တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း မိသားစု ရန္ျဖစ္ေနသည္ကို မီးေလာင္သည္ဟု သတင္းပို႔၍ ရပ္ကြက္တြင္းေန ျပည္သူမ်ား အထိတ္တလန္႔ျဖစ္

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း မိသားစု ရန္ျဖစ္ေနသည္ကို မီးေလာင္သည္ဟု သတင္းပို႔၍ ရပ္ကြက္တြင္းေန ျပည္သူမ်ား အထိတ္တလန္႔ျဖစ္
ဇွန် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္၊ ရတနာလမ္းသြယ္တြင္ မီးေလာင္ ေနေၾကာင္း ကနဦး သတင္းအရ မီးသတ္ကားမ်ား ႏွင့္ ရဲတပ္ဖြဲ႔တို႔ သြားေရာက္ ၾကည့္ရႈစစ္ေဆးရာ မီးေလာင္ျခင္း မဟုတ္ဘဲ  မိသားစု ရန္ျဖစ္ျခင္းသာျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇြန္လ(၁၇)ရက္ေန႔ ည(၉)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ျဖစ္သည့္ ၀မ္ေကာင္းရပ္ကြက္အတြင္း ရတနာလမ္းလမ္းသြယ္၊ (၁၄)လမ္းၾကားရွိ ေနအိမ္တြင္ မီးေလာင္ေၾကာင္း ကနဦး သတင္းအရ မီးသတ္ကား(၂)စီး ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ား အပါအ၀င္  ရဲတပ္ဖြဲ႔တို႔မွ သြားေရာက္ စစ္ေဆးရာ မီးေလာင္ေနျခင္း မဟုတ္ဘဲ မိသားစု စကားမ်ား ရန္ျဖစ္ျခင္းသာ ျဖစ္ေၾကာင္း သိရသည္။

 အဆိုပါ ေနရာသို႔ သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ဳိးခိုင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္း ႏွင့္ အဖြဲ႔၀င္မ်ားမွ သြားေရာက္ ၾကည့္ရႈစစ္ေဆးၿပီး ရန္ျဖစ္ၾကသူမ်ားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္ကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

"မီးတကယ္ေလာင္တယ္ ထင္ၿပီး မီးသတ္ကားေတြေရာ၊ ရဲကားေတြေရာ အေရးေပၚေရာက္လာေတာ့ ရပ္ကြက္ထဲမွာ အုတ္အုတ္က်က္က်က္ျဖစ္သြားတာေတာ့ အမွန္ပဲ၊ တကယ္ေတာ့ မိသားစု ရန္ျဖစ္ၾကတာ၊ မီးေလာင္တာ မဟုတ္ပါဘူး၊ ရန္ျဖစ္ၾကေတာ့ မီးလံုးကို ရိုက္ခြဲတာမွာ ေရွာ့ျဖစ္ေတာ့ မီးေလာင္တယ္ဆိုၿပီး ျဖစ္သြားတာပါ၊"ဟု ၀မ္ေကာင္းရပ္ကြက္၊ ရတနာလမ္းတြင္ေနသူ တစ္ဦးက ေျပာသည္။

သက္ဆိုင္ရာအဖြဲ႔မွ မီးေလာင္မႈျဖစ္ပြားသည္ဟု ဆိုသည့္ ေနအိမ္သို႔ သြားေရာက္ စစ္ေဆးရာတြင္ ေနအိမ္ ၿခံတံခါးအား ပ်က္စီးလွ်က္ျဖင့္ လည္းေကာင္း၊ အုတ္တံတိုင္းေပၚရွိ မီးလံုးမွာ ကြဲေနသည္ကိုလည္းေကာင္း စစ္ေဆးေတြ႔ရွိရေၾကာင္း သိရသည္။

ဓါတ္ပံု - WL


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းသွယ်တွင် မီးလောင်နေကြောင်း ကနဦး သတင်းအရ မီးသတ်ကားများ နှင့် ရဲတပ်ဖွဲ့တို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ မီးလောင်ခြင်း မဟုတ်ဘဲ မိသားစု ရန်ဖြစ်ခြင်းသာဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇွန်လ(၁၇)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ဝမ်ကောင်းရပ်ကွက်အတွင်း ရတနာလမ်းလမ်းသွယ်၊ (၁၄)လမ်းကြားရှိ နေအိမ်တွင် မီးလောင်ကြောင်း ကနဦး သတင်းအရ မီးသတ်ကား(၂)စီး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအဝင် ရဲတပ်ဖွဲ့တို့မှ သွားရောက် စစ်ဆေးရာ မီးလောင်နခြေင်း မဟုတ်ဘဲ မိသားစု စကားများ ရန်ဖြစ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

 အဆိုပါ နေရာသို့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင် နှင့် တပ်ဖွဲ့ဝင်များ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ရန်ဖြစ်ကြသူများအား တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

"မီးတကယ်လောင်တယ် ထင်ပြီး မီးသတ်ကားတွေရော၊ ရဲကားတွေရော အရေးပေါ်ရောက်လာတော့ ရပ်ကွက်ထဲမှာ အုတ်အုတ်ကျက်ကျက်ဖြစ်သွားတာတော့ အမှန်ပဲ၊ တကယ်တော့ မိသားစု ရန်ဖြစ်ကြတာ၊ မီးလောင်တာ မဟုတ်ပါဘူး၊ ရန်ဖြစ်ကြတော့ မီးလုံးကို ရိုက်ခွဲတာမှာ ရှော့ဖြစ်တော့ မီးလောင်တယ်ဆိုပြီး ဖြစ်သွားတာပါ၊"ဟု ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းတွင်နေသူ တစ်ဦးက ပြောသည်။

သက်ဆိုင်ရာအဖွဲ့မှ မီးလောင်မှုဖြစ်ပွားသည်ဟု ဆိုသည့် နေအိမ်သို့ သွားရောက် စစ်ဆေးရာတွင် နေအိမ် ခြံတံခါးအား ပျက်စီးလျှက်ဖြင့် လည်းကောင်း၊ အုတ်တံတိုင်းပေါ်ရှိ မီးလုံးမှာ ကွဲနေသည်ကိုလည်းကောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ဓာတ်ပုံ - WL

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~