တစ်ရက်အကြာ လူနေအိမ် (၁၇၀)ကျော်နှင့် လယ်မြေဧက(၃၀)ကျော် ရေနစ်မြုပ်ခဲ့သည့် မိုင်းဆတ်တွင် ရေပြန်ကျသွား

တစ်ရက်အကြာ လူနေအိမ် (၁၇၀)ကျော်နှင့် လယ်မြေဧက(၃၀)ကျော် ရေနစ်မြုပ်ခဲ့သည့် မိုင်းဆတ်တွင် ရေပြန်ကျသွား
သြဂုတ် 24, 2018
By Tachileik News Agency


သြဂုတ်လ (၂၃) ရက်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာရာ ဟိုနားကျေးရွာတွင် လူနေအိမ်(၂)လုံး၊ မယ်ဆွမ်တောင်ရပ်ကွက်၊ နောင်ဟီးရပ်တွင် လူနေအိမ်(၁၅၀)ခန့်၊ မယ်ဆွမ်မြောက်ရပ်ကွက်တွင် လူနေအိမ်နှင့် ဌာနဆိုင်ရာရုံး(၂၀)ခန့် ရေဝင်နစ်မြုပ်ခဲ့ပြီး ဆိုက်ခေါင် ကျေးရွာတွင် လယ်မြေဧက(၃၀)ကျော် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ (၂၃)ရက်နေ့ ညနေပိုင်းမှ စတင်၍ ရေပြန်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က မိုးရေချိန် (၃.၅၈)လက်မ ရွာသွန်းရာ ယခင်နှစ် အမြင့်ဆုံးမိုးရေချိန်ထက် (၁.၀၂)လက်မပိုခဲ့သဖြင့် နှစ်စဉ်ရေကြီးနစ်မြုပ်သည့် အနိမ့်ပိုင်းများသာမက ရပ်ကွက်အများစုတွင် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျရေနှင့် ချောင်းရေတိုးလာကာ လူနေအိမ် (၁၇၀)ကျော်နှင့် လယ်မြေဧက(၃၀)ကျော် ရေနစ်မြုပ်သွားခဲ့သော်လည်း သြဂုတ်လ(၂၄)ရက်နေ့တွင် ရေလုံးဝကျသွားပြီဖြစ်ကြောင်း သိရသည်။

သြဂုတ်လ (၂၃) ရက်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာရာ ဟိုနားကျေးရွာတွင် လူနေအိမ်(၂)လုံး၊ မယ်ဆွမ်တောင်ရပ်ကွက်၊ နောင်ဟီးရပ်တွင် လူနေအိမ်(၁၅၀)ခန့်၊ မယ်ဆွမ်မြောက်ရပ်ကွက်တွင် လူနေအိမ်နှင့် ဌာနဆိုင်ရာရုံး(၂၀)ခန့် ရေဝင်နစ်မြုပ်ခဲ့ပြီး ဆိုက်ခေါင် ကျေးရွာတွင် လယ်မြေဧက(၃၀)ကျော် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ (၂၃)ရက်နေ့ ညနေပိုင်းမှ စတင်၍ ရပြေန်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့က မိုးရေချိန် (၃.၅၈)လက်မ ရွာသွန်းရာ ယခင်နှစ် အမြင့်ဆုံးမိုးရေချိန်ထက် (၁.ဝ၂)လက်မပိုခဲ့သဖြင့် နှစ်စဉ်ရကြေီးနစ်မြုပ်သည့် အနိမ့်ပိုင်းများသာမက ရပ်ကွက်အများစုတွင် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~