မိုင္းဖုန္းဆရာေတာ္ဦးေဆာင္၍ တင္လွဴမည့္ တာခ်ီလိတ္ၿမိဳ႕ လြယ္ယြန္းခမ္းေရွးေဟာင္းေစတီေတာ္၏ ထီးေတာ္အား ဇြန္လ(၂၄)ရက္ေန႔ ညေန(၃)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕တြင္း လွည့္လည္ ပူေဇာ္ခံမည္

မိုင္းဖုန္းဆရာေတာ္ဦးေဆာင္၍ တင္လွဴမည့္ တာခ်ီလိတ္ၿမိဳ႕ လြယ္ယြန္းခမ္းေရွးေဟာင္းေစတီေတာ္၏ ထီးေတာ္အား ဇြန္လ(၂၄)ရက္ေန႔ ညေန(၃)နာရီတြင္ တာခ်ီလိတ္ၿမိဳ႕တြင္း လွည့္လည္ ပူေဇာ္ခံမည္
ဇွန် 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဖုန္း(ခ) ေက်းရြာအုပ္စု၊ ဆြတ္ဆုိင္ေက်းရြာေတာင္ေပၚရိွ လြယ္ယြန္းခမ္းေရွးေဟာင္းေစတီတြင္ မိုင္းဖုန္းဆရာေတာ္ဦးေဆာင္၍ တင္လွဴမည့္ ဘုရားထီးေတာ္အား ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၄)ရက္ေန႔ ညေန (၃)နာရီ (၁၂)မိနစ္အခ်ိန္တြင္ စတင္၍ ၿမိဳ႕တြင္းလွည့္လည္ အပူေဇာ္ခံမည္ ျဖစ္ေၾကာင္း သိရသည္။

ထီးေတာ္အား ညေန (၃)နာရီ (၁၂)မိနစ္အခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕ အထက(ေဟာင္လိတ္)ေက်ာင္းအနီးရွိ  ေစတီေတာ္ႀကီး ျပန္လည္ျပဳျပင္ မြမ္းမံ တည္ေဆာက္ေရး အက်ိဳးေတာ္ေဆာင္အဖြဲ႕ ဥကၠဌျဖစ္သူ ဦးအားဖာ ၏ ေနအိမ္မွစတင္ ပင့္ေဆာင္ၿပီး တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ထိပ္ရိွ အဝိုင္းပတ္အထိ လွည့္လည္ပူေဇာ္ခံကာ ထီးေတာ္တင္လွဴမည့္ ဆြတ္ဆုိင္ေက်းရြာေတာင္ေပၚ လြယ္ယြန္းခမ္း ေစတီရင္ျပင္သို႔ ပင့္ေဆာင္မည္ျဖစ္သျဖင့္ လမ္းတေလွ်ာက္မွ အလွဴေငြထည့္ဝင္ လွဴဒါန္းသူမ်ားလည္း ပါဝင္လွဴဒါန္းႏုိင္ေၾကာင္း သိရသည္။

"နက္ျဖန္ ညေန (၃)နာရီ (၁၂)မိနစ္အတိမွာ ဦးအားဖာအိမ္ကေန ထီးေတာ္ကုိ စတင္ပင့္ေဆာင္ၿပီး တံတား(၁) အ၀ိုင္းပတ္အထိ လွည့္လည္ၿပီး လြယ္ယြန္းခမ္းေရွးေဟာင္းေစတီကို ျပန္လည္ပင့္ေဆာင္မွာပါ၊ ၿမိဳ႕တြင္း လွည့္လည္ အပူအေဇာ္ခံေနခ်ိန္ မည္သူမဆို ဖူးေျမာ္ႏိုင္မွာျဖစ္ၿပီး ပါ၀င္လွဴဒါန္းလိုသူမ်ားလည္း လွဴဒါန္းႏိုင္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာေလငလ်င္ေၾကာင့္ ပ်က္စီးခဲ့သည့္ ေစတီေတာ္အား ထီးေတာ္တင္လွဴျခင္းကို ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၇)ရက္ေန႔ နံနက္ (၉)နာရီမွ (၁၁)နာရီ (၁၅)မိနစ္အတြင္း မိုင္းဖုန္းဆရာေတာ္က ဦးေဆာင္ တင္လွဴ ပူေဇာ္မည္ျဖစ္ၿပီး အဆိုပါ ေစတီေတာ္ရင္ျပင္တြင္ ဇြန္လ (၂၅)ရက္ေန႔မွစ၍ ဗန္းေမာ္ဆရာေတာ္၊ မုိင္းဖုန္းဆရာေတာ္ ႏွင့္ ဆရာေတာ္ စဝ္ဆုခမ္းတို႔၏ တရားပြဲမ်ားလည္း က်င္းပမည္ျဖစ္သည္။

