ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီက လမ်းခင်းခြင်းလုပ်ငန်းသုံးခုအတွက် တင်ဒါများကို ဇူလိုင်လ(၄)ရက်နေ့အထိ နောက်ဆုံးထား ခေါ်ယူ

ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီက လမ်းခင်းခြင်းလုပ်ငန်းသုံးခုအတွက် တင်ဒါများကို ဇူလိုင်လ(၄)ရက်နေ့အထိ နောက်ဆုံးထား ခေါ်ယူ
ဇှနျ 20, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီက လမ်းခင်းခြင်း လုပ်ငန်းသုံးခု အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူနေပြီး တင်ဒါပုံစံများကို  ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့ ညနေ(၄)နာရီ နောက်ဆုံးထားကာ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီက လမ်းခင်းခြင်း လုပ်ငန်းသုံးခု အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူနပြေီး တင်ဒါပုံစံများကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့ ညနေ(၄)နာရီ နောက်ဆုံးထားကာ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) (၆)လဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်း လုပ်ငန်း(၃)ခုဖြစ်သည့် ကျိုင်းတုံမြို့တွင်းရှိ သစ်ခွလမ်းမှ ချယ်ရီလမ်းသွယ်(၅) ကျောက်ချောခင်းခြင်း၊ ကျိုင်းငမ်း(၂)လမ်း ကွန်ကရစ်ခင်းခြင်းနှင့် ကျိုင်းငမ်း (၄)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ အတွက် အိတ်ဖွင့် တင်ဒါပုံစံများကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ ညနေ (၄)နာရီနောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါကိစ္စနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဖုန်း ဝ၈၄ ၂၁၀၁၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~