တာခ်ီလိတ္ၿမိဳ႕နယ္တြင္ က်င္းပသည့္ ျပည္သူ႔စကားဝိုင္းေဆြးေႏြးပြဲသို႔ ေက်းရြာေပါင္း ၈၀ ေက်ာ္မွ ေဒသခံမ်ား တက္ေရာက္

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ က်င္းပသည့္ ျပည္သူ႔စကားဝိုင္းေဆြးေႏြးပြဲသို႔ ေက်းရြာေပါင္း ၈၀ ေက်ာ္မွ ေဒသခံမ်ား တက္ေရာက္
မေ 25, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းကိုးေက်းရြာအုပ္စု၊ ဆန္ဆိုင္းေက်းရြာရွိ ဓမၼာရံု၌  ၂၀၁၈ ခုႏွစ္ ေမလ (၂၅)ရက္ေန႔တြင္ ေက်းလက္ေဒသဖြံ႔ၿဖိဳးေရးေခါင္းစဥ္ျဖင့္ ျပည္သူ႔စကားဝိုင္းေဆြးေႏြးပြဲကို တာခ်ီလိတ္ခရိုင္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက က်င္းပရာ ေက်းရြာ (၈၀) ေက်ာ္မွ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါစကားဝိုင္းတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ ခရိုင္ေက်းလက္ေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းလြင္၊    ခရိုင္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ေဒါက္တာေနလင္း၊    ခရိုင္စိုက္ပ်ဳိးေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးလွ၀င္း၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စိတ္ (၁)တာခ်ီလိတ္မွ  တပ္ဖြဲ႕စိတ္မွဴး  ရဲမွဴး ရင္ရင္ေအးႏွင့္ ၿမိဳ႕နယ္ပညာေရးမွဴးရံုးမွ လက္ေထာက္ၿမဳိ႕နယ္ပညာေရးမွဴး ဦးျမင့္ဝင္းလွ တုိ႔က  ဦးေဆာင္ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္သူ႔စကားဝိုင္းေဆြးေႏြးပြဲမ်ားကို ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမ်ားက စီစဥ္က်င္းပေနျခင္းျဖစ္ၿပီး  ဒီမုိကေရစီအဂၤါရပ္ႏွင့္အညီ အမ်ားျပည္သူႏွင့္ အစုိးရတာ၀န္ရွိသူမ်ားအၾကား ေဆြးေႏြး တုိင္ပင္ရမည့္ အေၾကာင္းကိစၥမ်ားကုိ ေဆြးေႏြးေျပာၾကားႏုိင္မည့္ အခြင့္အလမ္းမ်ား ေဖာ္ေဆာင္ေပးႏုိင္ရန္၊  မိမိတုိ႔ ရပ္ရြာတြင္ ျဖစ္ေပၚေနသည့္ အေၾကာင္းအရာမ်ားကုိ  အမ်ားျပည္သူမ်ားၾကားတြင္  ေဆြးေႏြးမႈမ်ား ရွိလာေစရန္၊  ျပည္သူလူထု၏  စဥ္းစားေတြးေခၚမႈ  ျမင့္မားလာေစရန္ႏွင့္ ေဆြးေႏြးပဲြမ်ားတြင္ ပါ၀င္ေဆြးေႏြးတတ္သည့္ အေလ့အထေကာင္းမ်ား   ျဖစ္ေပၚလာေစရန္ က်င္းပျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ ခရိုင္ဦးစီးအရာရွိ ဦးလွေဌးထံမွ သိရသည္။

ေက်းလက္ေနျပည္သူမ်ား၏ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေစေရး၊ အလုပ္အကိုင္အခြင့္အလမ္းမ်ားရရွိေစေရး၊ ေက်းလက္လမ္းမ်ား အဆင့္ျမႇင့္တင္ေပးႏိုင္ေရး၊ စိုက္ပ်ိဳးေရးဆုိင္ရာ နည္းပညာမ်ားဖံြ႕ၿဖဳိးတုိးတက္ေစေရး၊ ေမြးျမဴေရးဆုိင္ရာက႑မ်ား ဖြံ႔ၿဖိဳးေရး၊ လူေမွာင္ခုိ လူကုန္ကူးျခင္းဆုိင္ရာမႈခင္းျဖစ္စဥ္မ်ားႏွင့္ တားဆီး ကာကြယ္ေရးဆုိင္ရာမ်ား၊ ပညာေရးစနစ္ ျပဳျပင္ေျပာင္းလဲေနမႈမ်ား၊မိဘဆရာပူးေပါင္း၍ပညာေရးက႑တုိးတက္
ေအာင္ျမင္ေရး စသည့္ အေၾကာင္းအရာမ်ားကုိ ဦးေဆာင္ေဆြးေႏြးသူမ်ားက ေဆြးေႏြးၾကရာ    တက္ေရာက္လာသူမ်ားက ေမးခြန္းမ်ားေမးျမန္း ျပန္လည္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

သတင္း #ေဝယံလင္း
ဓါတ္ပံု #ယာေဆး

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ်တွင် ကျင်းပသည့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ ကျေးရွာပေါင်း ၈၀ ကျော်မှ ဒေသခံများ တက်ရောက်
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆန်ဆိုင်းကျေးရွာရှိ ဓမ္မာရုံ၌  ၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပရာ ကျေးရွာ (၈၀) ကျော်မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစကားဝိုင်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလွင်၊    ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာနေလင်း၊    ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁)တာချီလိတ်မှ  တပ်ဖွဲ့စိတ်မှူး  ရဲမှူး ရင်ရင်အေးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ တို့က  ဦးဆောင်ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများက စီစဉ်ကျင်းပနေခြင်းဖြစ်ပြီး  ဒီမိုကရေစီအင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေး တိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်၊  မိမိတို့ ရပ်ရွာတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို  အများပြည်သူများကြားတွင်  ဆွေးနွေးမှုများ ရှိလာစေရန်၊  ပြည်သူလူထု၏  စဉ်းစားတွေးခေါ်မှု  မြင့်မားလာစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ   ဖြစ်ပေါ်လာစေရန် ကျင်းပခြင်းဖြစ်ကြောင်း တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေးထံမှ သိရသည်။

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများဖွံ့ဖြိုးတိုးတက်စေရေး၊ မွေးမြူရေးဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးရေး၊ လူမှောင်ခို လူကုန်ကူးခြင်းဆိုင်ရာမှုခင်းဖြစ်စဉ်များနှင့် တားဆီး ကာကွယ်ရေးဆိုင်ရာများ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲနေမှုများ၊မိဘဆရာပူးပေါင်း၍ပညာရေးကဏ္ဍတိုးတက် အောင်မြင်ရေး စသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသူများက ဆွေးနွေးကြရာ    တက်ရောက်လာသူများက မေးခွန်းများမေးမြန်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း #ဝေယံလင်း
ဓါတ်ပုံ #ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~