ထိုင္းႏိုင္ငံ ခ်င္း႐ိုင္းတြင္က်င္းပသည့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား၏ ကေလးသူငယ္မ်ားအခြင့္အေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲတြင္ တာခ်ီလိတ္အေျခစိုက္ CNCMC ပါဝင္ေဆြးေႏြး

ထိုင္းႏိုင္ငံ ခ်င္း႐ိုင္းတြင္က်င္းပသည့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား၏ ကေလးသူငယ္မ်ားအခြင့္အေရးဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲတြင္ တာခ်ီလိတ္အေျခစိုက္ CNCMC ပါဝင္ေဆြးေႏြး
သြဂုတ် 23, 2018
By 🌸
ထိုင္းႏိုင္ငံတြင္း ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား၏ ဘဝရပ္တည္မႈႏွင့္ ၎တို႔မိသားစု၊ ကေလးသူငယ္မ်ား လုံၿခဳံမႈရွိေစေရး၊ လိင္ပိုင္းဆိုင္ရာလူကုန္ကူးမႈမ်ား ရပ္တန႔္ကာကြယ္ေစာင့္ေရွာက္ေရး အလုပ္႐ုံေဆြးေႏြးပြဲကို ထိုင္းႏိုင္ငံ၊ ခ်င္း႐ိုင္းခ႐ိုင္၊ ခ်င္း႐ိုင္းၿမိဳ႕  Night Bazaar WanKham Hotel ၌ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၃) ရက္ေန႔က က်င္းပရာ ျမန္မာဘက္မွ NGO အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ CNCMC က ျမန္မာလုပ္သားမ်ားအေရး ပါဝင္ေဆြးေႏြးၾကေၾကာင္း သိရသည္။

