတ်ဆေး စနစ်တကျအသုံးပြုနည်းတို့ကို လက်တွေ့သရုပ်ပြရှင်းလင်းကြခြင်းဖြစ်ကြောင်း သိရသည်။
တောင်သူများက ပိုးမွှားကျရောက်နေသည့် စပါးပင်များကို လက်တွေ့ခွဲခြားလေ့လာကြပြီး တောင်သူများအတွက် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြောင်း သိရသည်။
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~