ကျိုင်းတုံမြို့ရှိ ဝမ်မိုင်ရွာတွင် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို သင်တန်းသား (၄၀)ဖြင့် ဖွင့်လှစ်

ကျိုင်းတုံမြို့ရှိ ဝမ်မိုင်ရွာတွင် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို သင်တန်းသား (၄၀)ဖြင့် ဖွင့်လှစ်
ဇှနျ 19, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ရွာရှိ ပြန်လည်ထူထောင်ရေး စခန်း၌ စခန်းနှင့်ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို သင်တန်းသား (၄၀)ဦးဖြင့်၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့က စတင်ဖွင့်လှစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ရွာရှိ ပြန်လည်ထူထောင်ရေး စခန်း၌ စခန်းနှင့်ရပ်ရွာအခြပြေု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို သင်တန်းသား (၄၀)ဦးဖြင့်၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့က စတင်ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား ဇူလိုင်လ (၂၂)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းအတွက် အလှူငွေများနှင့် အလှူပစ္စည်းများကို အလှူရှင်များက ဖွင့်ပွဲ အခမ်းအနားတွင် ပေးအပ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တြိဂံတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေ၊ တပ်မတော် အရာရှိကြီးများ၊ ရှမ်းပြည်နယ် ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်၊ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဆွေနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်း(အရှေ့)မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA) အတွင်းရေးမှူး ဦးစိုင်းဆမ်တစ်၊ ဆေးဖြတ်စခန်းမန်နေဂျာ ဦးမျိုးသက်ထွန်း၊ ရှမ်း(အရှေ့)သတ္တုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးကျော်ဆန်းထွန်းနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ငြိမ်းချမ်း (ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~