မိုင်းယောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးကာ ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးကာ ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့ ကွင်းဆင်းဆောင်ရွက်
ဇှနျ 23, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၆)ရပ်ကွက်၌ ပြည်သူလူထု အခြေပြု သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး ဟောပြောပွဲနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

မိုးရာသီအတွင်း အဖြစ်များသော ကူးစက်ရောဂါများ အကြောင်း၊ မိသားစုဝင်များ အနေဖြင့် ညဘက်ဖြစ်စေ နေ့ခင်းဘက်ဖြစ်စေ ခြင်ကိုက်မခံရအောင် ခြင်ထောင် ထောင်အိပ်ကြရန်၊ ခြင်နှိမ်နင်းရေးလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို မြို့နယ်အဆင့် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီ အတွင်းရေးမှူး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ဟောပြောကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၆)ရပ်ကွက်၌ ပြည်သူလူထု အခြပြေု သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး ဟောပြောပွဲနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

မိုးရာသီအတွင်း အဖြစ်များသော ကူးစက်ရောဂါများ အကြောင်း၊ မိသားစုဝင်များ အနဖြေင့် ညဘက်ဖြစ်စေ နေ့ခင်းဘက်ဖြစ်စေ ခြင်ကိုက်မခံရအောင် ခြင်ထောင် ထောင်အိပ်ကြရန်၊ ခြင်နှိမ်နင်းရေးလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို မြို့နယ်အဆင့် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီ အတွင်းရေးမှူး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ဟောပြောကြောင်း သိရသည်။

ထို့နောက် မြို့နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီ ဥက္ကဌ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးတို့က ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ပိုးလောက်လန်းနှိမ်နင်းရေး အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~