တာခ်ီလိတ္တြင္ အခမဲ့တက္ေရာက္ႏုိင္မည့္ အစားအေသာက္ႏွင့္ အေဖ်ာ္ယမကာ (၄)လ အခမဲ့ သင္တန္းအတြက္ ဇူလုိင္လ (၂၇) ႏွင့္ (၂၈)ရက္ေန႔မ်ားအထိ ေလွ်ာက္ထားႏိုင္

တာခ်ီလိတ္တြင္ အခမဲ့တက္ေရာက္ႏုိင္မည့္ အစားအေသာက္ႏွင့္ အေဖ်ာ္ယမကာ (၄)လ အခမဲ့ သင္တန္းအတြက္ ဇူလုိင္လ (၂၇) ႏွင့္ (၂၈)ရက္ေန႔မ်ားအထိ ေလွ်ာက္ထားႏိုင္
ဇူလိုင် 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ တိုင္းရင္းသားလူငယ္အဖြဲ႕က အစားအေသာက္ႏွင့္ အေဖ်ာ္ယမကာ သင္တန္းကို အခမဲ့ ဖြင့္လွစ္သင္ၾကားေပးမည္ျဖစ္ရာ အသက္(၁၇)ႏွစ္မွ (၂၂)ႏွစ္ၾကား လူငယ္မ်ား ၂၀၁၈ခုႏွစ္ ဇူလိုင္လ(၂၇)ရက္ႏွင့္ (၂၈)ရက္ေန႔မ်ားတြင္ နံနက္ (၉)နာရီခြဲမွစ၍ လူကိုယ္တုိင္ လာေရာက္ ေလွ်ာက္ထားႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

သင္တန္းကာလ (၄)ၾကာျမင့္မည္ျဖစ္ၿပီး သင္တန္းသူသင္တန္းသား (၂၀)ကို လက္ခံ သြားမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းတြင္ ကိုယ္ေရးမွတ္တမ္းေဖာင္ျဖည့္ျခင္း၊ အင္တာဗ်ဴး၊ ဧည့္သည္ဝန္ေဆာင္မႈ၊ ကြန္ပ်ဴတာ၊ ဘဝပိုင္းဆိုင္ရာကၽြမ္းက်င္မႈ၊ ထိုင္းႏွင့္အဂၤလိပ္ဘာသာစကား၊ အစားအေသာက္ႏွင့္ အေဖ်ာ္ယမကာ ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈမ်ားကို သင္ၾကားေပးမည့္အျပင္ ဟိုတယ္ႏွင့္ စားေသာက္ဆိုင္ လုပ္ငန္း အေတြ႔အႀကံဳရိွသူမ်ားက (၂)လ လက္ေတြ႔သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

တုိင္းရင္းသားလူငယ္အဖြဲ႕က အဆုိပါသင္တန္းအျပင္ အသက္ (၁၄)ႏွစ္ (၂၂)ႏွစ္ၾကား လူငယ္မ်ားအတြက္ စေနေန႔သင္တန္းအျဖစ္ ဘဝပိုင္းဆိုင္ရာကၽြမ္းက်င္မႈႏွင့္လႈပ္ရွားမႈမ်ား၊ ထိုင္း၊ အဂၤလိပ္၊ ကြန္ပ်ဴတာ၊ လက္မႈပညာႏွင့္စက္ခ်ဳပ္သင္တန္းမ်ားကိုလည္း ဖြင့္လွစ္ေပးထားၿပီး အသက္ေမြးဝမ္းေက်ာင္းဆုိင္ရာ ပညာေရးသင္တန္းမ်ားကိုလည္း ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

သင္တန္းႏွင့္ပတ္သက္၍ အေသးစိတ္သိရိွလိုပါက ျမန္မာဖုန္း ၀၉ ၄၅၀၄၈၀၀၇၇ ႏွင့္ ထုိင္းဖုန္း +၆၆ ၈၀၈၄၃၂၈၅၅ တို႔သို႔ ဆက္သြယ္ႏုိင္ေမးျမန္းႏုိင္မည္ျဖစ္သည္။

သင္တန္းသြားေရာက္ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ တုိင္းရင္းသားလူငယ္အဖြဲ႕ရံုးတည္ရိွရာ အိမ္အမွတ္(၇/၈၄)၊ ေဂၚသဇင္လမ္း၊ မကာဟိုခမ္းရပ္ကြက္၊ တာခ်ီလိတ္ၿမိဳ႕သို႔ သြားေရာက္ ေလွ်ာက္ထားႏုိင္မည္ျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တိုင်းရင်းသားလူငယ်အဖွဲ့က အစားအသောက်နှင့် အဖျော်ယမကာ သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ အသက်(၁၇)နှစ်မှ (၂၂)နှစ်ကြား လူငယ်များ ၂၀၁၈ခုနှစ် ဇူလိုင်လ(၂၇)ရက်နှင့် (၂၈)ရက်နေ့များတွင် နံနက် (၉)နာရီခွဲမှစ၍ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

သင်တန်းကာလ (၄)ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသူသင်တန်းသား (၂၀)ကို လက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ကိုယ်ရေးမှတ်တမ်းဖောင်ဖြည့်ခြင်း၊ အင်တာဗျူး၊ ဧည့်သည်ဝန်ဆောင်မှု၊ ကွန်ပျူတာ၊ ဘဝပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ ထိုင်းနှင့်အင်္ဂလိပ်ဘာသာစကား၊ အစားအသောက်နှင့် အဖျော်ယမကာ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများကို သင်ကြားပေးမည့်အပြင် ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်း အတွေ့အကြုံရှိသူများက (၂)လ လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလူငယ်အဖွဲ့က အဆိုပါသင်တန်းအပြင် အသက် (၁၄)နှစ် (၂၂)နှစ်ကြား လူငယ်များအတွက် စနေနေ့သင်တန်းအဖြစ် ဘဝပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့်လှုပ်ရှားမှုများ၊ ထိုင်း၊ အင်္ဂလိပ်၊ ကွန်ပျူတာ၊ လက်မှုပညာနှင့်စက်ချုပ်သင်တန်းများကိုလည်း ဖွင့်လှစ်ပေးထားပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးသင်တန်းများကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာဖုန်း ဝ၉ ၄၅၀၄၈၀၀၇၇ နှင့် ထိုင်းဖုန်း +၆၆ ၈၀၈၄၃၂၈၅၅ တို့သို့ ဆက်သွယ်နိုင်မေးမြန်းနိုင်မည်ဖြစ်သည်။

သင်တန်းသွားရောက်လျှောက်ထားလိုသူများအနဖြေင့် တိုင်းရင်းသားလူငယ်အဖွဲ့ရုံးတည်ရှိရာ အိမ်အမှတ်(၇/၈၄)၊ ဂေါ်သဇင်လမ်း၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့သို့ သွားရောက် လျှောက်ထားနိုင်မည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~