မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္က မစိစစ္ဘဲ အတည္ျပဳလုိက္သည့္ ရသံုးမွန္းေျခေငြစာရင္းကို ျပန္လည္ စိစစ္မည္

မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္က မစိစစ္ဘဲ အတည္ျပဳလုိက္သည့္ ရသံုးမွန္းေျခေငြစာရင္းကို ျပန္လည္ စိစစ္မည္
ဇွန် 15, 2018
By Tachileik News Agency
မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္က ဇြန္လ(၁၅)ရက္ေန႔ အစည္းအေဝးတြင္ အတည္ျပဳလုိက္သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ရသံုးမွန္းေျခေငြစာရင္းကို ျပည္သူ႔ ေငြစာရင္းေကာ္မတီက ျပန္လည္ စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေငြစာရင္းကို လႊတ္ေတာ္သို႔ တင္ျပရန္ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒က အစိုးရအဖြဲ႔ထံ ႏွစ္ႀကိမ္ေတာင္းခံခဲ့ၿပီး ျပည္သူ႔ ေငြစာရင္းေကာ္မတီက ေငြစာရင္းဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ အပါအဝင္ လႊတ္ေတာ္ဝန္ထမ္း (၇)ဦးျဖင့္ ဘတ္ဂ်က္စစ္ေဆးေရးအဖြဲ႔ ဖြဲ႕ထားသည့္အျပင္ ေကာ္မတီ (၁၀)ခုကလည္း စစ္ေဆးရန္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကလည္း ၿမိဳ႕နယ္အလိုက္ စိစစ္ႏုိင္ရန္ ျပင္ဆင္ထားခဲ့ေသာ္လည္း အစိုးရအဖြဲ႕က ေငြစာရင္းတင္ျပမႈ ေနာက္က်သျဖင့္ စိစစ္ႏုိင္ျခင္း မရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လႊတ္ေတာ္အဖြဲ႔က စီစဥ္မႈအျပည့္နဲ႔ လံု႔လစုိက္ထုတ္ထားေပမဲ့ ကၽြန္ေတာ္တို႔ဆီကို (၁၀)ရက္ေက်ာ္မွ ေရာက္လာေတာ့ (၂၇)ရက္ေန႔ေလာက္ အထိ စိစစ္ႏိုင္မယ္လို႔ လႊတ္ေတာ္က ခ်ိန္ဆထားေပမဲ့ ဇြန္လ(၁၈)ရက္ေန႔မွာ ဒုသမၼတဆီ တင္ရမယ္ဆုိၿပီးေတာ့ အစိုးရအဖြဲ႔ရဲ႕ ေျပာၾကားေတာင္းဆိုခ်က္ေၾကာင့္ ျပည္သူ႔ေငြစာရင္း ေကာ္မတီရဲ႕တာဝန္ျဖစ္တဲ့ ဘတ္ဂ်က္ကိုစိစစ္ၿပီး အစီရင္ခံစာေရးတင္ရမယ့္တာဝန္ကို ထမ္းေဆာင္ႏိုင္ျခင္း မရိွခဲ့ပါဘူး ”ဟု ျပည္သူ႔ ေငြစာရင္းေကာ္မတီ ဥကၠ႒ ဦးတင့္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ ခုႏွစ္၊ ဇြန္လ(၁၅)ရက္တြင္ျပဳလုပ္ေသာ ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚ အစည္းအေဝး (၃/၂၀၁၈) ဒုတိယေန႔တြင္ စိစစ္ႏုိင္ျခင္းမရိွဘဲ အတည္ျပဳခဲ့ရသည့္ ေငြစာရင္းအား ျပည္ေထာင္စုအဆင့္သို႔ တင္ျပထားစဥ္ ကာလအတြင္း လႊတ္ေတာ္အေနျဖင့္ ျပန္လည္စိစစ္ရန္ တုိင္းေဒသႀကီးလႊတ္ေတာ္ဥကၠဌက တိုက္တြန္းထားသည္။

“၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္မွာ လုပ္ထားတဲ့ဟာေတြကို   ဘာေတြသံုးေနတယ္ဆုိတာ စိစစ္ဖို႔လုိပါတယ္။ တစ္ခ်ိဳ႕အသံုးေတြက စာရင္းစာအုပ္ေတြကိ္ု ေသခ်ာမၾကည့္ႏိုင္ေသးဘဲ အေပၚယံၾကည့္တာေတာင္ ကုန္က်သင့္တာထက္ ပိုမ်ားေနတာေတြ႔ရွိပါတယ္။ ပိုၿပီးအေရးႀကီးမယ့္ ပိုၿပီးထိေရာက္မယ့္ကိစၥေတြကို ၂၀၂၀ အတြင္းမွာ ေဆာင္ရြက္ႏိုင္ေအာင္ ေငြစာရင္းကို ျပည္ေထာင္စုက ျပန္က်မလာခင္ စိစစ္ေလ့လာ ျပင္ဆင္ထားဖုိ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တိုက္တြန္းပါတယ္” ဟု လႊတ္ေတာ္အစည္းအေဝးတြင္ ဥကၠ႒ ဦးတာက ေျပာသည္။

အျခားျပည္နယ္နွင့္တုိင္းမ်ားတြင္ လႊတ္ေတာ္ဥပေဒပုဒ္မ (၁၃၅) တြင္ျပဌာန္းထားသည့္အတိုင္း ၂၀၁၈-၂၀၁၉ ရသံုးမွန္းေျခေငြစာရင္းမ်ားကို လႊတ္ေတာ္သို႔ တစ္လမွ သံုးလခန္႔အထိ ႀကိဳတင္ေပးႏိုင္ၾကသျဖင့္ မႏၱေလးတို္င္းတြင္ (၁၂)ဘီလီယံ၊ မြန္ျပည္နယ္တြင္ (၁၀)ဘီလီယံ၊ ရန္ကုန္တုိင္းတြင္ (၇)ဘီလီယံ၊ ပဲခူးတုိင္းတြင္ (၆)ဘီလီယံလြဲေနသည္ကို စိစစ္ေတြ႔ရွိ၍ လႊတ္ေတာ္က ျပန္လည္တည့္မတ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ယခင္အစိုးရလက္ထက္က ေရးဆြဲခဲ့သည့္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္ဘတ္ဂ်က္ထဲတြင္ လမ္းဦးစီးဌာနက ကတၱရာႏွင့္ ေက်ာက္စရစ္ဝယ္ယူရန္ တင္သြင္းထားသည့္ ပမာဏမွ (၁၀.၂၇)ဘီလီယံကို မေကြးတုိင္းေဒသႀကီး လႊတ္ေတာ္က စိစစ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