“ကၽြန္ေတာ္တုိ႔က ဖိတ္စာနဲ႔ အားလံုးကို မဖိတ္ႏုိင္ေပမဲ့ မည္သူမဆို လာေရာက္ ကုသိုလ္ယူၾကဖို႔ ဖိတ္ခ်င္ပါတယ္။ ဒီမွာ အားလံုး ကုသိုလ္လည္း ပါဝင္တာေၾကာင့္ လာေရာက္ၿပီး ေရစက္ခ်တရားနာၾကဖို႔ ဖိတ္ခ်င္ပါတယ္”ဟု ေစတီေတာ္ႀကီး ျပန္လည္ျပဳျပင္မြမ္းမံတည္ေဆာက္ေရး အက်ိဳးေတာ္ေဆာင္အဖြဲ႕ အတြင္းေရးမွဴး ဦးစံသိန္း (ေမာင္ဖိုးစံ - ဒူးယား)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေစတီေတာ္ရင္ျပင္၌ အထူးတရားပြဲမ်ား က်င္းပမည္ျဖစ္ရာ ဇြန္လ(၂၅)ရက္ေန႔ ည(၇)နာရီတြင္ အဂၢမဟာ ကမၼဌာနစရိယ ဘဒၵႏၱသုခမိႏၵ (စဝ္ဆုခမ္း)က၊ ဇြန္လ (၂၆)ရက္ေန႔ ည (၇)နာရီအခ်ိန္တြင္ ႏုိင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ ဥကၠဌ၊ မႏၱေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတုိက္မွ အဘိဓဇ မဟာရဌဂုရု ေဒါက္တာဘဒၵႏၱကုမာရာဘိဝံသ (ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး)ႏွင့္ ထီးေတာ္တင္လွဴသည့္၂၀၁၈ ခုႏွစ္ ဇြန္လ (၂၇)ရက္ေန႔တြင္ ထီးေတာ္တင္လွဴၿပီးေနာက္ ေန႔အထူးတရားပြဲအျဖစ္ အဂၢမဟာ ကမၼဌာနစရိယ မိုင္းဖုန္းဆရာေတာ္ႀကီး ဘဒၵႏၱ ဥာဏသံဝရက တရားေဟာၾကားေတာ္မူၾကမည္ျဖစ္သည္။

အဆိုပါ ေစတီေတာ္မွာ ၂၀၁၁ ခုႏွစ္၊ မတ္လ(၂၄)ရက္ေန႔ ည (၈)နာရီ (၂၅)မိနစ္တြင္ လႈပ္ခတ္ခဲ့ေသာ တာေလငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့သည့္အတြက္ ၂၀၁၆ ခုႏွစ္ ႏုိဝင္ဘာလ (၁၅)ရက္ေန႔တြင္ ေစတီေတာ္ႀကီး ျပန္လည္ျပဳျပင္မြမ္းမံတည္ေဆာက္ေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕ျဖင့္ မူလေစတီအားငံု၍ ဥာဏ္ေတာ္ (၁၀၈)ေပေစတီေတာ္အျဖစ္ ျပန္လည္မြမ္းမံျပင္ဆင္ခဲ့ျခင္းျဖစ္ေၾကာငး္ သိရသည္။

အဆိုပါေစတီေတာ္ မြမ္းမံတည္ေဆာက္မႈတြင္ ေဒသခံမ်ား၊ လုပ္ငန္းရွင္မ်ား၊ ေဒသတြင္းမွ ဌာနဆိုင္ရာ အဖြဲ႕အစည္းမ်ားက လုပ္အား၊ ေငြေၾကးအလွဴဒါနမ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရိွတြင္ ေစတီေတာ္ျပဳျပင္မြမ္းမံျခင္းႏွင့္အတူ ေစတီေတာ္တည္ရိွရာ လြယ္ဆမ္ထံုေတာင္ကုန္းတြင္ သစ္ပင္ေပါင္း (၂၀၀၀၀)ေက်ာ္ကိုလည္း စိုက္ပ်ိဳးေနၿပီး ေစတီေတာ္ပရဝဏ္တြင္ တရားထုိင္ေက်ာင္း ေဆာင္မ်ား၊ ဓမၼာရံု၊ အခန္းေပါင္း (၃၀)ပါဝင္မည့္ေက်ာင္းေဆာင္၊ ဆြမ္းစားေဆာင္တို႔ကို ဆက္လက္ တည္ေဆာက္ရန္ လ်ာထားလုပ္ေဆာင္ေနၿပီး လက္ရိွအခ်ိန္ထိ တည္ေဆာက္ျပဳျပင္မႈမွာ က်ပ္သိန္းေပါင္း (၁၂၀၀)ေက်ာ္ ကုန္က်ၿပီးျဖစ္ေၾကာင္း သိရသည္။