 “ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ ေနရပ္ျပန္ၿပီး ထိုင္းႏိုင္ငံကို နယ္စပ္ကျပန္ဝင္ရင္ တစ္ခ်ိဳ႕ ျပည္ဝင္ခြင့္တားျမစ္ခံရတာ၊ လုပ္ငန္းခြင္ျပင္ပမွာ မေတာ္တဆထိခိုက္မႈျဖစ္ပြားရင္ နစ္နာေၾကးခံစားခြင့္နဲ႔ အလုပ္ရွင္သေဘာထား ဘယ္လိုရွိသလဲ၊ ေ႐ႊ႕ေျပာင္းလုပ္သားမိသားစုဝင္ ကေလးေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ပညာေရးရႏိုင္တဲ့ အေျခအေန၊ ပတ္စ္ပို႔၊ ဗီဇာအတု ျပဳလုပ္သူကို ေဖၚထုတ္အေရးယူမႈမလုပ္ဘဲ အတုကိုင္ေဆာင္မႈနဲ႔ ဘာမွ မသိနားမလည္တဲ့ အလုပ္သမားေတြ အေရးယူခံေနရတဲ့အေျခအေန၊ အလုပ္ရွင္ေတြရဲ႕ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈခံေနရတဲ့ အမ်ိဳးသမီးငယ္ေတြအေၾကာင္း ျမန္မာဘက္က ေဆြးေႏြးျဖစ္ပါတယ္”ဟု ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ (Caring And Negotiating  Committee For Myanmar Citizens in Mae Sai Thailand – CNCMC)အဖြဲ႕ဝင္ ဦးစည္သူေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 အဆိုပါ အလုပ္႐ုံေဆြးေႏြးပြဲကို ထိုင္းႏိုင္ငံမွ ECPAT Foundation Thailandက ဦးစီးက်င္းပျခင္းျဖစ္ၿပီး ထိုင္းႏိုင္ငံမွ ခ်င္း႐ိုင္းခ႐ိုင္ လူဝင္မႈႀကီးၾကပ္ေရး၊ အလုပ္သမားလူမႈဖူလႈံေရးႏွင့္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕၊  ခ႐ိုင္အာမခံ၊ ခ႐ိုင္ျပည္သူ႔ေဆး႐ုံမွ တာဝန္ရွိသူမ်ား၊ ခ႐ိုင္စည္ပင္အဖြဲ႕၊ ခ႐ိုင္အလုပ္သမားဦးစီးဌာမွ အရာရွိမ်ားႏွင့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအေရး ေဆာင္႐ြက္ေပးေနသည့္ ထိုင္းႏိုင္ငံအေျခစိုက္ NGO (၁၁) ဖြဲ႕မွ ကိုယ္စားလွယ္(၄၀)ဦးႏွင့္အတူ ျမန္မာႏိုင္ငံမွ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ အေျခစိုက္ CNCMC မွ ကိုယ္စားလွယ္မ်ားအျဖစ္ ဦးေအာင္ျမင့္ရွိန္၊ ဦးစည္သူေမာင္၊ ဦးစိုင္းဝန္းတစ္၊ ဦးထြန္းႏိုင္ဦးႏွင့္ ဦးငယ္ေလးတို႔ ပါဝင္ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အလုပ္႐ုံေဆြးေႏြးပြဲတြင္ သက္ဆိုင္ရာဌာနဆိုင္ရာအသီးသီးမွ တာဝန္ရွိသူမ်ား၊ အလုပ္သမားေရးရာ ဥပေဒကြၽမ္းက်င္သူမ်ားက ေ႐ႊ႕ေျပာင္းလုပ္သားမ်ားႏွင့္ပတ္သက္သည့္ ဥပေဒမ်ား သိသင့္သိထိုက္သည္မ်ားကို ရွင္းလင္းေျပာၾကားၿပီးေနာက္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို မွီခိုေနထိုင္ၾကေသာ ကေလးသူငယ္မ်ား၏ က်န္းမာေရး၊ ပညာေရး၊ လုံၿခဳံမႈရွိေစေရး၊ စိတ္ပိုင္းဆိုင္ရာျမႇင့္တင္ေပးေရးတို႔ကို တက္ေရာက္လာသူမ်ားက အုပ္စုမ်ားခြဲ၍ ေဆြးေႏြးအေျဖရွာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဆြးေႏြးပြဲမွ ရလဒ္မ်ားကို မွတ္တမ္းျပဳစု၍ သက္ဆိုင္ရာဌာနအသီးသီးသို႔ တင္ျပမည့္အျပင္ ECPAT Foundation ၏ အဓိကရည္႐ြယ္ခ်က္ျဖစ္သည့္ လုံၿခဳံေဘးကင္းသည့္ ေ႐ႊ႕ေျပာင္းလုပ္ငန္းခြင္၊ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား အခြင့္အေရးစီမံကိန္းကို (၃)ႏွစ္အတြင္း အေကာင္အထည္ေဖၚသြားမည့္အျပင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားဆိုင္ရာ အခက္အခဲမ်ားကို NGO အဖြဲ႕မ်ားၾကား ခ်ိတ္ဆက္ေဆာင္႐ြက္သြားႏိုင္ရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ECPAT အဖြဲ႕ေခါင္းေဆာင္  Miss Ketsanee Jantrakol ထံမွ သိရသည္။

ECPAT ေဖါင္ေဒးရွင္းသည္ ကေလးသူငယ္မ်ားအား လူကုန္ကူးျခင္း၊ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ခံရျခင္းစသည္တို႔အပါအဝင္ ကေလးသူငယ္အခြင့္အေရးခ်ိဳးေဖါက္ခံရမႈမ်ား ကာကြယ္ေရးအတြက္ ၁၉၈၈ ခုႏွစ္ကတည္းက ထိုင္းႏိုင္ငံ ခ်င္း႐ိုင္းတြင္ အေျခစိုက္လုပ္ေဆာင္ေနသည့္ အစိုးရမဟုတ္သည့္ အဖြဲ႕အစည္းတစ္ခုျဖစ္သည္။

CNCMC သည္ ျမန္မာ- ထိုင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၃ ခုႏွစ္၊ ၾသဂုတ္လ (၂၆) ရက္ေန႔က စတင္ဖြဲ႕စည္းခဲ့ကာ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားမ်ားအခက္အခဲကို ကူညီေျဖရွင္းေပးေနသည့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းတစ္ခုျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - စည္သူေမာင္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ ချင်းရိုင်းတွင်ကျင်းပသည့် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် တာချီလိတ်အခြေစိုက် CNCMC ပါဝင်ဆွေးနွေး
*************
ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝရပ်တည်မှုနှင့် ၎င်းတို့မိသားစု၊ ကလေးသူငယ်များ လုံခြုံမှုရှိစေရေး၊ လိင်ပိုင်းဆိုင်ရာလူကုန်ကူးမှုများ ရပ်တန့်ကာကွယ်စောင့်ရှောက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ချင်းရိုင်းမြို့  Night Bazaar WanKham Hotel ၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့က ကျင်းပရာ မြန်မာဘက်မှ NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် CNCMC က မြန်မာလုပ်သားများအရေး ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။