သတင္း -  ဖီးနစ္
ဓာတ္ပံု - လႊတ္ေတာ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးလွှတ်တော်က ဇွန်လ(၁၅)ရက်နေ့ အစည်းအဝေးတွင် အတည်ပြုလိုက်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းကို ပြည်သူ့ ငွေစာရင်းကော်မတီက ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေစာရင်းကို လွှတ်တော်သို့ တင်ပြရန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစိုးရအဖွဲ့ထံ နှစ်ကြိမ်တောင်းခံခဲ့ပြီး ပြည်သူ့ ငွေစာရင်းကော်မတီက ငွေစာရင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအဝင် လွှတ်တော်ဝန်ထမ်း (၇)ဦးဖြင့် ဘတ်ဂျက်စစ်ဆေးရေးအဖွဲ့ ဖွဲ့ထားသည့်အပြင် ကော်မတီ (၁၀)ခုကလည်း စစ်ဆေးရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း မြို့နယ်အလိုက် စိစစ်နိုင်ရန် ပြင်ဆင်ထားခဲ့သော်လည်း အစိုးရအဖွဲ့က ငွေစာရင်းတင်ပြမှု နောက်ကျသဖြင့် စိစစ်နိုင်ခြင်း မရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လွှတ်တော်အဖွဲ့က စီစဉ်မှုအပြည့်နဲ့ လုံ့လစိုက်ထုတ်ထားပေမဲ့ ကျွန်တော်တို့ဆီကို (၁၀)ရက်ကျော်မှ ရောက်လာတော့ (၂၇)ရက်နေ့လောက် အထိ စိစစ်နိုင်မယ်လို့ လွှတ်တော်က ချိန်ဆထားပေမဲ့ ဇွန်လ(၁၈)ရက်နေ့မှာ ဒုသမ္မတဆီ တင်ရမယ်ဆိုပြီးတော့ အစိုးရအဖွဲ့ရဲ့ ပြောကြားတောင်းဆိုချက်ကြောင့် ပြည်သူ့ငွေစာရင်း ကော်မတီရဲ့တာဝန်ဖြစ်တဲ့ ဘတ်ဂျက်ကိုစိစစ်ပြီး အစီရင်ခံစာရေးတင်ရမယ့်တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး ”ဟု ပြည်သူ့ ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၅)ရက်တွင်ပြုလုပ်သော ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး (၃/၂၀၁၈) ဒုတိယနေ့တွင် စိစစ်နိုင်ခြင်းမရှိဘဲ အတည်ပြုခဲ့ရသည့် ငွေစာရင်းအား ပြည်ထောင်စုအဆင့်သို့ တင်ပြထားစဉ် ကာလအတွင်း လွှတ်တော်အနဖြေင့် ပြန်လည်စိစစ်ရန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက တိုက်တွန်းထားသည်။

“၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ လုပ်ထားတဲ့ဟာတွေကို ဘာတွေသုံးနေတယ်ဆိုတာ စိစစ်ဖို့လိုပါတယ်။ တစ်ချို့အသုံးတွေက စာရင်းစာအုပ်တွေကို် သေချာမကြည့်နိုင်သေးဘဲ အပေါ်ယံကြည့်တာတောင် ကုန်ကျသင့်တာထက် ပိုများနေတာတွေ့ရှိပါတယ်။ ပိုပြီးအရေးကြီးမယ့် ပိုပြီးထိရောက်မယ့်ကိစ္စတွေကို ၂၀၂၀ အတွင်းမှာ ဆောင်ရွက်နိုင်အောင် ငွေစာရင်းကို ပြည်ထောင်စုက ပြန်ကျမလာခင် စိစစ်လေ့လာ ပြင်ဆင်ထားဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပါတယ်” ဟု လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးတာက ပြောသည်။

အခြားပြည်နယ်နှင့်တိုင်းများတွင် လွှတ်တော်ဥပဒေပုဒ်မ (၁၃၅) တွင်ပြဌာန်းထားသည့်အတိုင်း ၂၀၁၈-၂၀၁၉ ရသုံးမှန်းခြေငွေစာရင်းများကို လွှတ်တော်သို့ တစ်လမှ သုံးလခန့်အထိ ကြိုတင်ပေးနိုင်ကြသဖြင့် မန္တလေးတို်င်းတွင် (၁၂)ဘီလီယံ၊ မွန်ပြည်နယ်တွင် (၁၀)ဘီလီယံ၊ ရန်ကုန်တိုင်းတွင် (၇)ဘီလီယံ၊ ပဲခူးတိုင်းတွင် (၆)ဘီလီယံလွဲနေသည်ကို စိစစ်တွေ့ရှိ၍ လွှတ်တော်က ပြန်လည်တည့်မတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ဘတ်ဂျက်ထဲတွင် လမ်းဦးစီးဌာနက ကတ္တရာနှင့် ကျောက်စရစ်ဝယ်ယူရန် တင်သွင်းထားသည့် ပမာဏမှ (၁၀.၂၇)ဘီလီယံကို မကွေးတိုင်းဒေသကြီး လွှတ်တော်က စိစစ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - လွှတ်တော်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~