မိုင္းဆတ္တြင္ ေမာ္ေတာ္ယာဥ္မ်ားအား ေရွာင္တခင္စစ္ေဆးစဥ္ စိတ္ၾကြေဆး ၁၀၀ ေက်ာ္သယ္လာသည့္ လူငယ္အား ဖမ္းမိ

မိုင္းဆတ္တြင္ ေမာ္ေတာ္ယာဥ္မ်ားအား ေရွာင္တခင္စစ္ေဆးစဥ္ စိတ္ၾကြေဆး ၁၀၀ ေက်ာ္သယ္လာသည့္ လူငယ္အား ဖမ္းမိ
ဇွန် 19, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းဆတ္ၿမိဳ႕နယ္၊ မုိင္းတြမ္းေတာင္ေပၚအုပ္စု၊ ဖားမိုက္(အေပၚ) အာခါရြာသြားလမ္းတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၈)ရက္ေန႔က စစ္ေဆးရာ စိတ္ၾကြေဆးျပား (၁၃၅)ျပား သယ္ေဆာင္လာသည့္လူငယ္တစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါကားလမ္းတြင္ ရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ားပါသည့္ပူးေပါင္းအဖြဲ႕က ျဖတ္သန္းသြားလာသည့္ ယာဥ္မ်ားအား ေရွာင္တခင္စစ္ေဆးေနစဥ္ ေန႔လယ္ (၁)နာရီဝန္းက်င္က ဆုိင္ကယ္ေမာင္းႏွင္လာသည့္ လီဂါဆိုသူ၏ လြယ္အိတ္အတြင္း စိတ္ၾကြေဆးျပား (၁၃၅)ျပားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၂၀)အရြယ္ လီဂါအား မုိင္းတြမ္းနယ္ေျမရဲစခန္းတြင္ မယ(ပ) ၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်တွင် မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးစဉ် စိတ်ကြွဆေး ၁၀၀ ကျော်သယ်လာသည့် လူငယ်အား ဖမ်းမိ
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ ဖားမိုက်(အပေါ်) အာခါရွာသွားလမ်းတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၈)ရက်နေ့က စစ်ဆေးရာ စိတ်ကြွဆေးပြား (၁၃၅)ပြား သယ်ဆောင်လာသည့်လူငယ်တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါကားလမ်းတွင် ရဲတပ်ဖွဲ့နှင့်သက်သေများပါသည့်ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာသည့် ယာဉ်များအား ရှောင်တခင်စစ်ဆေးနေစဉ် နေ့လယ် (၁)နာရီဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသည့် လီဂါဆိုသူ၏ လွယ်အိတ်အတွင်း စိတ်ကြွဆေးပြား (၁၃၅)ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၂၀)အရွယ် လီဂါအား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ) ၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~