 “မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ပြီး ထိုင်းနိုင်ငံကို နယ်စပ်ကပြန်ဝင်ရင် တစ်ချို့ ပြည်ဝင်ခွင့်တားမြစ်ခံရတာ၊ လုပ်ငန်းခွင်ပြင်ပမှာ မတော်တဆထိခိုက်မှုဖြစ်ပွားရင် နစ်နာကြေးခံစားခွင့်နဲ့ အလုပ်ရှင်သဘောထား ဘယ်လိုရှိသလဲ၊ ရွှေ့ပြောင်းလုပ်သားမိသားစုဝင် ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးရနိုင်တဲ့ အခြေအနေ၊ ပတ်စ်ပို့၊ ဗီဇာအတု ပြုလုပ်သူကို ဖေါ်ထုတ်အရေးယူမှုမလုပ်ဘဲ အတုကိုင်ဆောင်မှုနဲ့ ဘာမှ မသိနားမလည်တဲ့ အလုပ်သမားတွေ အရေးယူခံနေရတဲ့အခြေအနေ၊ အလုပ်ရှင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံနေရတဲ့ အမျိုးသမီးငယ်တွေအကြောင်း မြန်မာဘက်က ဆွေးနွေးဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (Caring And Negotiating  Committee For Myanmar Citizens in Mae Sai Thailand – CNCMC)အဖွဲ့ဝင် ဦးစည်သူမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံမှ ECPAT Foundation Thailandက ဦးစီးကျင်းပခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားလူမှုဖူလှုံရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊  ခရိုင်အာမခံ၊ ခရိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ၊ ခရိုင်စည်ပင်အဖွဲ့၊ ခရိုင်အလုပ်သမားဦးစီးဌာမှ အရာရှိများနှင့် ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် NGO (၁၁) ဖွဲ့မှ ကိုယ်စားလှယ်(၄၀)ဦးနှင့်အတူ မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အခြေစိုက် CNCMC မှ ကိုယ်စားလှယ်များအဖြစ် ဦးအောင်မြင့်ရှိန်၊ ဦးစည်သူမောင်၊ ဦးစိုင်းဝန်းတစ်၊ ဦးထွန်းနိုင်ဦးနှင့် ဦးငယ်လေးတို့ ပါဝင်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာ ဥပဒေကျွမ်းကျင်သူများက ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်သည့် ဥပဒေများ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားပြီးနောက် ရွှေ့ပြောင်းလုပ်သားများကို မှီခိုနေထိုင်ကြသော ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံမှုရှိစေရေး၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးရေးတို့ကို တက်ရောက်လာသူများက အုပ်စုများခွဲ၍ ဆွေးနွေးအဖြေရှာကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲမှ ရလဒ်များကို မှတ်တမ်းပြုစု၍ သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြမည့်အပြင် ECPAT Foundation ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် လုံခြုံဘေးကင်းသည့် ရွှေ့ပြောင်းလုပ်ငန်းခွင်၊ ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးစီမံကိန်းကို (၃)နှစ်အတွင်း အကောင်အထည်ဖေါ်သွားမည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အခက်အခဲများကို NGO အဖွဲ့များကြား ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ECPAT အဖွဲ့ခေါင်းဆောင်  Miss Ketsanee Jantrakol ထံမှ သိရသည်။
ECPAT ဖေါင်ဒေးရှင်းသည် ကလေးသူငယ်များအား လူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်းစသည်တို့အပါအဝင် ကလေးသူငယ်အခွင့်အရေးချိုးဖေါက်ခံရမှုများ ကာကွယ်ရေးအတွက် ၁၉၈၈ ခုနှစ်ကတည်းက ထိုင်းနိုင်ငံ ချင်းရိုင်းတွင် အခြေစိုက်လုပ်ဆောင်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

CNCMC သည် မြန်မာ- ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကာ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအခက်အခဲကို ကူညီဖြေရှင်းပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - စည်သူမောင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~