မယ်ဆိုင်ဂူအတွင်း လူငယ်(၁၃)ဦး ပျောက်ခြင်း အစ

မယ်ဆိုင်ဂူအတွင်း လူငယ်(၁၃)ဦး ပျောက်ခြင်း အစ
ဇူလိုငျ 1, 2018
By Tachileik News Agency

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်း ပိတ်မိနေသည့် ဘောလုံးအသင်းမှ ကျောင်းသား (၁၂)ဦးနှင့် နည်းပြ(၁)ဦးတို့ကို ကယ်ဆယ်နိုင်ရေး အတွက် (၉)ရက်မြောက်နေ့အဖြစ် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ထိုင်းနှင့် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖြင့် ရှာဖွေနေကြပြီး မကြာမီတွေ့ရမည်ဟုလည်း မျှော်လင့်နေကြခြင်းဖြစ်သည်။





မယ်ဆိုင်ရဲတပ်ဖွဲ့က ည(၁၀)နာရီတွင် အဆိုပါ လူငယ်အဖွဲ့ပျောက်ဆုံးကြောင်း သတင်းရပြီးနောက် အခင်းဖြစ်နေရာသို့ သွားရောက် ရှာဖွေနေခဲ့ရာ ဇွန်လ (၂၄)ရက်နေ့ နံနက် (၁)နာရီတွင် စယမ်လွမ်ကျိုင်နှင့် စမ်မာခွန်စီရိခွန် ကယ်ဆယ်ရေးအဖွဲ့များက ရေကြီးနေသည့်ဂူအတွင်း ကယ်ဆယ်ရေးကြိုးများ၊ အောက်ဆီဂျင်ဗူးများဖြင့် လာရောက်ပူးပေါင်း ရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ (၂၄)ရက်နေ့ နံနက် (၃)နာရီခွဲတွင် အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များသည် ဂူအတွင်းမှ ကလေးများ၏ ဖိနပ် (၁၂)ရံနှင့် ကျောပိုးအိတ်အချို့ကို တွေ့ခဲ့ပြီးနောက် ဂူအတွင်းရေကြီးနေမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့သည် ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ထွက်လာခဲ့ရကာ နံနက် (၄)နာရီတွင် ရှာဖွေကယ်ဆယ်ရေးကို ခေတ္တဆိုင်းငံ့ ခဲ့ရသည်။



ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီကျော်အထိ ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက် ရှာဖွေ နေလျက်ရှိရာ ဂူအတွင်း၌ ရေကြီးနေ၍ ရှာဖွေကယ်ဆယ်မှု ခက်ခဲနေလျက်ရှိကြောင်း သွားရောက် ရှာဖွေသူ၏ ပြန်လည်ရှင်းပြချက်အရ သိရသည်။

"ဂူထဲမှာ ကလေးတွေရဲ့ ဖိနပ်တွေ၊ အသုံးဆောင်ပစ္စည်းတွေ တွေ့ခဲ့တယ်၊ သူတို့ သွားတဲ့ အချိန်တုန်းက ဂူထဲမှာ ရေကြီးနေတဲ့ အလားအလာ မရှိသေးဘူး၊ နောက်ပိုင်း  ရေကြီးလာတဲ့ သဘောရှိတယ်၊ ရေကြီးလာတော့ သူတို့ ပြန်ထွက်လာဖို့ ခက်သွားတာဖြစ်လိမ့်မယ်၊ ရေတွေခံနေတယ်၊ ရေတွေကို ဖယ်ရှားပြီးမှ ဆက်လက် ရှာဖွေ ကယ်ဆယ်မှုကို လုပ်နိုင်လိမ့်မယ်"ဟု ဂူအတွင်းသို့ (၃)ကီလိုမီတာ အကွာအဝေးထိ ဝင်ရောက်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့ဝင် အသက်(၄၁)နှစ်အရွယ် အမျိုးသားတစ်ဦးက ဂူအထွက်တွင် သက်ဆိုင်ရာများအား ပြန်လည်ရှင်းပြကြောင်း သိရသည်။