“ဒီေနရာမွာ သာသနိကအေဆာက္အဦေတြအျပင္ ထုိင္းဘက္က လြယ္တုန္းပန္းၿခံလိုျဖစ္ေအာင္လည္း လုပ္သြားမွာပါ။ အခု ပန္းပင္ေတြ ဘတ္ (၁၂)သိန္းဖိုး ဝယ္ထားတယ္။ စိုက္တာကို လြယ္တုန္းပန္းၿခံကပဲ တာဝန္ယူၿပီး လာစိုက္ေပးေနတာပါ။ အခုက အပင္ ႏွစ္ေသာင္း စစိုက္ေနပါၿပီ။ က်န္တဲ့ အေဆာက္အဦေတြကလည္း ဆက္ၿပီးလုပ္သြားဖို႔ရိွပါတယ္”ဟု ေစတီေတာ္ႀကီး ျပန္လည္ျပဳျပင္ မြမ္းမံ တည္ေဆာက္ေရး အက်ိဳးေတာ္ေဆာင္အဖြဲ႕ ဥကၠဌျဖစ္သူ ဦးအားဖာက ေျပာသည္။

ေတာင္ေျခမွ ေစတီေတာ္တည္ရိွရာ ေတာင္ကုန္းသို႔ အတက္ေျမသားလမ္းအား ေဒသတြင္းမွ အလွဴရွင္ ဦးအားဖာ၏ လွဴဒါန္းမႈျဖင့္ လမ္းအရွည္ ေပ (၂၆၀၀)အား ကြန္ကရစ္လမ္းခင္းထားၿပီးျဖစ္ေၾကာင္း  သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာတောင်ပေါ်ရှိ လွယ်ယွန်းခမ်းရှေးဟောင်းစေတီတွင် မိုင်းဖုန်းဆရာတော်ဦးဆောင်၍ တင်လှူမည့် ဘုရားထီးတော်အား ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့ ညနေ (၃)နာရီ (၁၂)မိနစ်အချိန်တွင် စတင်၍ မြို့တွင်းလှည့်လည် အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်။

ထီးတော်အား ညနေ (၃)နာရီ (၁၂)မိနစ်အချိန်တွင် တာချီလိတ်မြို့ အထက(ဟောင်လိတ်)ကျောင်းအနီးရှိ စေတီတော်ကြီး ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ရေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌဖြစ်သူ ဦးအားဖာ၏ နေအိမ်မှစတင် ပင့်ဆောင်ပြီး တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ်(၁)ထိပ်ရှိ အဝိုင်းပတ်အထိ လှည့်လည်ပူဇော်ခံကာ ထီးတော်တင်လှူမည့် ဆွတ်ဆိုင်ကျေးရွာတောင်ပေါ် လွယ်ယွန်းခမ်း စေတီရင်ပြင်သို့ ပင့်ဆောင်မည်ဖြစ်သဖြင့် လမ်းတလျှောက်မှ အလှူငွေထည့်ဝင် လှူဒါန်းသူများလည်း ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

"နက်ဖြန် ညနေ (၃)နာရီ (၁၂)မိနစ်အတိမှာ ဦးအားဖာအိမ်ကနေ ထီးတော်ကို စတင်ပင့်ဆောင်ပြီး တံတား(၁) အဝိုင်းပတ်အထိ လှည့်လည်ပြီး လွယ်ယွန်းခမ်းရှေးဟောင်းစေတီကို ပြန်လည်ပင့်ဆောင်မှာပါ၊ မြို့တွင်း လှည့်လည် အပူအဇော်ခံနေချိန် မည်သူမဆို ဖူးမြော်နိုင်မှာဖြစ်ပြီး ပါဝင်လှူဒါန်းလိုသူများလည်း လှူဒါန်းနိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာလေငလျင်ကြောင့် ပျက်စီးခဲ့သည့် စေတီတော်အား ထီးတော်တင်လှူခြင်းကို ၂၀၁၈ ခုနှစ် ဇွန်လ (၂၇)ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီ (၁၅)မိနစ်အတွင်း မိုင်းဖုန်းဆရာတော်က ဦးဆောင် တင်လှူ ပူဇော်မည်ဖြစ်ပြီး အဆိုပါ စေတီတော်ရင်ပြင်တွင် ဇွန်လ (၂၅)ရက်နေ့မှစ၍ ဗန်းမော်ဆရာတော်၊ မိုင်းဖုန်းဆရာတော် နှင့် ဆရာတော် စဝ်ဆုခမ်းတို့၏ တရားပွဲများလည်း ကျင်းပမည်ဖြစ်သည်။

