ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၏ ယူနီေဖာင္းဝတ္စံုမ်ားတြင္ အဆင့္လိုက္ တပ္ဆင္မည့္ ေကာ္လာတံဆိပ္မ်ား အဆိုျပဳထား

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၏ ယူနီေဖာင္းဝတ္စံုမ်ားတြင္ အဆင့္လိုက္ တပ္ဆင္မည့္ ေကာ္လာတံဆိပ္မ်ား အဆိုျပဳထား
ဇွန် 18, 2018
By Tachileik News Agency

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၏ ယူနီေဖာင္းဝတ္စံုမ်ားတြင္ အဆင့္လုိက္တပ္ဆင္မည့္ ေကာ္လာတံဆိပ္မ်ား သတ္မွတ္သြားရန္ အဆိုျပဳထားေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ား၏ ယူနီေဖာင္းအက်ႌေကာ္လံတြင္ တံဆိပ္မ်ားတင္ဆင္ ခြင့္ျပဳရန္ ခြင့္ျပဳေပးႏုိင္ျခင္း ရိွ/မရိွကို ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ သတၱမပံုမွန္ အစည္းအေဝးတြင္ ရွမ္းျပည္နယ္၊ မဲဆႏၵနယ္အမွတ္(၇)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က ၾကယ္ပြင့္မျပ ေမးခြန္းျဖင့္ ေမးျမန္းခဲ့ရာ ၂၀၁၈ ခုႏွစ္ ဧၿပီလ (၃၀)ရက္ေန႔၌  ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗုိလ္ခ်ဳပ္ေအာင္စိုးက ျပည္ေထာင္စုအစိုးရအဖြဲ႕ရံုးသို႔ ေပးပို႔ခဲ့သည့္ ေျဖၾကားခ်က္တြင္ ေကာ္လာတံဆိပ္မ်ား တပ္ဆင္ အသံုးျပဳခြင့္အတြက္ ေဆာင္ရြက္ေနေၾကာင္း ျပန္လည္ေျဖၾကားထားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၏ ယူနီေဖာင္းကို ယခင္က ကာကီေရာင္သတ္မွတ္ထားရာမွ ၂၀၀၄ ခုနွစ္ ဒီဇင္ဘာလ (၈)ရက္ေန႔မွစ၍ နက္ျပာေရာင္ကို ေျပာင္းလဲသတ္မွတ္ခဲ့ၿပီး  ဒုရဲအုပ္အဆင့္မွစ၍ ရဲအရာရိွမ်ားကို နက္ျပာေရာင္ ပခံုးေဒါက္ အမာေပၚတြင္ ေငြေရာင္ၾကယ္ပြင့္တံဆိပ္တပ္ဆင္ျခင္းကို ၂၀၁၁ ခုႏွစ္ စက္တင္ဘာလ (၂၉)ရက္ေန႔တြင္ ႏုိင္ငံေတာ္သမၼတရံုးက ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ကို ကမၻာလွည့္ခရီးသြားလုပ္ငန္းလံုၿခံဳေရးရဲတပ္ဖြဲ႕၊ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕၊ အထူးတာဝန္တပ္ဖြဲ႕၊ လံုၿခံဳေရးရဲတပ္ဖြဲ႕ခြဲမ်ား၊ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲမ်ား၊ ေရေၾကာင္းရဲတပ္ဖြဲ႕၊ ေလေၾကာင္းရဲတပ္ဖြဲ႕၊ ေရနံေျမလံုၿခံဳေရးရဲတပ္ဖြဲ႕ႏွင့္ သစ္ေတာလံုၿခံဳေရး ရဲတပ္ဖြဲ႕မ်ားကိုလည္း တိုးခ်ဲ႕ဖြဲ႕စည္းထားေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းဝတ်စုံများတွင် အဆင့်လိုက်တပ်ဆင်မည့် ကော်လာတံဆိပ်များ သတ်မှတ်သွားရန် အဆိုပြုထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ယူနီဖောင်းအင်္ကျီကော်လံတွင် တံဆိပ်များတင်ဆင် ခွင့်ပြုရန် ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ကြယ်ပွင့်မပြ မေးခွန်းဖြင့် မေးမြန်းခဲ့ရာ ၂၀၁၈ ခုနှစ် ဧပြီလ (၃၀)ရက်နေ့၌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ပေးပို့ခဲ့သည့် ဖြကြေားချက်တွင် ကော်လာတံဆိပ်များ တပ်ဆင် အသုံးပြုခွင့်အတွက် ဆောင်ရွက်နေကြောင်း ပြန်လည်ဖြကြေားထားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယူနီဖောင်းကို ယခင်က ကာကီရောင်သတ်မှတ်ထားရာမှ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့မှစ၍ နက်ပြာရောင်ကို ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဒုရဲအုပ်အဆင့်မှစ၍ ရဲအရာရှိများကို နက်ပြာရောင် ပခုံးဒေါက် အမာပေါ်တွင် ငွေရောင်ကြယ်ပွင့်တံဆိပ်တပ်ဆင်ခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အထူးတာဝန်တပ်ဖွဲ့၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများ၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့နှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့များကိုလည်း တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~