ရေငုပ်အဖွဲ့သည် နံနက် (၁၀)နာရီတွင် ရေအောက် (၅)မီတာသို့ ငုပ်၍ ရှာဖွေရာ ဂူအဝင်ပေါက် လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဂူလမ်းကြောင်းအဆုံးအထိ (၇)ကီလိုမီတာအထိ ရောက်ခဲ့ကာ အဆိုပါ နေရာရှိ နံရံတွင် ကလေးများ၏ လက်အရာများကို တွေ့ခဲ့ရသော်လည်း ပျောက်ဆုံးနေသူများကို မတွေ့ခဲ့ရဘဲ ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြရာ မိုးဆက်တိုက် ရွာသွန်းကာ ဂူအတွင်း ရေဝင်ရောက်မှုများ နေသဖြင့် ရှာဖွေကယ်ဆယ်မှုအတွက် အဟန့်အတားဖြစ်ကာ ဇူလိုင်လ (၁)ရက်နေ့အထိ ကလေးများ ရှိနေနိုင်သည်ဟု ယူဆရသည့် ဂူအတွင်းပိုင်းသို့ ရောက်ရှိရန် ကြိုးစားနေကြဆဲဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်း ပိတ်မိနေသည့် ဘောလုံးအသင်းမှ ကျောင်းသား (၁၂)ဦးနှင့် နည်းပြ(၁)ဦးတို့ကို ကယ်ဆယ်နိုင်ရေး အတွက် (၉)ရက်မြောက်နေ့အဖြစ် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ထိုင်းနှင့် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖြင့် ရှာဖွေနကြပြေီး မကြာမီတွေ့ရမည်ဟုလည်း မျှော်လင့်နကြခြေင်းဖြစ်သည်။

တောဝက်ဟု အမည်ရသည့် ဒေသတွင်း ဘောလုံးအသင်းမှ ဘောလုံးသမား (၁၂) ဦးနှင့် နည်းပြဖြစ်သူ တို့သည် ၂၀၁၈ ခုနှစ် ဇွန်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်း ဘောလုံးလေ့ကျင့်အပြီး မိုးရာသီတွင် ဂူအတွင်း အနီးဝန်းကျင်မှ ရေများ စီးဝင်လေ့ ရှိသဖြင့် လည်ပတ်ခွင့် တားမြစ်ထားသည့် ထမ့်လွမ်ဂူအတွင်း အလည်အပတ် သွားခဲ့ကြရာမှ ပြန်ထွက်ချိန်တွင် မိုးရွာသွန်းမှုကြောင့် ဂူအတွင်းလမ်းမှာ ရေနစ်မြုပ်သွားကာ ပိတ်မိသွားကြခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြသည်။

၎င်းတို့အဖွဲ့ ဂူအတွင်းမသွားမီ ဇွန်လ (၂၃)ရက်နေ့ နံနက် (၁၀)နာရီ (၄၂)မိနစ်တွင် နည်းပြဖြစ်သူက ဘောလုံးအသင်း၏ လေ့ကျင့်နေသည့် (၅)မိနစ်စာ ဗီဒီယိုကို၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် တင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ (၃)နာရီတွင် ထမ့်လွမ်ဂူရှိရာ ထမ့်လွမ်ခွန်နမ် နန်းနွမ်းအမျိုးသား ဥယျာဉ်၏ တာဝန်ရှိသူက ဥယျာဉ်ရုံးခန်း မပိတ်မီ ဂူအရှေ့တွင် ရပ်ထားသည့် စက်ဘီး (၁၁)စီးကို သတိထားမိခဲ့ကြောင်း သိရသည်။

