
ဇူလိုငျ 24, 2018
By 🌸



~~~~~~~~⊰❂ unicode ~~~~~~~~
တောဝက်ဘောလုံးအသင်းဝင်များက ဘုရင်၊ဘုရင့်မယ်တော်နှင့် ကယ်ဆယ်ရေးအတွင်း သေဆုံးခဲ့ရသည့် ဆာမန်ခူနန်တို့အား ဂါဝရပြု
**************
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းမှ (၁၈)ရက်ကြာ ကယ်ထုတ်လာသည့် တောဝက်ဘောလုံးအသင်းက သင်္ကန်းမဝတ်မီ ထိုင်းဗုဒ္ဓဘာသာဝင်တို့ ဓလေ့ထုံးစံအခမ်းအနားကို မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းရှိ ဓာတ်တော်စေတီတော်တွင်   ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ နံနက်က ပြုလုပ်နေရာ ထိုင်းဘုရင်နှင့် ဘုရင့်မယ်တော်၊ ကယ်ဆယ်ရေးတွင် အသက်သေဆုံးသွားရသည့် ရေတပ်အဖွဲ့ဝင်ဟောင်း ဆာမန်ခူနန်တို့အား ဂါဝရပြုကြသည်။

မယ်ဆိုင်ဂူမှ ကယ်ဆယ်ခဲ့သည့် (၁၃)ဦးက ကယ်ဆယ်ရေးတွင်ပါဝင်ခဲ့သူများအတွက် ကုသိုလ်ကောင်းမှုပြုပေးခြင်းကို မိမိတို့ ယုံကြည်ကိုးကွယ်ရာဘာသာအသီးသီးအတိုင်းလုပ်ဆောင်နေကြခြင်းဖြစ်ရာ ခရစ်ယာန် (၁)ဦးမှာလည်း ခရစ်ယာန်ဘာသာအရ ဆုတောင်းခြင်းများကိုလည်း လုပ်ဆောင်ပေးနေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~