ကျိုင်းတုံစည်ပင်ဌာနတွင် ယာဉ်မောင်းနှင့် စက်မောင်းရာထူးများအတွက် ဇွန်လ (၃၀)နောက်ဆုံးလျှောက်ထားနိုင်

ကျိုင်းတုံစည်ပင်ဌာနတွင် ယာဉ်မောင်းနှင့် စက်မောင်းရာထူးများအတွက် ဇွန်လ (၃၀)နောက်ဆုံးလျှောက်ထားနိုင်
ဇွန် 20, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့နယ်စည်ပင်သာယာရေးဌာနတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်း (၅)နှင့် စက်မောင်း (၅) ရာထူးနေရာများ အတွက်၂၀၁၈ ခုနှစ် ဇွန်လ (၃၀)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာထူးနေရာများ အတွက် လစာနှုန်းမှာ ကျပ် (၁၆၂၀၀၀ - ၁၇၂၀၀၀)ဖြစ်ကြောင်း သိရပြီး အသေးစိတ် သိရှိလိုပါက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မဈေးကြီးဘေးရှိ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းနံပါတ် (ဝ၈၄ -၂၁၀၁၆)သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~