တာခ်ီလိတ္တြင္ မူးယစ္သတင္းအရ ဝင္ေရာက္ရွာေဖြသည့္ေနအိမ္မွ စိတ္ၾကြေဆးျပား တစ္ေသာင္းေက်ာ္ဖမ္းမိ

တာခ်ီလိတ္တြင္ မူးယစ္သတင္းအရ ဝင္ေရာက္ရွာေဖြသည့္ေနအိမ္မွ စိတ္ၾကြေဆးျပား တစ္ေသာင္းေက်ာ္ဖမ္းမိ
မေ 25, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္၊ ေ႐ႊယုန္႐ြာမွ ေနအိမ္တစ္လံုးအား ရဲတပ္ဖြဲ႕က ၂၀၁၈ ခုႏွစ္ ေမလ (၂၅)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲဝန္းက်င္တြင္ ဝင္ေရာက္ရွာေဖြရာ စိတ္ႂကြေဆးျပား (၁၀၁၆၅)ျပား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀) တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႔က အားလြန္၏ ေနအိမ္ႏွင့္ ၿခံဝင္းအား မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြရာ မီးဖိုေခ်ာင္ပန္းကန္စင္ေပၚတြင္ သိမ္းထားသည့္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၃၆)ျပားပါ (၁)ထုပ္၊ (၄၂)ျပားပါ (၁)ထုပ္၊ WY စာတမ္းပါ နီညိဳေရာင္ စိတ္ႂကြေဆးျပား (၄၇)ျပားပါ (၁)ထုပ္၊ WY စာတမ္းပါ အနီေရာင္ စိတ္ႂကြေဆးျပား (၁၁)ျပားပါ (၁)ထုပ္၊ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၂၉)ျပားပါ (၁)ထုပ္၊ ေပါင္း (၈၇)ျပား၊ ေနအိမ္ၿခံဝင္းအတြင္းမွ အျပာေရာင္ ပလပ္စတစ္ကပ္ခြာအိတ္ငယ္ (၁)အိတ္လ်င္ (၂၀၀)ျပားစီပါ (၁၀)ထုပ္စည္း (၅)စည္း စုစုေပါင္း စိတ္ႂကြေဆးျပား (၁၀၁၆၅)ျပားတို႔ႏွင့္အတူ စိတ္ၾကြေဆးအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား ရွာေဖြသိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အားလြန္၏ ခါးတြင္ပတ္ထားသည့္ ပိုက္ဆံအိတ္အတြင္းမွ မူးယစ္ေဆးဝါးေရာင္းခ်ရေငြဟု ယူဆရေသာ ထိုင္းဘတ္ေငြေရာရာ (၂၅၃၀)ဘတ္ကိုလည္း သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

မူူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အားလြန္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၄၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က) /၂၀(က) အရ အမႈဖြင့္အေရးယူထားေၾကာငး္ သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေသည့်နေအိမ်မှ စိတ်ကြွဆေးပြား တစ်သောင်းကျော်ဖမ်းမိ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ရွှေယုန်ရွာမှ နေအိမ်တစ်လုံးအား ရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ် မေလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁၀၁၆၅)ပြား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အားလွန်၏ နေအိမ်နှင့် ခြံဝင်းအား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ မီးဖိုချောင်ပန်းကန်စင်ပေါ်တွင် သိမ်းထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၃၆)ပြားပါ (၁)ထုပ်၊ (၄၂)ပြားပါ (၁)ထုပ်၊ WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၄၇)ပြားပါ (၁)ထုပ်၊ WY စာတမ်းပါ အနီရောင် စိတ်ကြွဆေးပြား (၁၁)ပြားပါ (၁)ထုပ်၊ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၉)ပြားပါ (၁)ထုပ်၊ ပေါင်း (၈၇)ပြား၊ နေအိမ်ခြံဝင်းအတွင်းမှ အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ငယ် (၁)အိတ်လျင် (၂၀၀)ပြားစီပါ (၁၀)ထုပ်စည်း (၅)စည်း စုစုပေါင်း စိတ်ကြွဆေးပြား (၁၀၁၆၅)ပြားတို့နှင့်အတူ စိတ်ကြွဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ရှာဖွေသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

အားလွန်၏ ခါးတွင်ပတ်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ မူးယစ်ဆေးဝါးရောင်းချရငွေဟု ယူဆရသော ထိုင်းဘတ်ငွေရောရာ (၂၅၃၀)ဘတ်ကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

မူူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အားလွန်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၄၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က) /၂၀(က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~