မြန်မာ၊ အင်ဒိုနီးရှား နှင့် စင်္ကာပူနိုင်ငံတို့ရှိ စမတောင်ဆရာတော်၏ တပည့်အလှူရှင်များ အပါအ၀င် တာချီလိတ်မှ အလှူရှင်များက သံဃာတော်အပါး(၁၀၀၀)အား သံဃိကဒါန ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူ

မြန်မာ၊ အင်ဒိုနီးရှား နှင့် စင်္ကာပူနိုင်ငံတို့ရှိ စမတောင်ဆရာတော်၏ တပည့်အလှူရှင်များ အပါအ၀င် တာချီလိတ်မှ အလှူရှင်များက သံဃာတော်အပါး(၁၀၀၀)အား သံဃိကဒါန ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူ
ဇှနျ 17, 2018
By Tachileik News Agency




နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြ၀ါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ ဘဒ္ဒ န္တဓမ္မသီရိ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်နှင့် တောင်တန်းဒေသသာသနာ့နုဂ္ဂဟအသင်း(ဗဟို)နှင့် ပြည်ပဗုဒ္ဓသာသနာပြန့်ပွားရေးဆပ်ကော်မတီအတွင်းရေးမှူး စမတောင်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒ န္တ၀ံသသီရိ  အမှူးပြုသော ဆရာတော်သံဃာတော်များအား  ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်(ငြိမ်း)နှင့်ဇနီး ဒေါ်နုနုဆွေ မိသားစု၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် စေတနာရှင်အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေသည်။

သတင်း - ဝေယံလင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ဘုရားကြီးအား အမှူး ထား၍ သံဃာတော်အပါး(၁၀၀၀)အား သံဃိကဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၊ နံနက် (၈) နာရီက ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်းကျောင်းတိုက်ဝန်းအတွင်း ကျင်းပ ပြုလုပ်သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်အမှူးပြုသော ဆရာတော်သံဃာတော်အပါး (၁၀၀၀)တို့အား မြန်မာ၊ အင်ဒိုနီးရှား၊ စင်္ကာပူနိုင်ငံတို့မှ စမတောင် ဆရာတော်၏ တပည့်ဒကာ၊ ဒကာမများ၊ တာချီလိတ်မြို့မှ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် စေတနာရှင်ပြည်သူများက သံဃိကဒါနဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ စုပေါင်း လောင်းလှူခဲ့ကြသည်။

နဂါးနှစ်ကောင်ကျောင်းတိုက်ဓမ္မာရုံတွင် ဧည့်ပရိတ်သတ်များက မဟာမြတ်မုနိကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒ န္တပညာသာမိထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်မြတ်များ ရွတ်ပွား ချီးမြှင့်ကြသည်။

နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရ ဘဒ္ဒ န္တဓမ္မသီရိ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်နှင့် တောင်တန်းဒေသသာသနာ့နုဂ္ဂဟအသင်း(ဗဟို)နှင့် ပြည်ပဗုဒ္ဓသာသနာပြန့်ပွားရေးဆပ်ကော်မတီအတွင်းရေးမှူး စမတောင်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒ န္တဝံသသီရိ အမှူးပြုသော ဆရာတော်သံဃာတော်များအား ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်(ငြိမ်း)နှင့်ဇနီး ဒေါ်နုနုဆွေ မိသားစု၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် စေတနာရှင်အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာကြားကာ ရေစက်သွန်းချ အမျှပေးေဝသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - #အောင်ကျော်ဝင်းစိန်၊ #ယာဆေး၊ Min Zaw၊ Sai Nay Linn၊ Ko Aung Aung Thein၊Nang Kham Ei Noi၊ Ma Htet၊ Khamphong Phong၊ Phon Phoi

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~