တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား (၂)အား တံတား(၁)ကဲ့သို့ အသုံးပြုကာ ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရန် ထိုင်းဘက်က အဆင်သင့်ဖြစ်နေကြောင်း ဆွေးနွေးပြီးနောက် မြန်မာဘက်၏ အကြောင်းပြန်ကြားချက်ကို (၃)လကျော် ကြာသည်အထိ စောင့်ဆိုင်းနေဆဲ
တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား (၂)အား တံတား(၁)ကဲ့သို့ အသုံးပြုကာ ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရန် ထိုင်းဘက်က အဆင်သင့်ဖြစ်နေကြောင်း ဆွေးနွေးပြီးနောက် မြန်မာဘက်၏ အကြောင်းပြန်ကြားချက်ကို (၃)လကျော် ကြာသည်အထိ စောင့်ဆိုင်းနေဆဲ
သွဂုတျ 14, 2018
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသည့်အတွက် လက်ရှိ ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် အမှတ်(၂)တံတားကိုပါ  လူအဝင်အထွက်ပြုလုပ်ရန် မြန်မာဘက်က ခွင့်ပြုပါက အသင့်ဖြစ်နေကြောင်းကို ထိုင်းနိုင်ငံဘက်က (၉၂)ကြိမ်မြောက် TBC အစည်းအဝေးတွင် တင်ပြထားရှိပြီး အဆိုပါ အစည်းအဝေးအပြီး  (၃)လကျော်ကြာသည် အထိ မြန်မာဘက်၏ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်း နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားအား အသုံးပြုနိုင်ရန် မြန်မာဘက်မှ ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်မှ အသင့်ဖြစ်နေကြောင်း (၉၂)ကြိမ်မြောက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးတွင် ထိုင်းဘက်က ဆွေးနွေးသွားခဲ့ကာ မြန်မာဘက်မှ အကြောင်းပြန်ကြားခြင်းကို စောင့်ဆိုင်း နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက် TBC က "လက်ရှိ ကာလတွင် ဖြတ်သန်း သွားလာမှု များပြားလာသည့် အတွက် အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပေါ်လျက် ရှိပါသဖြင့် အမှတ်(၂)ချစ်ကြည်ရေးတံတားအား အမှတ်(၁)ချစ်ကြည်ရေး တံတားနည်းတူ နှစ်နိုင်ငံပြည်သူ အများ အသုံးပြုနိုင်ရန် မြန်မာဘက်အနေဖြင့် လိုအပ်သလို သုံးသပ် ပေးစေလိုပါကြောင်းနှင့် အကယ်၍ မြန်မာဘက်မှ ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်မှလည်း အသင့် ဖြစ်ပါကြောင်း"ဆွေးနွေးသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ၌  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ခြေလျင်သွားရောက်သူများ၊ ဆိုင်ကယ်ဖြင့် သွားရောက်သူများ၊ အိမ်သုံးကားများဖြင့် သွားရောက်သူများအပြင်၊ သုံးဘီးဆိုင်ကယ်များဖြင့် ပစ္စည်းသယ်ယူ သွားလာမှုများ၊ တစ်နိုင်တစ်ပိုင် ပစ္စည်းသယ်ယာဉ်များ သွားလာမှုများ စသည်တို့အတွက် အသုံးပြုနေပြီး  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် နှစ်နိုင်ငံ ကုန်စည် ပို့ဆောင်ရေး အတွက်သာ အသုံးပြုနေလျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ (၉၃)ကြိမ်မြောက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးအား ၂၀၁၈ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့တွင် တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ အစည်းအဝေး၌ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား မြန်မာဘက် တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းနိုင်ရန်အတွက် ဒေသခံများမှ မျှော်လင့်နေကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေသည့်အတွက် လက်ရှိ ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် အမှတ်(၂)တံတားကိုပါ လူအဝင်အထွက်ပြုလုပ်ရန် မြန်မာဘက်က ခွင့်ပြုပါက အသင့်ဖြစ်နေကြောင်းကို ထိုင်းနိုင်ငံဘက်က (၉၂)ကြိမ်မြောက် TBC အစည်းအေဝးတွင် တင်ပြထားရှိပြီး အဆိုပါ အစည်းအဝေးအပြီး (၃)လကျော်ကြာသည် အထိ မြန်မာဘက်၏ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်း နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားအား အသုံးပြုနိုင်ရန် မြန်မာဘက်မှ ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်မှ အသင့်ဖြစ်နေကြောင်း (၉၂)ကြိမ်မြောက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးတွင် ထိုင်းဘက်က ဆွေးနွေးသွားခဲ့ကာ မြန်မာဘက်မှ အကြောင်းပြန်ကြားခြင်းကို စောင့်ဆိုင်း နခြေင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က ဒီနေရာကနေ မယ်ဆိုင် - တာချီလိတ်ကို နေ့စဉ် ကားနဲ့ အသွားအပြန် လုပ်နေရတာ။ တစ်ခါတစ်လေ ယာဉ်ကြောပိတ်ဆို့လို့ အချိန်(၁)နာရီကျော်အထိ စောင့်ရတယ်။ ထိုင်းဘက်က အခုလို ကိစ္စကို ဖြေရှင်းတဲ့အနေနဲ့ တံတား(၂)ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နပြေီလို့ ကြားတယ်။ တကယ်သာ အကောင်အထည် ဖော်နိုင်ရင် ကျွန်တော်တို့ တာချီလိတ်ပြည်သူတွေရဲ့ တာချီလိတ် - မယ်ဆိုင်ကို သွားလာရာမှာ ပိုမိုမြန်ဆန်နိုင်မှာပါ"ဟု တာချီလိတ်မြို့နေ ဦးကျော်ထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက် TBC က "လက်ရှိ ကာလတွင် ဖြတ်သန်း သွားလာမှု များပြားလာသည့် အတွက် အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပေါ်လျက် ရှိပါသဖြင့် အမှတ်(၂)ချစ်ကြည်ရေးတံတားအား အမှတ်(၁)ချစ်ကြည်ရေး တံတားနည်းတူ နှစ်နိုင်ငံပြည်သူ အများ အသုံးပြုနိုင်ရန် မြန်မာဘက်အနဖြေင့် လိုအပ်သလို သုံးသပ် ပေးစေလိုပါကြောင်းနှင့် အကယ်၍ မြန်မာဘက်မှ ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်မှလည်း အသင့် ဖြစ်ပါကြောင်း"ဆွေးနွေးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဆွေးနွေးလာမှုနှင့် ပတ်သက်၍ မြန်မာဘက် TBC က "ထိုင်းဘက်၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး ညွှန်ကြားချက်ရရှိပါက မြို့နယ်အဆင့် နယ်ခြား ကော်မတီ (တာချီလိတ်)မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ(မယ်ဆိုင်)သို့ အကြောင်းပြန်ကြား ပေးသွားမည်ဖြစ်ကြောင်း" (၉၂)ကြိမ်မြောက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
"တလောတုန်းက ကျွန်မရဲ့သားလေး သွေးလွန်တုပ်ကွေးဖြစ်လို့ မယ်ဆိုင်ဘက်သွားတာ တံတားအလယ်မှာ မိနစ် (၃၀)ကျော် ကြာသွားတယ်။ ဒီကိစ္စကို ကျွန်မတို့ဘက်က သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ အမြန်ဆုံး စီစဉ်ဖြေရှင်းပေးနိုင်ရန် ပိုအဆင်ပြေစေပါတယ်။ အခုတော့ ဒီကိစ္စကို မဖြေရှင်းပေးနိုင်သ၍ တာချီလိတ် - မယ်ဆိုင်ကို ယာဉ်နဲ့သွားတဲ့သူများအတွက် အဆင်ပြေမှာမဟုတ်ပါဘူး"ဟု တာချီလိတ်ဒေသခံ မနန်းကိန်ခမ်းက ပြောသည်။
လက်ရှိ၌ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ခြေလျင်သွားရောက်သူများ၊ ဆိုင်ကယ်ဖြင့် သွားရောက်သူများ၊ အိမ်သုံးကားများဖြင့် သွားရောက်သူများအပြင်၊ သုံးဘီးဆိုင်ကယ်များဖြင့် ပစ္စည်းသယ်ယူ သွားလာမှုများ၊ တစ်နိုင်တစ်ပိုင် ပစ္စည်းသယ်ယာဉ်များ သွားလာမှုများ စသည်တို့အတွက် အသုံးပြုနပြေီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် နှစ်နိုင်ငံ ကုန်စည် ပို့ဆောင်ရေး အတွက်သာ အသုံးပြုနေလျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ (၉၃)ကြိမ်မြောက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးအား ၂၀၁၈ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့တွင် တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ အစည်းအဝေး၌ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာအား မြန်မာဘက် တာဝန်ရှိသူများအနဖြေင့် ဖြေရှင်းနိုင်ရန်အတွက် ဒေသခံများမှ မျှော်လင့်နေကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~