မယ္ဆိုင္ၿမိဳ႕တြင္ ေရႊ႕ေျပာင္းလုပ္သားမ်ားအား ပူးေပါင္းအဖြဲ႕ျဖင့္ လုိက္လံစစ္ေဆးေန

မယ္ဆိုင္ၿမိဳ႕တြင္ ေရႊ႕ေျပာင္းလုပ္သားမ်ားအား ပူးေပါင္းအဖြဲ႕ျဖင့္ လုိက္လံစစ္ေဆးေန
ဇွန် 21, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္း၌ သက္ဆုိင္ရာ တာဝန္ရိွသူမ်ား ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၁)ရက္ေန႔မွစ၍ ေရႊ႕ေျပာင္းလုပ္သားမ်ားေနထုိင္ရာ ရပ္ကြက္၊ ေစ်း၊ အလုပ္ရံု၊ စက္ရံုမ်ားတြင္ လုိက္လံ စစ္ေဆးေနေၾကာင္း သိရသည္။

ခ်င္း႐ိုင္းခ႐ိုင္အလုပ္သမားေရးရာတာဝန္႐ွိသူမ်ားႏွင့္ မယ္ဆိုင္ၿမိဳ႕သက္ဆိုင္ရာ ေဒသအာဏာပိုင္ အဖြဲ႔အစည္း တာဝန္႐ွိသူမ်ား ပူးေပါင္းအဖြဲ႔သည္ မယ္ဆိုင္ၿမိဳ႕တြင္း ရပ္ကြက္မ်ား၊ ေစ်းမ်ားႏွင့္ ျမန္မာႏိုင္ငံသားေရႊ႔ေျပာင္း အလုပ္သမားမ်ားေနထိုင္ရာမ်ား၊ အလုပ္ရံု၊ စက္ရံုမ်ားသို႔ လိုက္လံ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ျမန္မာ - ထိုင္း ဆက္ဆံေရးတာဝန္ခံ ဦးထြန္း(မယ္ဆိုင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏုိင္ငံတြင္း ေရႊ႕ေျပာင္းလုပ္သားမ်ားအတြက္ ႏိုင္ငံသားစိစစ္ျခင္းလုပ္ငန္းစဥ္ေနာက္ဆံုး ေဆာင္ရြက္ေပးရန္ ေျဖေလ်ာ့ေပးထားသည့္ အခ်ိန္ကာလသည္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၃၀)ရက္ေန႔တြင္ ကုန္ဆံုးမည္ျဖစ္ရာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေထာက္အထား လက္ဝယ္ မရွိသူမ်ား၊ အေထာက္အထား ျပဳလုပ္ထားေသာ္လည္း သက္ဆိုင္ရာ နိုင္ငံ၏ ဥပေဒအရ Semi Process ျဖင့္ ရပ္တန္႔ ေနရသူမ်ား၊ အေထာက္အထား မရွိဘဲ နယ္စပ္ကို ျဖတ္ေက်ာ္ဝင္ေရာက္လာသူမ်ား အားလံုးသည္ လက္ရွိ အေျခအေနတြင္ မိမိတို႔ႏိုင္ငံသို႔ ေအးခ်မ္းစြာ ျပန္ႏိုင္ၾကၿပီး အလုပ္ဆက္လက္လုပ္ကိုင္ႏိုုင္ရန္အတြက္ MOU U –Turn Process အတိုင္း ဆက္လက္ေဆာင္ရြက္ရန္ ထိုင္းႏုိင္ငံရိွ ျမန္မာအလုပ္သမားသံအရာရိွရံုးက ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအား တိုက္တြန္းထားသည္။

ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ CI စာအုပ္မ်ားကို ဇြန္လ (၃၀)ရက္ေန႔မတိုင္မီ အၿပီးထုတ္ယူႏုိင္ရန္ နီးစပ္ရာ Seven Eleven စတိုးဆိုင္မ်ားတြင္ ဘတ္ေငြ(၃၁၀) ေပးသြင္း၍ CI စာအုပ္အား ေန႔ခ်င္းၿပီး ထုတ္ယူႏုိင္ရန္ကိုလည္း ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

