မယ္ဆိုင္ဂူအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းအတြက္ အလွဴခံျခင္း မျပဳလုပ္ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴးဆို

မယ္ဆိုင္ဂူအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းအတြက္ အလွဴခံျခင္း မျပဳလုပ္ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴးဆို
ဇူလိုင် 1, 2018
By Tachileik News Agency

ထိုင္း - ျမန္မာနယ္စပ္ေဒသ၊ ထိုင္းႏုိင္ငံ၊ မယ္ဆိုင္ၿမိဳ႕ရွိ ထမ့္လြမ္ဂူအတြင္း ရွာေဖြကယ္ဆယ္ေရးအတြက္ အလွဴခံျခင္း မရိွဘဲ အစိုးရက အေထာက္အပံ့ပစၥည္းမ်ားႏွင့္ ပတ္သက္၍ ပို႔ေဆာင္စဥ္ကာလအတြင္း ကယ္ဆယ္ေရး အဖြဲ႕ရဲ႕ အေရးေပၚ လိုအပ္မႈမ်ားကို ျပည္သူမ်ားထံမွ အကူအညီရယူရပါက ကာလတန္ဖိုး ျပန္လည္ေပးေခ်သြားမယ္လုိ႔ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ကယ္ဆယ္ေရးလုပ္ငန္းရဲ႕ (၉)ရက္ေျမာက္ေန႔ျဖစ္တဲ့ ဇူလိုင္လ(၁)ရက္ေန႔ ညေနပိုင္းမွာ ေျပာၾကားလုိက္ပါတယ္။

“အခု သတင္းစာရွင္းလင္းပြဲမွာ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး နာရြန္ဆတ္ အိုေဆာ့တာနာကြန္းက ကယ္ဆယ္ေရး လုပ္ေဆာင္ေနခ်ိန္မွာ အေရးေပၚလိုအပ္တဲ့ ပစၥည္းေတြကို အနီးဝန္းက်င္ကေန အကူအညီရယူသံုးထားလုိ႔ရပါတယ္။ တစ္ခါတစ္ေလ ဂူအတြင္းမွာ အခုခ်က္ခ်င္းလိုအပ္တာေတြရိွပါတယ္။ အဲဒီလိုအခ်ိန္မွာ အစိုးရအေနနဲ႔ အခ်ိန္မီ ပို႔မေပးႏုိင္ဘူးဆိုရင္ ျပည္သူေတြက လာေရာက္ အကူအညီေပးႏုိင္တယ္။ သို႔ေသာ္ ကာလတန္ဖိုးတြက္ၿပီးေတာ့ ပစၥည္းတန္ဖိုးကို ျပန္လည္ေပးေခ်မွာျဖစ္ပါတယ္။ အလွဴခံတာ လံုးဝမရိွပါဘူးလို႔ ေျပာသြားပါတယ္”လို႔ ဂူအနီးသြားေရာက္ေနသူ ကိုစည္သူေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာပါတယ္။

ေရစုပ္ထုတ္ျခင္း အပါအဝင္ အဆိုပါ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းအတြက္ စုစုေပါင္း ဆီေပပါ (၂၁၂)ေပပါကို အသံုးျပဳထားၿပီး ရံဖန္ရံခါ ဆီလိုအပ္ခ်ိန္မွာ အစိုးရမွ ခ်က္ခ်င္းေရာက္မလာႏုိင္တဲ့ အခ်ိန္ နီးစပ္ရာက ေခတၱယူၿပီး အသံုးျပဳႏုိင္ၿပီးေတာ့ ကာလတန္ေၾကးျပန္ေပးေခ်မွာျဖစ္တယ္လုိ႔ ေျပာပါတယ္။

ကယ္ဆယ္ေရးကာလမ်ားအတြက္ ကယ္ဆယ္ေရးလုပ္ငန္းအတြက္ စုစုေပါင္းကုန္က်စရိတ္ကိုလည္း စာရင္းျပဳစုထားတယ္လို႔ သိရပါတယ္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူအတွင်း ရှာဖွေကယ်ဆယ်ရေးအတွက် အလှူခံခြင်းမရှိဘဲ အစိုးရက အထောက်အပံ့ပစ္စည်းများနှင့် ပတ်သက်၍ ပို့ဆောင်စဉ်ကာလအတွင်း ကယ်ဆယ်ရေး အဖွဲ့ရဲ့ အရေးပေါ် လိုအပ်မှုများကို ပြည်သူများထံမှ အကူအညီရယူရပါက ကာလတန်ဖိုး ပြန်လည်ပေးချေသွားမယ်လို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ကယ်ဆယ်ရေးလုပ်ငန်းရဲ့ (၉)ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင်လ(၁)ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“အခု သတင်းစာရှင်းလင်းပွဲမှာ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆတ် အိုဆော့တာနာကွန်းက ကယ်ဆယ်ရေး လုပ်ဆောင်နေချိန်မှာ အရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေကို အနီးဝန်းကျင်ကနေ အကူအညီရယူသုံးထားလို့ရပါတယ်။ တစ်ခါတစ်လေ ဂူအတွင်းမှာ အခုချက်ချင်းလိုအပ်တာတွေရှိပါတယ်။ အဲဒီလိုအချိန်မှာ အစိုးရအနေနဲ့ အချိန်မီ ပို့မပေးနိုင်ဘူးဆိုရင် ပြည်သူတွေက လာရောက် အကူအညီပေးနိုင်တယ်။ သို့သော် ကာလတန်ဖိုးတွက်ပြီးတော့ ပစ္စည်းတန်ဖိုးကို ပြန်လည်ပေးချေမှာဖြစ်ပါတယ်။ အလှူခံတာ လုံးဝမရှိပါဘူးလို့ ပြောသွားပါတယ်”လို့ ဂူအနီးသွားရောက်နေသူ ကိုစည်သူမောင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောပါတယ်။

ရေစုပ်ထုတ်ခြင်း အပါအဝင် အဆိုပါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် စုစုပေါင်း ဆီပေပါ (၂၁၂)ပေပါကို အသုံးပြုထားပြီး ရံဖန်ရံခါ ဆီလိုအပ်ချိန်မှာ အစိုးရမှ ချက်ချင်းရောက်မလာနိုင်တဲ့ အချိန် နီးစပ်ရာက ခေတ္တယူပြီး အသုံးပြုနိုင်ပြီးတော့ ကာလတန်ကြေးပြန်ပေးချေမှာဖြစ်တယ်လို့ ပြောပါတယ်။

ကယ်ဆယ်ရေးကာလများအတွက် ကယ်ဆယ်ရေးလုပ်ငန်းအတွက် စုစုပေါင်းကုန်ကျစရိတ်ကိုလည်း စာရင်းပြုစုထားတယ်လို့ သိရပါတယ်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~