ဘိန္းရႈေနသည့္အမ်ိဳးသမီးတစ္ဦးႏွင့္ စိတ္ၾကြေဆးျပားမ်ား သယ္လာသည့္ အမ်ိဳးသားတစ္ဦးတုိ႔ကို က်ိဳင္းတံုၿမိဳ႕တြင္ တစ္ရက္တာအတြင္း ဖမ္းမိ

ဘိန္းရႈေနသည့္အမ်ိဳးသမီးတစ္ဦးႏွင့္ စိတ္ၾကြေဆးျပားမ်ား သယ္လာသည့္ အမ်ိဳးသားတစ္ဦးတုိ႔ကို က်ိဳင္းတံုၿမိဳ႕တြင္ တစ္ရက္တာအတြင္း ဖမ္းမိ
သြဂုတ် 22, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၂)ရက္ေန႔က ဘိန္းရွဴေနသည့္ အမ်ိဳးသမီးတစ္ဦးႏွင့္ ဆိုင္ကယ္တြင္ စိတ္ၾကြေဆးျပားမ်ားဝွက္၍ သယ္လာသည့္ အမ်ိဳးသားတစ္ဦးတို႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ၾသဂုတ္လ (၂၂)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္တြင္ ခရိုင္ရဲတပ္ဖြဲ႕(မႈ/ကူ)မွတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ မုိင္းဇင္းေက်းရြာအုပ္စု၊ နမ့္ေဘာ္ေအာ့ေက်းရြာမွ မူးယစ္ေဆးေရာင္းဝယ္သံုးစြဲေၾကာင္း သတင္းရေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္ အသက္(၅၅)ႏွစ္အရြယ္ အမ်ိဳးသမီး မီဖယ္အား မီးဖိုခန္းတြင္ ဘိန္းရွဴေနသည္ကို ေတြ႔ရၿပီး ၎အနီးတြင္ ဘိန္းစိမ္း(၈၆.၃၃)ဂရမ္ခန္႔ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပား (၂၄)ျပား၊ ဘိန္းရွဴေျပာင္း(၂)ခု၊ ေဆးရွဴသည့္ကိရိယာ(၆)ခုတို႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈) က်ိဳင္းတံု၊ ေနာင္ဖာရဲကင္း၊ ယာဥ္ထိန္းတပ္ဖြဲ႕စု(၁၁၆)၊ အမွတ္(၉၁၃) စစ္ေျမျပင္အင္ဂ်င္နီယာတပ္ရင္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ နံနက္(၁၁)နာရီအခ်ိန္တြင္ ေနာင္ဖာရဲကင္းေရွ႕၌ ကတ္ထုိက္ရြာဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းသို႔  အသက္(၃၁)ႏွစ္အရြယ္ ေဇယ်ာေအာင္ဆိုသူ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္အား စစ္ေဆးရာ ဆုိင္ကယ္ကာဗာအတြင္း  ဘက္ထရီထည့္သည့္ အံဝွက္အတြင္းမွ စိတ္ၾကြေဆးျပား (၁၈၈)ျပားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဇယ်ာေအာင္အား မယ(ပ) ၁၆၁/၂၀၁၈၊ မူး/စိတ္ ၁၉(က)ျဖင့္ လည္းေကာင္း၊ မီဖယ္အား မယ(ပ) ၁၆၂/၂၀၁၈၊ မူး/စိတ္ ၁၆(ဂ)ျဖင့္ လည္းေကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ အသီးသီးအမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓာတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့က ဘိန်းရှူနေသည့် အမျိုးသမီးတစ်ဦးနှင့် ဆိုင်ကယ်တွင် စိတ်ကြွဆေးပြားများဝှက်၍ သယ်လာသည့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

သြဂုတ်လ (၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ခရိုင်ရဲတပ်ဖွဲ့(မှု/ကူ)မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မိုင်းဇင်းကျေးရွာအုပ်စု၊ နမ့်ဘော်အော့ကျေးရွာမှ မူးယစ်ဆေးရောင်းဝယ်သုံးစွဲကြောင်း သတင်းရနေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင် အသက်(၅၅)နှစ်အရွယ် အမျိုးသမီး မီဖယ်အား မီးဖိုခန်းတွင် ဘိန်းရှူနေသည်ကို တွေ့ရပြီး၎င်းအနီးတွင် ဘိန်းစိမ်း(၈၆.၃၃)ဂရမ်ခန့်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၂၄)ပြား၊ ဘိန်းရှူပြောင်း(၂)ခု၊ ဆေးရှူသည့်ကိရိယာ(၆)ခုတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈) ကျိုင်းတုံ၊ နောင်ဖာရဲကင်း၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၁၁၆)၊ အမှတ်(၉၁၃) စစ်မြပြေင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နံနက်(၁၁)နာရီအချိန်တွင် နောင်ဖာရဲကင်းရှေ့၌ ကတ်ထိုက်ရွာဘက်မှ ကျိုင်းတုံမြို့တွင်းသို့ အသက်(၃၁)နှစ်အရွယ် ဇေယျာအောင်ဆိုသူ မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်ကာဗာအတွင်း ဘက်ထရီထည့်သည့် အံဝှက်အတွင်းမှ စိတ်ကြွဆေးပြား (၁၈၈)ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဇေယျာအောင်အား မယ(ပ) ၁၆၁/၂၀၁၈၊ မူး/စိတ် ၁၉(က)ဖြင့် လည်းကောင်း၊ မီဖယ်အား မယ(ပ) ၁၆၂/၂၀၁၈၊ မူး/စိတ် ၁၆(ဂ)ဖြင့် လည်းကောင်း ကျိုင်းတုံမြို့မရဲစခန်းတွင် အသီးသီးအမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~