ယာဥ္တိုက္မႈ မၾကာခဏ ျဖစ္ပြားၿပီး ေသဆံုးမႈအထိ ရွိလာသည့္ တာခ်ီလိတ္ၿမိဳ႕ စလီေက်းရြာေရွ႕ တာခ်ီလိတ္ - တာေလသြားလမ္းေပၚက ခ်ဳိင့္ခြက္မ်ားအား ျပဳျပင္ေပးရန္ လိုအပ္ေန

ယာဥ္တိုက္မႈ မၾကာခဏ ျဖစ္ပြားၿပီး ေသဆံုးမႈအထိ ရွိလာသည့္ တာခ်ီလိတ္ၿမိဳ႕ စလီေက်းရြာေရွ႕ တာခ်ီလိတ္ - တာေလသြားလမ္းေပၚက ခ်ဳိင့္ခြက္မ်ားအား ျပဳျပင္ေပးရန္ လိုအပ္ေန
သြဂုတ် 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ ဖန္မင္ေက်းရြာအုပ္စုအတြင္း စလီေက်းရြာေရွ႕၊ တာခ်ီလိတ္ - တာေလ သြားလမ္း အေကြ႔ ကားလမ္းေပၚရွိ ခ်ဳိင့္ခြက္မ်ားအား ဆိုင္ကယ္ ႏွင့္ ကားမ်ားမွ ေရွာင္သြားေနရၿပီး ေရွာင္သြားသည့္ အခါမ်ဳိးတြင္ ယာဥ္မေတာ္တဆျဖစ္ပြားရာက  လူေသဆံုးသည္အထိ ျဖစ္ပြားခဲ့သည္မ်ား ရွိသည့္ အတြက္ အဆိုပါ အေကြ႕ရွိ ခ်ဳိင့္ခြက္မ်ားအား သက္ဆိုင္ရာမွ လာေရာက္ ျပဳျပင္ေပးေစလိုေၾကာင္း လမ္းအသံုးျပဳသူမ်ားက ဆိုၾကသည္။

"ဒီေနရာက အေကြ႕ျဖစ္ေနတာ၊ အေကြ႕ျဖစ္ေနတဲ့ေနရာမွာ လမ္းက ခ်ဳိင့္ခြက္ေတြျဖစ္ၿပီး ယိုယြင္းေနတာ။ တစ္ဖက္ကေန အရွိန္နဲ႔ေမာင္းလာၿပီး အေကြ႕မွာ ခ်ဳိင့္ခြက္ကို ရုတ္တရက္ေတြ႔ေတာ့ ေရွာင္ရင္းနဲ႔ ယာဥ္တိုက္မႈေတြ ခဏခဏျဖစ္တယ္၊ ညဖက္ဆို ပိုဆိုးတယ္၊ တေလာတုန္းကဆိုရင္ ဒီအေကြ႕မွာ ယာဥ္တုိက္မႈျဖစ္ၿပီး အပိုင္းပိုင္းျဖစ္သြားတာလည္းရွိတယ္"ဟု မယ္ယန္းေက်းရြာေန ဦးစိုင္းရီတစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လမ္းပိုင္းသည္ အေကြ႕ျဖစ္ၿပီး ေရစီးေရလာစနစ္ခ်ဳိ႕ယြင္းမႈေၾကာင့္ လမ္းေပၚ ေရမ်ားတင္ရာမွ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၂၅)ရက္ေန႔အထိ ခ်ဳိင့္ခြက္မ်ား ျဖစ္ေနသည္ကို ေတြ႔ရွိရသည္။

"အဓိက ကေတာ့ ဒီအေကြ႕ေလးက အရမ္းအႏၱရာယ္ရွိတယ္ဗ်၊ အေကြ႕ေရာက္မွ ေတြ႔ရတဲ့ ဒီခ်ဳိင့္ခြက္ေတြကို ရုတ္တရက္ ေရွာင္လိုက္ေတာ့ တစ္ဖက္က လာတဲ့ ယာဥ္နဲ႔တိုက္မိတာတို႔၊ တစ္ဖက္ကို အေရွာင္လြန္ၿပီး ယာဥ္တိမ္းေမွာက္တာတို႔ ျဖစ္တာေတြရွိတယ္၊ အၿမဲတမ္း ယာဥ္တိမ္းေမွာက္တာ မဟုတ္ေပမဲ့၊ ေနာက္ထပ္ ထပ္ျဖစ္လာရင္လည္း မေကာင္းဘူး။ ဒီလမ္းကို သက္ဆိုင္ရာက ျပင္ေပးမွ သြားလာသူေတြ ယာဥ္အႏၱရာယ္ကင္းမွာပါ"ဟု ဧဒင္ရြာအေနနီးေန အမ်ဳိးသားတစ္ဦးက ေျပာသည္။