ယင်းနေ့ ည (၉)နာရီခွဲတွင် စယမ် လွမ် ကျိုင် မယ်ဆိုင်ဖောင်ဒေးရှင်းက အသက် (၁၁)နှစ်မှ (၁၆)နှစ်အရွယ် ကျောင်းသားဘောလုံးအဖွဲ့ ဂူထဲတွင် ပျောက်ဆုံးနေကြောင်း သတင်းပေးပို့ကြောင်း သိရသည်။

မယ်ဆိုင်ရဲတပ်ဖွဲ့က ည(၁၀)နာရီတွင် အဆိုပါ လူငယ်အဖွဲ့ပျောက်ဆုံးကြောင်း သတင်းရပြီးနောက် အခင်းဖြစ်နေရာသို့ သွားရောက် ရှာဖွေနေခဲ့ရာ ဇွန်လ (၂၄)ရက်နေ့ နံနက် (၁)နာရီတွင် စယမ်လွမ်ကျိုင်နှင့် စမ်မာခွန်စီရိခွန် ကယ်ဆယ်ရေးအဖွဲ့များက ရကြေီးနေသည့်ဂူအတွင်း ကယ်ဆယ်ရေးကြိုးများ၊ အောက်ဆီဂျင်ဗူးများဖြင့် လာရောက်ပူးပေါင်း ရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ (၂၄)ရက်နေ့ နံနက် (၃)နာရီခွဲတွင် အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များသည် ဂူအတွင်းမှ ကလေးများ၏ ဖိနပ် (၁၂)ရံနှင့် ကျောပိုးအိတ်အချို့ကို တွေ့ခဲ့ပြီးနောက် ဂူအတွင်းရကြေီးနေမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့သည် ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ထွက်လာခဲ့ရကာ နံနက် (၄)နာရီတွင် ရှာဖွေကယ်ဆယ်ရေးကို ခေတ္တဆိုင်းငံ့ ခဲ့ရသည်။

ယင်းနောက် နံနက် (၈)နာရီတွင် အမျိုးသားဥယျာဉ်မှ တာဝန်ရှိသူများနှင့် ခရိုင်မှကယ်ဆယ်ရေးအဖွဲ့ စုစုပေါင်း (၇)ဖွဲ့သည် ဂူအတွင်း ထပ်မံဝင်ရောက်ပြီး ဂူအတွင်းမှ ရေစုပ်ထုတ်ရန် စီစဉ်ခဲ့သော်လည်း ရေတက်လာသဖြင့် ရေစုပ်ထုတ် မနိုင်ဘဲဖြစ်ခဲ့ကာ နေ့လယ်(၁)နာရီတွင် ရေငုပ်အဖွဲ့က ဂူအတွင်း အခြေအနေကို ရေအနက် (၅)မီတာအထိ ရေငုပ်လေ့လာခဲ့ကြပြီး ရေအနက် (၁၅)မီတာအထိ ရေငုပ်ရှာဖွေခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေး ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။

ညနေ (၆)နာရီတွင် ရေငုပ်အဖွဲ့မှာ အခက်အခဲ ရှိနေကြောင်း အမျိုးသားဥယျာဉ်၏ ကယ်ဆယ်ရေးဌာန ညွန်ကြားရေးမှူး ပရာချန်မီဘွန်းက တင်ပြခဲ့သဖြင့် ထိုင်းတော်ဝင်ရေတပ်အထူးအဖွဲ့မှ ရေငုပ်တပ်ဖွဲ့ဝင် (၁၆)ယောက် ပါဝင်ကူညီခဲ့သည်။

ဇွန်လ(၂၄)ရက်နေ့ ညနေ(၃)နာရီကျော်အထိ ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက် ရှာဖွေ နေလျက်ရှိရာ ဂူအတွင်း၌ ရကြေီးနေ၍ ရှာဖွေကယ်ဆယ်မှု ခက်ခဲနေလျက်ရှိကြောင်း သွားရောက် ရှာဖွေသူ၏ ပြန်လည်ရှင်းပြချက်အရ သိရသည်။

