မိုးရာသီ သစ္ပင္စိုက္ပ်ဳိးပြဲေတာ္အျဖစ္ မိုင္းျဖတ္ၿမို႕ရွိ အမက(၀မ္မိုင္)တြင္ သစ္ပင္ အပင္(၂၅၀) စုေပါင္း စိုက္ပ်ဳိး

မိုးရာသီ သစ္ပင္စိုက္ပ်ဳိးပြဲေတာ္အျဖစ္ မိုင္းျဖတ္ၿမို႕ရွိ အမက(၀မ္မိုင္)တြင္ သစ္ပင္ အပင္(၂၅၀) စုေပါင္း စိုက္ပ်ဳိး
ဇွန် 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕၊ ၀မ္မိုင္ရပ္ကြက္အတြင္းရွိ အေျခခံပညာမူလတန္း ေက်ာင္းတြင္ မိုးရာသီသစ္ပင္စိုက္ပ်ဳိးပြဲေတာ္အျဖစ္ သစ္ပင္ အမ်ဳိးအစား(၆)မ်ဳိးျဖင့္ အပင္ေပါင္း (၂၅၀)အား ၂၀၁၈ခုႏွစ္ ဇြန္လ(၁၉)ရက္ေန႔ နံနက္ပိုင္းက သစ္ေတာ္ဦးစီးဌာနက ႀကီးမွဴးကာ စုေပါင္း စိုက္ပ်ဳိးခဲ့ၾကေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ မိုးရာသီသစ္ပင္စိုက္ပ်ဳိးပြဲေတာ္အျဖစ္ အမက(၀မ္မိုင္)တြင္ ျပဳလုပ္ရာ  ကြ်န္းပင္(၁၀၀)ပင္ မယ္ဇလီပင္(၅၀)ပင္ ပ်ဥ္းကတိုးပင္(၅၀)ပင္ မေဟာ္ဂနီပင္(၂၅)ပင္ ပိႏၷဲပင္(၁၅)ပင္ ႏွင့္ ခ်ယ္ရီပင္(၁၀)ပင္တို႔အား စိုက္ပ်ဳိးခဲ့ၾကျခင္း ျဖစ္သည္။

မိုးရာသီသစ္ပင္စိုက္ပ်ဳိးပြဲသို႔ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္ ႏွင့္ ႏွင့္ ေကာ္မတီ၀င္မ်ား၊ ဌာနဆိုင္ရာ၊ ႏိုင္ငံေရးပါတီဝင္မ်ား၊ ၾကက္ေျခနီတပ္ဖြဲ႔၀င္မ်ား၊ ပညာေရးဝန္ထမ္းမ်ား ေက်ာင္းသား/ေက်ာင္းသူမ်ား ႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ားမွ ပါ၀င္ဆင္ႏႊဲခဲ့ၾကေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် မိုင်းဖြတ်မြို့ရှိ အမက(ဝမ်မိုင်)တွင် သစ်ပင် အပင်(၂၅၀) စုပေါင်း စိုက်ပျိုး
https://www.tachileik.net/2018/06/mypt.html
*************************

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့၊ ဝမ်မိုင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် သစ်ပင် အမျိုးအစား(၆)မျိုးဖြင့် အပင်ပေါင်း (၂၅၀)အား ၂၀၁၈ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်ပိုင်းက သစ်တော်ဦးစီးဌာနက ကြီးမှူးကာ စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

၂၀၁၈ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် အလက(ဝမ်မိုင်)တွင် ပြုလုပ်ရာ ကျွန်းပင်(၁၀၀)ပင် မယ်ဇလီပင်(၅၀)ပင် ပျဉ်းကတိုးပင်(၅၀)ပင် မဟော်ဂနီပင်(၂၅)ပင် ပိန္နဲပင်(၁၅)ပင် နှင့် ချယ်ရီပင်(၁၀)ပင်တို့အား စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ၊ နိုင်ငံရေးပါတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ ကျောင်းသား/ကျောင်းသူများ နှင့် လူမှုရေးအသင်းအဖွဲ့များမှ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~