က်ိဳင္းတံုတြင္ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အထိမ္းအမွတ္ ၿပိဳင္ပြဲမွ ဆုရသူမ်ားကို စက္တင္ဘာလ (၁၃)ရက္ေန႔တြင္ ၿမိဳ႕ေတာ္ခန္းမ၌ ဆုခ်ီးျမႇင့္မည္

က်ိဳင္းတံုတြင္ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အထိမ္းအမွတ္ ၿပိဳင္ပြဲမွ ဆုရသူမ်ားကို စက္တင္ဘာလ (၁၃)ရက္ေန႔တြင္ ၿမိဳ႕ေတာ္ခန္းမ၌ ဆုခ်ီးျမႇင့္မည္
သြဂုတ် 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ လူကုန္ကူးမႈပေပ်ာက္ေရးႏွင့္ ပတ္သက္၍  ျပည္သူပါဝင္ ေဆာင္ရြက္ေရး အသိပညာေပး ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ၊ စာစီစာကံုးၿပိဳင္ပြဲမွ ဆုရရိွသူမ်ားကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔၌ ၿမိဳ႕ေတာ္ခန္းမတြင္ ဆုေပးအပ္ခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲဝင္ ေက်ာင္းသား၊ေက်ာင္းသူ (၈၄)ဦးပါဝင္ယွဥ္ၿပိဳင္သည့္ အဆိုပါၿပိဳင္ပြဲကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၅)ရက္ေန႔ ေန႔လယ္ (၁၂)နာရီတြင္ အမွတ္(၅)အထက(၂)သံလြင္ခန္းမေဆာင္၌ က်င္းပခဲ့ျခင္းျဖစ္သည္။
အဆိုပါ ၿပိဳင္ပြဲကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔တြင္ က်ေရာက္မည့္ လူကုန္ကူးမႈ တုိက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အႀကိဳအျဖစ္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္းသိရၿပီး ၿပိဳင္ပြဲက်င္းပရာသို႔ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးမင္းေအာင္၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းမင္းသိန္း၊ ခရိုင္ရဲတပ္ဖြဲ႕မွဴး ယာယီဒုရဲမွဴးႀကီး ျမင့္ေဆြ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္၊ အမွတ္(၁၈) လူကုန္တား ရဲတပ္ဖြဲ႕စုမွဴး ရဲမွဴး မီမီကိုႏွင့္ ခရိုင္၊ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ အမ်ိဳးသမီးေရးရာအဖြဲ႕ဝင္မ်ားလားလည္း လာေရာက္ ၾကေၾကာင္း သိရသည္။

သတင္း - ၾကည္စိုးလင္း
ဓါတ္ပံု - ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လူကုန်ကူးမှုပပျောက်ရေးနှင့် ပတ်သက်၍ ပြည်သူပါဝင် ဆောင်ရွက်ရေး အသိပညာပေး ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိသူများကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့၌ မြို့တော်ခန်းမတွင် ဆုပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူ (၈၄)ဦးပါဝင်ယှဉ်ပြိုင်သည့် အဆိုပါပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ နေ့လယ် (၁၂)နာရီတွင် အမှတ်(၅)အထက(၂)သံလွင်ခန်းမဆောင်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပြီး ပြိုင်ပွဲကျင်းပရာသို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မြင့်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ အမှတ်(၁၈) လူကုန်တား ရဲတပ်ဖွဲ့စုမှူး ရဲမှူး မီမီကိုနှင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များလားလည်း လာရောက် ကြကြောင်း သိရသည်။

သတင်း - ကြည်စိုးလင်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~