"ဂူထဲမှာ ကလေးတွေရဲ့ ဖိနပ်တွေ၊ အသုံးဆောင်ပစ္စည်းတွေ တွေ့ခဲ့တယ်၊ သူတို့ သွားတဲ့ အချိန်တုန်းက ဂူထဲမှာ ရကြေီးနေတဲ့ အလားအလာ မရှိသေးဘူး၊ နောက်ပိုင်း ရကြေီးလာတဲ့ သဘောရှိတယ်၊ ရကြေီးလာတော့ သူတို့ ပြန်ထွက်လာဖို့ ခက်သွားတာဖြစ်လိမ့်မယ်၊ ရေတွေခံနေတယ်၊ ရေတွေကို ဖယ်ရှားပြီးမှ ဆက်လက် ရှာဖွေ ကယ်ဆယ်မှုကို လုပ်နိုင်လိမ့်မယ်"ဟု ဂူအတွင်းသို့ (၃)ကီလိုမီတာ အကွာအေဝးထိ ဝင်ရောက်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့ဝင် အသက်(၄၁)နှစ်အရွယ် အမျိုးသားတစ်ဦးက ဂူအထွက်တွင် သက်ဆိုင်ရာများအား ပြန်လည်ရှင်းပြကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့အကူး (ဝဝ:၁၀) အချိန်တွင် တပ်နှင့် ရဲတပ်ဖွဲ့မှ (၁၀)ဦး၊ နံနက် (ဝဝ:၃၀)အချိန်တွင် ရေတပ်အထူးအဖွဲ့မှ (၁၀)ဦး၊ (ဝဝ:၄၀)အချိန်တွင် မယ်ခေါင်မြစ်ကြောင်းဌာနချုပ်မှ ကယ်ဆယ်ရေးအဖွဲ့ (၃)ဦးတို့ အင်အားဖြည့်လာကြပြီး နံနက် (၂)နာရီ (၄၅)မိနစ်အချိန်တွင် ရေတပ် အထူးအဖွဲ့က အုပ်စု(၄)စုခွဲကာ ပထမတစ်စုက ဂူအတွင်းကယ်ဆယ်ရေးလုပ်နေသည့်အဖွဲ့နှင့် သွားရောက် ပူးပေါင်းရှာဖွေခဲ့ကာ နံနက် (၈)နာရီခွဲအချိန်တွင် ရေတပ်အထူးအဖွဲ့က တစ်ဖက်တွင် ပိတ်မိနေသူများ ရှိမည်ဟု မျှော်လင့်ကာ ဂူအတွင်း ရေအောက်လမ်းကြောင်းတစ်ခုမှ သဲများစုပ်ထုတ်ကာ ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေသူများကို တွေ့ရှိရခြင်းမရှိခဲ့ကြောင်း သိရသည်။

ရေငုပ်အဖွဲ့သည် နံနက် (၁၀)နာရီတွင် ရေအောက် (၅)မီတာသို့ ငုပ်၍ ရှာဖွေရာ ဂူအဝင်ပေါက် လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဂူလမ်းကြောင်းအဆုံးအထိ (၇)ကီလိုမီတာအထိ ရောက်ခဲ့ကာ အဆိုပါ နေရာရှိ နံရံတွင် ကလေးများ၏ လက်အရာများကို တွေ့ခဲ့ရသော်လည်း ပျောက်ဆုံးနေသူများကို မတွေ့ခဲ့ရဘဲ ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြရာ မိုးဆက်တိုက် ရွာသွန်းကာ ဂူအတွင်း ရေဝင်ရောက်မှုများ နေသဖြင့် ရှာဖွေကယ်ဆယ်မှုအတွက် အဟန့်အတားဖြစ်ကာ ဇူလိုင်လ (၁)ရက်နေ့အထိ ကလေးများ ရှိနေနိုင်သည်ဟု ယူဆရသည့် ဂူအတွင်းပိုင်းသို့ ရောက်ရှိရန် ကြိုးစားနကြေဆဲဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~