“ကျွန်တော်တို့က ဖိတ်စာနဲ့ အားလုံးကို မဖိတ်နိုင်ပေမဲ့ မည်သူမဆို လာရောက် ကုသိုလ်ယူကြဖို့ ဖိတ်ချင်ပါတယ်။ ဒီမှာ အားလုံး ကုသိုလ်လည်း ပါဝင်တာကြောင့် လာရောက်ပြီး ရေစက်ချတရားနာကြဖို့ ဖိတ်ချင်ပါတယ်”ဟု စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေး အကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးစံသိန်း (မောင်ဖိုးစံ - ဒူးယား)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စေတီတော်ရင်ပြင်၌ အထူးတရားပွဲများ ကျင်းပမည်ဖြစ်ရာ ဇွန်လ(၂၅)ရက်နေ့ ည(၇)နာရီတွင် အဂ္ဂမဟာ ကမ္မဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း)က၊ ဇွန်လ (၂၆)ရက်နေ့ ည (၇)နာရီအချိန်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်မှ အဘိဓဇ မဟာရဌဂုရု ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး)နှင့် ထီးတော်တင်လှူသည့်၂၀၁၈ ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် ထီးတော်တင်လှူပြီးနောက် နေ့အထူးတရားပွဲအဖြစ် အဂ္ဂမဟာ ကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏသံဝရက တရားဟောကြားတော်မူကြမည်ဖြစ်သည်။

အဆိုပါ စေတီတော်မှာ ၂၀၁၁ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့ ည (၈)နာရီ (၂၅)မိနစ်တွင် လှုပ်ခတ်ခဲ့သော တာလေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးအကျိုးတော်ဆောင်အဖွဲ့ဖြင့် မူလစေတီအားငုံ၍ ဉါဏ်တော် (၁၀၈)ပေစေတီတော်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်ကြောငး် သိရသည်။

အဆိုပါစေတီတော် မွမ်းမံတည်ဆောက်မှုတွင် ဒေသခံများ၊ လုပ်ငန်းရှင်များ၊ ဒေသတွင်းမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများက လုပ်အား၊ ငွေကြေးအလှူဒါနများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စေတီတော်ပြုပြင်မွမ်းမံခြင်းနှင့်အတူ စေတီတော်တည်ရှိရာ လွယ်ဆမ်ထုံတောင်ကုန်းတွင် သစ်ပင်ပေါင်း (၂၀၀၀၀)ကျော်ကိုလည်း စိုက်ပျိုးနပြေီး စေတီတော်ပရဝဏ်တွင် တရားထိုင်ကျောင်း ဆောင်များ၊ ဓမ္မာရုံ၊ အခန်းပေါင်း (၃၀)ပါဝင်မည့်ကျောင်းဆောင်၊ ဆွမ်းစားဆောင်တို့ကို ဆက်လက် တည်ဆောက်ရန် လျာထားလုပ်ဆောင်နပြေီး လက်ရှိအချိန်ထိ တည်ဆောက်ပြုပြင်မှုမှာ ကျပ်သိန်းပေါင်း (၁၂၀၀)ကျော် ကုန်ကျပြီးဖြစ်ကြောင်း သိရသည်။

“ဒီနေရာမှာ သာသနိကအဆောက်အဦတွေအပြင် ထိုင်းဘက်က လွယ်တုန်းပန်းခြံလိုဖြစ်အောင်လည်း လုပ်သွားမှာပါ။ အခု ပန်းပင်တွေ ဘတ် (၁၂)သိန်းဖိုး ဝယ်ထားတယ်။ စိုက်တာကို လွယ်တုန်းပန်းခြံကပဲ တာဝန်ယူပြီး လာစိုက်ပေးနေတာပါ။ အခုက အပင် နှစ်သောင်း စစိုက်နေပါပြီ။ ကျန်တဲ့ အဆောက်အဦတွေကလည်း ဆက်ပြီးလုပ်သွားဖို့ရှိပါတယ်”ဟု စေတီတော်ကြီး ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ရေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌဖြစ်သူ ဦးအားဖာက ပြောသည်။

တောင်ခြေမှ စေတီတော်တည်ရှိရာ တောင်ကုန်းသို့ အတက်မြေသားလမ်းအား ဒေသတွင်းမှ အလှူရှင် ဦးအားဖာ၏ လှူဒါန်းမှုဖြင့် လမ်းအရှည် ပေ (၂၆၀၀)အား ကွန်ကရစ်လမ်းခင်းထားပြီးဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~