CI ျပဳလုပ္ျခင္းအတြက္ အခက္အခဲ တစ္စံုတစ္ရာရွိပါက CI စခန္းတာ၀န္ခံမ်ားႏွင့္ အလုပ္သမားသံအရာရွိ ဖုန္းနံပါတ္မ်ားျဖစ္သည့္ ဦးစန္းေမာင္ဦး ၀၉၄၈၈၄၅၄၈၄၊ ဦးသန္းနိုင္ ၀၆၅၂၂၀၆၉၅၂၊ ဦးေဇာ္မင္းေအာင္ ၀၆၅၂၂၀၆၉၅၁ (ရေနာင္း)၊ ဦးေအာင္မင္း ၀၆၅၂၂၀၆၉၅၃ (မဲေဆာက္)၊ ဦးဦးခင္ေမာင္ ၀၉၉၀၅၉၂၃၅၂ (ခ်င္းမိုင္)၊ ဦးရဲရန္ေအာင္ ၀၉၉၂၁၇၁၃၇၉ Mobile 1 တာ၀န္ခံ( စမုစခြန္)၊ ဦးေက်ာ္မ်ိဳးသူ ၀၈၂၃၅၃၁၂၅၉ Mobile 2 တာ၀န္ခံ( အလုပ္သမားဝန္ႀကီးဌာနရံုး)တို႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင်း၌ သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လ (၂၁)ရက်နေ့မှစ၍ ရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရပ်ကွက်၊ ဈေး၊ အလုပ်ရုံ၊ စက်ရုံများတွင် လိုက်လံ စစ်ဆေးနေကြောင်း သိရသည်။

ချင်းရိုင်းခရိုင်အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် မယ်ဆိုင်မြို့သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်း တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မယ်ဆိုင်မြို့တွင်း ရပ်ကွက်များ၊ ဈေးများနှင့် မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများနေထိုင်ရာများ၊ အလုပ်ရုံ၊ စက်ရုံများသို့ လိုက်လံ စစ်ဆေးနခြေင်းဖြစ်ကြောင်း တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်နောက်ဆုံး ဆောင်ရွက်ပေးရန် ဖြေလျော့ပေးထားသည့် အချိန်ကာလသည် ၂၀၁၈ ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် အထောက်အထား လက်ဝယ် မရှိသူများ၊ အထောက်အထား ပြုလုပ်ထားသော်လည်း သက်ဆိုင်ရာ နိုင်ငံ၏ ဥပဒေအရ Semi Process ဖြင့် ရပ်တန့် နေရသူများ၊ အထောက်အထား မရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသူများ အားလုံးသည် လက်ရှိ အခြေအနေတွင် မိမိတို့နိုင်ငံသို့ အေးချမ်းစွာ ပြန်နိုင်ကြပြီး အလုပ်ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် MOU U –Turn Process အတိုင်း ဆက်လက်ဆောင်ရွက်ရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက မြန်မာရွှေ့ပြောင်းလုပ်သားများအား တိုက်တွန်းထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနဖြေင့် CI စာအုပ်များကို ဇွန်လ (၃၀)ရက်နေ့မတိုင်မီ အပြီးထုတ်ယူနိုင်ရန် နီးစပ်ရာ Seven Eleven စတိုးဆိုင်များတွင် ဘတ်ငွေ(၃၁၀) ပေးသွင်း၍ CI စာအုပ်အား နေ့ချင်းပြီး ထုတ်ယူနိုင်ရန်ကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။

CI ပြုလုပ်ခြင်းအတွက် အခက်အခဲ တစ်စုံတစ်ရာရှိပါက CI စခန်းတာဝန်ခံများနှင့် အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များဖြစ်သည့် ဦးစန်းမောင်ဦး ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ဝ၆၅၂၂၀၆၉၅၁ (ရနောင်း)၊ ဦးအောင်မင်း ဝ၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ဝ၉၉၀၅၉၂၃၅၂ (ချင်းမိုင်)၊ ဦးရဲရန်အောင် ဝ၉၉၂၁၇၁၃၇၉ Mobile 1 တာဝန်ခံ( စမုစခွန်)၊ ဦးကျော်မျိုးသူ ဝ၈၂၃၅၃၁၂၅၉ Mobile 2 တာဝန်ခံ( အလုပ်သမားဝန်ကြီးဌာနရုံး)တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~