ဖားကန္႔ၿမိဳ႕နယ္ လံုးခင္းတြင္ (၁၆)ႏွစ္အရြယ္ မိန္းကေလးတစ္ဦး သတ္ခံရၿပီး၊ က်ဴးလြန္သူမွာ ထြက္ေျပးလြတ္ေျမာက္ေန

ဖားကန္႔ၿမိဳ႕နယ္ လံုးခင္းတြင္ (၁၆)ႏွစ္အရြယ္ မိန္းကေလးတစ္ဦး သတ္ခံရၿပီး၊ က်ဴးလြန္သူမွာ ထြက္ေျပးလြတ္ေျမာက္ေန
သြဂုတ် 26, 2018
By Tachileik News Agency

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ လံုးခင္းေက်းရြာအုပ္စုတြင္ (၁၆)ႏွစ္အရြယ္ မိန္းကေလးအား သတ္ၿပီး ထြက္ေျပးေနသူဟု ယူဆရသူ တိမ္းေရွာင္သြားသည့္ ေနရာမွာ လံုၿခံဳေရးအရ ဝင္ေရာက္ရွာေဖြရန္ အခက္အခဲ ျဖစ္ေနေသာ္လည္း ရဲတပ္ဖြဲ႕က ပိတ္ဆို႔စစ္ေဆး ရွာေဖြမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

တရားခံဟု ယူဆရသည့္ အမ်ိဳးသားမွာ အသက္(၂၀)အရြယ္၊ ဆံပင္တို၊ အသားမဲ၊ အရပ္(၅)ေပ (၆)လက္မခန္႔၊ ခႏၶာကိုယ္ပိန္၊ ကြမ္းစားေလ့ရိွသူ တစ္ဦးျဖစ္ၿပီး မလန္း - ဂ်ာလယန္လမ္းအတိုင္း ထြက္သြားေၾကာင္း ပတ္ဝန္းက်င္မွ သတင္းရရိွေၾကာင္း သိရသည္။

လံုးခင္းေက်းရြာအုပ္စု၊ ၿငိမ္းခ်မ္းသာယာ ရပ္ကြက္အစြန္မွ ေနအိမ္တစ္လံုးတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၅)ရက္ေန႔က မိသားစုမ်ား ဖားကန္႔သို႔ ေဆးခန္းသြားျပေနစဥ္ အိမ္ေစာင့္က်န္ေနခဲ့သည့္ အသက္(၁၆)ႏွစ္အရြယ္ မိန္းကေလးမွာ ဦးေခါင္း၊ မ်က္ႏွာ၊ လက္ေမာင္း၊ လည္ပင္းတုိ႔တြင္ ဓါးဒဏ္ရာ (၈)ခ်က္ျဖင့္ ေသဆံုးေနသည္ကို မိသားစုမ်ား ေနအိမ္ျပန္ေရာက္လာသည့္ ေန႔လယ္ (၂)နာရီခြဲဝန္းက်င္တြင္ ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

လံုးခင္းနယ္ေျမရဲစခန္းမွဴး ဒုရဲမွဴးစိန္ျမင့္ထြန္းႏွင့္ နယ္ထိန္းေခါင္းေဆာင္တို႔ပါဝင္သည့္အဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးကာ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းၿပီး တရားခံဟု သံသယျဖစ္ဖြယ္ အမ်ိဳးသား ထြက္သြားသည္ဟု ယူဆရသည့္ ေနရာမ်ားကို ပိတ္ဆို႔ရွာေဖြမႈမ်ား လုပ္ေဆာင္ ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လူသတ္မႈအား လံုးခင္းနယ္ေျမရဲစခန္းတြင္ (ပ) ၁၁၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် (၁၆)နှစ်အရွယ် မိန်းကလေးအား သတ်ပြီး ထွက်ပြေးနေသူဟု ယူဆရသူ တိမ်းရှောင်သွားသည့် နေရာမှာ လုံခြုံရေးအရ ဝင်ရောက်ရှာဖွေရန် အခက်အခဲ ဖြစ်နေသော်လည်း ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

တရားခံဟု ယူဆရသည့် အမျိုးသားမှာ အသက်(၂၀)အရွယ်၊ ဆံပင်တို၊ အသားမဲ၊ အရပ်(၅)ပေ (၆)လက်မခန့်၊ ခန္ဓာကိုယ်ပိန်၊ ကွမ်းစားလေ့ရှိသူ တစ်ဦးဖြစ်ပြီး မလန်း - ဂျာလယန်လမ်းအတိုင်း ထွက်သွားကြောင်း ပတ်ဝန်းကျင်မှ သတင်းရရှိကြောင်း သိရသည်။

လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ ရပ်ကွက်အစွန်မှ နေအိမ်တစ်လုံးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့က မိသားစုများ ဖားကန့်သို့ ဆေးခန်းသွားပြနေစဉ် အိမ်စောင့်ကျန်နေခဲ့သည့် အသက်(၁၆)နှစ်အရွယ် မိန်းကလေးမှာ ဦးခေါင်း၊ မျက်နှာ၊ လက်မောင်း၊ လည်ပင်းတို့တွင် ဓားဒဏ်ရာ (၈)ချက်ဖြင့် သေဆုံးနေသည်ကို မိသားစုများ နေအိမ်ပြန်ရောက်လာသည့် နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

လုံးခင်းနယ်မြေရဲစခန်းမှူး ဒုရဲမှူးစိန်မြင့်ထွန်းနှင့် နယ်ထိန်းခေါင်းဆောင်တို့ပါဝင်သည့်အဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးကာ သက်သေခံပစ္စည်းများ သိမ်းဆည်းပြီး တရားခံဟု သံသယဖြစ်ဖွယ် အမျိုးသား ထွက်သွားသည်ဟု ယူဆရသည့် နေရာများကို ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင် နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုအား လုံးခင်းနယ်မြေရဲစခန်းတွင် (ပ) ၁၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~