အဆိုပါ လမ္းပိုင္းတြင္ ေန႔စဥ္ ကားႏွင့္ဆိုင္ကယ္မ်ား၊ ခရီးသည္တင္ယာဥ္မ်ား ႏွင့္ ကုန္တင္ကားမ်ား ျဖတ္သန္းသြားလာေနေသာ လမ္းျဖစ္ၿပီး တာခ်ီလိတ္ မွ တာေလ ႏွင့္ က်ဳိင္းတံုသို႔ သြားေသာ လမ္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စုအတွင်း စလီကျေးရွာရှေ့၊ တာချီလိတ် - တာလေ သွားလမ်း အကွေ့ ကားလမ်းပေါ်ရှိ ချိုင့်ခွက်များအား ဆိုင်ကယ် နှင့် ကားများမှ ရှောင်သွားနေရပြီး ရှောင်သွားသည့် အခါမျိုးတွင် ယာဉ်မတော်တဆဖြစ်ပွားရာက လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်များ ရှိသည့် အတွက် အဆိုပါ အကွေ့ရှိ ချိုင့်ခွက်များအား သက်ဆိုင်ရာမှ လာရောက် ပြုပြင်ပေးစေလိုကြောင်း လမ်းအသုံးပြုသူများက ဆိုကြသည်။

"ဒီနေရာက အကွေ့ဖြစ်နေတာ၊ အကွေ့ဖြစ်နေတဲ့နေရာမှာ လမ်းက ချိုင့်ခွက်တွဖြေစ်ပြီး ယိုယွင်းနေတာ။ တစ်ဖက်ကနေ အရှိန်နဲ့မောင်းလာပြီး အကွေ့မှာ ချိုင့်ခွက်ကို ရုတ်တရက်တွေ့တော့ ရှောင်ရင်းနဲ့ ယာဉ်တိုက်မှုတွေ ခဏခဏဖြစ်တယ်၊ ညဖက်ဆို ပိုဆိုးတယ်၊ တလောတုန်းကဆိုရင် ဒီအကွေ့မှာ ယာဉ်တိုက်မှုဖြစ်ပြီး အပိုင်းပိုင်းဖြစ်သွားတာလည်းရှိတယ်"ဟု မယ်ယန်းကျေးရွာနေ ဦးစိုင်းရီတစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းပိုင်းသည် အကွေ့ဖြစ်ပြီး ရေစီးရေလာစနစ်ချို့ယွင်းမှုကြောင့် လမ်းပေါ် ရေများတင်ရာမှ ၂၀၁၈ခုနှစ် သြဂုတ်လ(၂၅)ရက်နေ့အထိ ချိုင့်ခွက်များ ဖြစ်နေသည်ကို တွေ့ရှိရသည်။

"အဓိက ကတော့ ဒီအကွေ့လေးက အရမ်းအန္တရာယ်ရှိတယ်ဗျ၊ အကွေ့ရောက်မှ တွေ့ရတဲ့ ဒီချိုင့်ခွက်တွေကို ရုတ်တရက် ရှောင်လိုက်တော့ တစ်ဖက်က လာတဲ့ ယာဉ်နဲ့တိုက်မိတာတို့၊ တစ်ဖက်ကို အရှောင်လွန်ပြီး ယာဉ်တိမ်းမှောက်တာတို့ ဖြစ်တာတွေရှိတယ်၊ အမြဲတမ်း ယာဉ်တိမ်းမှောက်တာ မဟုတ်ပေမဲ့၊ နောက်ထပ် ထပ်ဖြစ်လာရင်လည်း မကောင်းဘူး။ ဒီလမ်းကို သက်ဆိုင်ရာက ပြင်ပေးမှ သွားလာသူတွေ ယာဉ်အန္တရာယ်ကင်းမှာပါ"ဟု ဧဒင်ရွာအနေနီးနေ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် နေ့စဉ် ကားနှင့်ဆိုင်ကယ်များ၊ ခရီးသည်တင်ယာဉ်များ နှင့် ကုန်တင်ကားများ ဖြတ်သန်းသွားလာနေသော လမ်းဖြစ်ပြီး တာချီလိတ် မှ တာလေ နှင့် ကျိုင်းတုံသို့ သွားသော လမ်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~